ရန်ကုန်တွင် YBSယာဉ် မီးလောင်မှုဖြစ်ပွား၊၄ ဦး ထိခိုက်ဒဏ်ရာရရှိ

မဇ္ဈိမ။ ။ ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ဝါဆိုတံတားအဆင်း၌ ယနေ့ မတ်လ ၈ရက် နေ့လယ် ၁၂ နာရီ ဝန်းကျင်အချိန်က YBS ယာဉ်တစီး မီးလောင်မှုဖြစ်ပွားပြီး ခရီးသည်လေးဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

“ခရီးသည်ကတော့ အားလုံးငါးယောက် ထိခိုက်မှုရှိတယ်။ တယောက်ကတော့ ပွန်းပဲ့ပဲဆိုတော့ အဲဒီအနားမှာပဲ လုပ်ပေးလိုက်တယ်။ လေးဦးကိုတော့ဆေးရုံပို့ပါတယ်။ သေဆုံးမှုတော့ မရှိပါဘူး။ အမျိုးသားတဦးပဲ မီးလောင်တဲ့ဒဏ်ရာ ရပါတယ်”ဟု ကူညီကယ်ဆယ်ရေး လုပ်ကိုင်ပေးသူတဦးက မဇ္ဈိိမကိုပြောသည်။

ပုဇွန်တောင်မြို့နယ် ဘက်မှလာသော အိမ်စီးကားနှင့် ဒေါပုံမြို့နယ်ဘက်မှလာသော YBSယာဉ်တို့ တိုက်မိကာ မီးလောင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

ယင်းဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာ ရရှိသူများအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှု ဖြစ်ပွားရာနေရာသို့ ဒေါပုံမြို့နယ် မီးသတ်စခန်းမှ ယာဉ်တစီးနှင့် ပုဇွန်တောင်မြို့နယ် မီးသတ်စခန်မှ မီးသတ်ယာဉ် တစီးတို့ဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ