ရေစကြိုတွင် ရဲတပ်ကြပ် ၁ ဦး လက်နက်ခဲများ နှင့် အတူအလင်းဝင်ရောက်လာ

ပုံအညွှန်း- အလင်းဝင်လာသည့် ရဲတပ်ကြပ် ယူဆောင်လာသည့် လက်နက်များ

ပုံအညွှန်း- အလင်းဝင်လာသည့် ရဲတပ်ကြပ် ယူဆောင်လာသည့် လက်နက်များ

MTO

(မဇ္ဈိမ)။ ။ မကွေးတိုင်း ၊ ရေစကြိုမြို့နယ် နံ့သာဟေဝန် ပန်းခြံတွင် တပ်စွဲထားသည့် စစ်ကောင်စီအဖွဲ့ အတွင်းမှ ရဲတပ်ကြပ် တဦး လက်နက်ခဲယမ်း နှင့်အတူ ရေစကြို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ အလင်းဝင်ရောက်လာကြောင်း ယင်းအဖွဲ့ က ယနေ့ မတ်လ ၁ ရက်နေ့ တွင် သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ညနေပိုင်းတွင် ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံ ဆက်သွယ် အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း ရေစကြို ပကဖ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “၂၉ ရက်နေ့ ညနေ ၄ နာရီလောက်မှ စတင်ချိတ်ဆက်လာတာ ချိတ်ဆက်ပြီးပြီးခြင်းမှာ ညနေ ၅ နာရီလောက်မှာ သူ့ကို ဘေးကင်းကင်း နဲ့ ခေါ်လာနိုင်ခဲ့တာ” ဟုပြောသည်။

အလင်းဝင်လာသည့် ရဲတပ်ကြပ်နှင့်တူ ၎င်းကိုင်ဆောင်သည့် ကာဘိုင်သေနတ်တလက်၊ ကျည် အတောင့် ၁၀၀ ၊ ကျည်ဘောက် နှစ် ခု တို့ကို ကာကွယ်ရေးတပ်ဖွဲ့ ထံ အပ်နှံခဲ့ကြောင်း ရေစကြို ပကဖ အဖွဲ့ ထံက သိရသည်။

လက်ရှိအချိန်တွင် အဆိုပါ ရဲတပ်ကြပ်ကို ဘေးကင်းရာသို့ ပို့ဆောင်ပေးထားပြီး မိသားစု နှင့် ပြန်လည်တွေ့ ဆုံ နေနိုင်နေပြီဖြစ်ကြောင်း ရေစကြို ပကဖ တာဝန်ရှိသူ ကဆိုသည်။

၎င်းက “ သူကအရင်က နေပြည်တော်မှာတာဝန်ထမ်းဆောင်နေရတာ မိသားစု နဲ့ မတွေ့ရတာ သုံးနှစ်လောက်ရှိပြီလို့ ပြောတယ် ။ ဒီကို ပြောင်းလာတာ ငါးလ လောက်ပဲ ရှိသေးတယ် ။ အခု တော့ မိသားစု နဲ့ အတူ နေထိုင်နိုင်နေပြီ” ဟု ၎င်းက ပြောသည်။

ရေစကြို မြို့နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ အရာရှိ ၊ အကြပ် စစ်သည်များအနေဖြင့် လည်း စစ်ကောင်စီ၏မတရားသည့် အမိန့်အောက်တွင် နေထိုင်မည့်အစား ပြည်သူ့ရင်ခွင် ခိုလှုံပြီး လွတ်လပ်စွာနေထိုင်ရန်အတွက် ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံ ဆက်သွယ်အလင်း ဝင်ရောက် ကြရန်လည်း တိုက်တွန်းထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး