နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၅ မတ် ၂၀၂၄)

ပုံအညွှန်း - ယနေ့ချီတက်ခဲ့သည့် သပိတ်အင်အားစုများ / ဓါတ်ပုံ - ရွာပေါင်းစုံသပိတ်ကော်မတီ

အမျိုးသားညီညွတ်ရေး အစိုးရ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ကလေး-သိုင်းငင်းလမ်းမကြီးဘေး၌ အထိုင်ချ တပ်စွဲထားသည့် ရန်သူ၏ သိုင်းငင်းအကြမ်းဖက်စခန်းသိမ်း တိုက်ပွဲ အတ္ငင်း ကျဆုံးရဲဘော်များနှင့် ထိခိုက်ဒဏ်ရာရ ရဲဘော်များအတွက် ထောက်ပံ့ငွေကျပ် ၁၃ သိန်း ပေးအပ်ခဲ့သည့် အမျိုးသားညီ ညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာနအား ကျေးဇူးအထူးတင်ရှိကြောင်း CDF CDM SIYIN က ထုတ်ပြန်အသိပေးသည်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်က အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ကံထူးမရွာ ရဲစခန်းအား အပြီးသတ်သိမ်းပိုက် နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန ၊ပြည်သူ့စစ်ရုံးချုပ်က ထုတ်ပြန်သည်။

အမျိုးသားညီညွတ်​ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနဲ့ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းတို့၌ရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးမှုအစည်းအဝေး ကို မတ် ၄ ရက် မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် စစ်ကိုင်းတိုင်းမှာရှိတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး ကို မတ် ၄ ရက် မွန်းလွဲ ၃ နာရီမှာ ပြုလုပ်ခဲ့ကြသည်။

စစ်ကိုင်းတိုင်း၊ကလေးမြိုနယ်တောင်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးကာ လက်နက်ခဲယမ်းများသိမ်းဆည်းရရှိကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်သည်။

ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ရဲဘော်များက တောင်ပိုင်းစစ်ဒေသ တစ်နေရာ တွင် စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေကြောင်း မတ်လ ၄ တွင် အသိပေးထုတ်ပြန်သည်။ ကမ္ဘာ့ဗီလိန်ဘွဲ့ ခံယူထားတဲ့ ရုရှားအစိုးရနဲ့ အာဆီယံ ဆက်ဆံရေးအတွက် ညှိုနှိုင်းရေးမှူးအသစ် အဖြစ် အကြမ်းဖက် တရားမဝင် မြန်မာစစ်အုပ်စုကို ခန့်အပ်လိုက်ခြင်းအပေါ် Justice For Myanmar (JFM) က ပြင်းထန်စွာ ဝေဖန်လိုက်ပါတယ်။

ရေစကြိုမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် ရေစကြိုမြို့နယ် လူထုသပိတ်တိုက်ပွဲ ဦးဆောင်‌ကော်မတီက တော်လှန်ရေး ရုပ်ရှင်ပြသပြီး နိုင်ငံရေး ဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသမှာ ရက်ပေါင်း ၄၂ရက်တာအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်တွေကြောင့် အရပ်သားပြည်သူ ၄၇ဦး သေဆုံးပြီး ပြည်သူ ၁ သိန်းနီးပါး စစ်ဘေးရှောင်နေရကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး(PYO)မှ ထုတ်ပြန်လိုက်သည်။

ကောလင်းမြို့ပေါ်၌ တပ်စွဲထားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ က ယမန်နေ့ညက ဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြားကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်း၊မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် တွင် စစ်ကောင်စီတပ်စစ်ကြောင်းအား နှစ်ရက် ဆက် တိုက်ခိုက်ခဲ့ကြောင်း Myingyan Black Tiger(MBT)တပ်ဖွဲ့၏ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။
ဖေဖော်ဝါရီ ၂၉ ရက်မှစတင်ကာ မုံရွာမြို့နယ်၊ အရှေ့ပိုင်းရှိ ကျေးရွာများကို အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)နှင့် ကျောက်ဆစ်ပုံ အမြောက်တပ်မှ စစ်ကောင်စီတပ်စစ်ကြောင်းက ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့သည်။

ဘုတလင်မြို့နယ်ရှိ ကျေးရွာတချို့ကို ကျောင်းသား လက်ရုံးတပ်တော် ဆေးအဖွဲ့က သွားရောက်ပြီး ဒေသနေ ပြည်သူ ၁၀၀ ကျော်ကို ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ဗီလိန်ဘွဲ့ ခံယူထားတဲ့ ရုရှားအစိုးရနဲ့ အာဆီယံ ဆက်ဆံရေးအတွက် ညှိုနှိုင်းရေးမှူးအသစ် အဖြစ် အကြမ်းဖက် တရားမဝင် မြန်မာစစ်အုပ်စုကို ခန့်အပ်လိုက်ခြင်းအပေါ် Justice For Myanmar (JFM) က ပြင်းထန်စွာ ဝေဖန်လိုက်သည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ရခိုင်ပြည်နယ်၊ စစ်တွေ- ရန်ကုန် အဝေးပြေး ကားလမ်းမပေါ်ရှိ ပုဏ္ဏားကျွန်းမြို့ကို မတ်လ ၄ ရက်နေ့တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) က ယနေ့တွင် တရားဝင်ကြေညာလိုက်သည်။

ရှမ်းပြည်နယ် ပအိုဝ်းဒေသ ဆီဆိုင်မြို့ကို စစ်ကောင်စီက စစ်ကြောင်းထိုးတိုက်ခိုက်လာ၍ ယမန်နေ့ တစ်နေ့လုံး တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေပြဌာန်းလိုက်၍ ရက္ခိုင့်တပ်တော်(AA) ထိန်းချုပ်နယ်မြေသို့ ထွက်ပြေးတိမ်း ရှောင်လာသည့် လူငယ်များ၊မိသားစုဝင်များရှိနေကြောင်း ရက္ခိုင့်တပ်တော် (AA)က အသိပေးပြီးတိမ်းရှောင်လာသူများကို ကောင်းမွန်စွာ လက်ခံကာ တက်နိုင်သမျှ ကူညီစောင့် ရှောက်ထား သည်ဟု AA ပြောရေးဆိုခွင့်ရှိ သူ ဦးခိုင်သုခက ပြောသည်။

ကချင်ပြည်နယ် မံစီမြို့နယ် စစ်ကောင်စီ​၏ မဂျီဂုံစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) က ယမန်နေ့ (မတ်လ ၃ရက်)တွင် တိုက်ခိုက် သိမ်းပိုက်ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ စွာ သိမ်းဆည်းရရှိခဲ့ပြီး ဟောင်ဝစ်ဇာအမြောက် နှစ်လက်ပါဝင်ကြောင်း ကချင်စစ်ရေး သတင်း ရင်းမြစ်အချို့က ပြောသည်။

စစ်ကောင်စီ

တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်( TNLA) သိမ်းပိုက်ကာ အုပ်ချုပ်ရေးဖော်ဆောင် လျက်ရှိသည့် ရှမ်းပြည်နယ်မြောက်ပိုင်းမှ နမ့်ဆန်၊ နမ္မတူနှင့် မန်တုံမြို့တို့အား စစ်အုပ်ချုပ်ရေး မာရှယ်လော သတ်မှတ်ကြောင်း စစ်ကောင်စီလက်အောက်ခံ မြဝတီရုပ်မြင်သံကြားမှ ယနေ့ မတ်လ ၄ ရက် ညပိုင်းတွင် ကြေညာသည်။

ပြည်တွင်းဆန်​ဈေးထိန်းညှိရန် ပြည်ပဆန်တင်ပို့မှု​လျှော့မည်​ပြောထား​သော ​ဖေ​ဖော်ဝါရီ လအတွင်း တန်ချိန် ၂၆၀,၀၀၀ ​ကျော်တင်ပို့ကာ ပြီးခဲ့သည့် ၁၁ လအတွင်း အများဆုံးဖြစ်ကြောင်း စစ်​ကောင်စီလက်​အောက်ခံ ၊မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်သည်။

ကူမင်းငြိမ်းချမ်းရေးဆွေးနွေးပွဲက ဆွေးနွေးသည့် အချက်အလက်များကို နှစ်ဦးနှစ်ဘက်က ထုတ်ဖေါ်မပြောရန် သဘောတူထားသည့် ဆွေးနွေးပွဲအမျိုးအစား ဖြစ်ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ဗိုလ်ချုပ်‌ဇော်မင်းထွန်းက ပြောသည်။

ပြည်သူ့စစ်မှုထမ်းများလေ့ကျင့်ရေးအလုပ်အဖွဲ့အနေဖြင့် သင်တန်းကျောင်းများကို လျာထား စီစဉ်ဆောင်ရွက်ထားပြီးဖြစ်ကြောင်း အစည်းအဝေး သတင်းထုတ်ပြန်ချက်များအရ သိရသည်။

တရုတ်၊ မြန်မာ ၂ နိုင်ငံလုံးနှင့်သက်ဆိုင်တဲ့ အကျိုးစီးပွားများကို ကာကွယ်သွားမှာ ဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်အောင် လုပ်ပေးသည့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံကို ကျေးဇူး တင်ကြောင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံတွင် မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ကုလ လူ့အခွင့် အရေး ဆိုင်ရာ မဟာမင်းကြီး Volker Turk ၏ ပြောကြားချက်နှင့်အပြန်အလှန်ဆွေးနွေးမှုများကို ကန့်ကွက်ကြောင်း စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၅ ရက်နေ့၌ ထုတ်ပြန်သည်။

မတ် ၅ သုံးသပ်ချက်

စစ်ရှုံးမင်းအောင်လှိုင်တို့အဖွဲ့သည် ‌ ၎င်းတို့စစ်သားတစ်ယောက်မှ မရှိသည့် မြို့များကို စစ်အုပ်ချုပ်ရေး ကြေညာသည်ဟု ပြောဆိုနေသည်ကို ကြည့်ပါက ရယ်စရာကောင်းနေသော်လည်း တဖက်တွင် ယင်းနယ်မြေများကို တရုတ်အားကိုးဖြင့် ထိုးစစ်ဆင်၍သော်လည်းကောင်း တရုတ်အကူအညီဖြင့် သိမ်းထားသည့် အဖွဲ့များထံမှလည်းကောင်း တောင်းယူလာနိုင်သည်။