နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၈ မတ် ၂၀၂၄)

အမျိုးသားညီညွတ်ရေး အစိုးရ

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက ဦးဆောင်ပြီး တော့ မန္တလေးတိုင်းတွင်ရှိသည့် မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ဝင်များကို Office Management Skill Training ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း မှာရှိသည့် ခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး ကို မတ် ၇ ရက် ညနေ ၃ နာရီမှာ ပြုလုပ်ခဲ့သည်။

စုစည်းပြီး ခိုင်မာစနစ်ကျတဲ့ အုပ်ချုပ်ရေး ယန္တရားထူထောင်နိုင်ရေးကို အလေးအနက်ထား ဝိုင်းဝန်းလုပ်ဆောင်ပေးကြရန် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး ပြည်ထောင်စုဝန်ကြီးချုပ် ပြောသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ တစ်လအတွင်း နိုင်ငံတဝန်းတိုက်ပွဲဖြစ်ပွားနေသည့် ပဋိပက္ခဒေသများ ထဲတွင် အမျိုးသမီးအယောက် ၃၀ သေဆုံးခဲ့ကြောင်း မြန်မာအမျိုးသမီးသမဂ္ဂ (BWU)က ထုတ်ပြန်လိုက်သည်။
ကရင်ပြည်နယ်၊မြဝတီမြို့၊သင်္ကန်းညီနောင်တွင် ယနေ့ဖြစ်ပွားသောတိုက်ပွဲ၌ စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတဦးသေဆုံးကာ နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

စစ်အာဏာသိမ်းမှုကို တွန်းလှန်ဆန့်ကျင်ရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည့် မြန်မာအမျိုးသမီးများ၏ ရဲစွမ်းသတ္တိကို အသိအမှတ်ပြုပြီး အမျိုးသမီးများနှင့် မိန်းကလေး ငယ်များကို စွမ်းရည်မြှင့်တင်ရန် သန္နိဌာန်များ ဆက်လက်ခိုင်မာစွာရှိနေကြောင်း နိုင်ငံ ၆ နိုင်ငံမှ သံရုံးအကြီးအကဲများက ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီ​၏ မန္တလေးမြို့အဝင်၊အထွက် မှတ်တမ်းတင် စောင့်ကြည့် CCTV ကင်မရာအထိုင်စက် အား ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း အောင်စည်တော် AST-MDY- ရွှေတောင်ပံ စစ်ဆင်ရေး၏ တာဝန်ရှိသူက ပြောသည်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အကြမ်းဖက်စစ်တပ် ကင်းပုန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ် ကောင်စီတပ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Danger Force LPDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုကျေးရွာမှ စစ်တပ်လက်အောက်ခံ ပျူစောထီးအဖွဲ့ကို တိုက်ခိုက်ရာတွင် ပျူစောထီး ၃ ဦးသေဆုံးခဲ့ကြောင်း Hero Fighter Salingyi (အထူးတပ်ရင်း)မှ သိရသည်။
ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ်စစ်ကြောင်း ဦးဆောင်ကာ စ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်တွင် အောင်လံလွှင့်မည် ရွှေရေကြည်သပိတ်စစ်ကြောင်းနှင့် ပြည်သူများ ပူးပေါင်းကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မတ်လ ၈ ရက်နေ့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊အင်မထီးပျူရွာသို့ ရိက္ခာပို့ပြီး ပြန်ထွက်လာသည့် စစ်ကောင်စီနှင့် ပျူ‌စောထီးပူးပေါင်းစစ်ကြောင်းအားတိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံးသွားကြောင်း Southern YSO PDF က သတင်းထုတ်ပြန်သည်။

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ဝင်းဝစစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း T5 Wings မှ သိရသည်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ၊မေတ္တာမြို့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်သည်ဟု ဒေသခံထံမှ သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်း။ဒေသတွင် အကြမ်းဖက်စစ်ကောင်စီက ပအိုဝ်းအမျိုးသားဝတ်စုံကို စစ်ယူနီဖောင်းအဖြစ် အသုံးပြုပြီး စစ်ကြောင်းထိုးနေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(PNLA) က ထုတ်ပြန်လိုက်သည်။

ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသ၊ ဆီဆိုင်မြို့ကို မတ်လ ၆ ရက်၌ အကြမ်းဖက်စစ်ကောင်စီက ဒရုန်းနှင့်ဓာတုအဆိပ်ငွေ့ဗုံး သုံးပြီး တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(PNLA)မှ ထုတ်ပြန်လိုက်သည်။

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်မြို့သစ်တွင် ပြင်းထန်တိုက်ပွဲဆက်လက်ဖြစ်ပွား နေပြီး စစ်ကောင်စီ၏ခမရ (၃၅၅) ကို KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ရရှိကြောင်း သတင်းထွက် နေသည်။

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၏ ကချင်ဒေသတွင် ထိုးစစ်ဆင်နေသော တိုက်ပွဲများတွင် မဟာမိတ်အနေဖြင့် ရက္ခိုင့်တပ်တော် (AA) ၏ တပ်ဖွဲ့ဝင်များ ပါဝင်တိုက်ခိုက်နေပြီး ရခိုင်ရှိ လက်ကျန်စစ်ကောင်စီ တပ်ခန်းများကို သိမ်းပိုက်နိုင်ရန်လည်း ဆက်လက်ကြိုးပမ်းနေကြောင်း AA က မတ်လ ၇ ရက်နေ့တွင် ထုတ်ပြန်သည်။

ပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်း စီးလာသောကားကို KIA က တိုက်ခိုက်ရာ ပြည်သူ့စစ်ခေါင်း ဆောင် ဦးရွှေမင်း နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း KIA ရှေ့တန်း သတင်းရင်းမြစ်က မဇ္ဈိမကို အတည်ပြုသည်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန် မြို့နယ်ခွဲ အခြေစိုက် စစ်ကောင်စီ၏ ခလရ(၁၄၂) တပ်ရင်း တစ်ခုလုံး ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ထံ လက်နက်ချ အညံ့ခံခဲ့သည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်း ရင်းသားလူမျိုးတိုး တက်ရေးဦးစီး ဌာနရုံး လုံခြုံရေးယူထားသော ရဲအရာရှိ ၁ ဦးနှင့် ရဲတပ်သား ၄ ဦးကို လက်နက်များ နှင့်အတူ ဖမ်းဆီးရရှိကြောင်း CDF-ဟားခါးက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ

ဗန်းမော်တက္ကသိုလ်မှ ဆရာ၊ဆရာမများနှင့်ဝန်ထမ်းများအပါအဝင် ကျောင်းသူ၊ကျောင်းသားများကို စစ်ကောင်စီက နေရာပြောင်းရွှေ့ခိုင်းလိုက်ပြီး တက္ကသိုလ်ဝင်းအတွင်း တပ်စွဲလိုက်ကြောင်း မြို့ခံ သတင်း ရင်းမြစ်များက ပြောသည်။

ဧရာဝတီတိုင်း ၊ ဘိုကလေးမြို့တွင် မြို့မရဲစခန်းမှူးနှင့် အဖွဲ့သည် ဒေသခံများထံက တဦးလျှင် ငွေကျပ် ၁၀ သိန်းစီ ငွေညှစ်တောင်းယူနေကြောင်း ဒေသခံများက ပြောသည်။

အရည်အသွေးကောင်းသော (A)အဆင့်ရှိဝါများပြောင်းလဲ စိုက်ပျိုးနိုင် ရန်လို ကြောင်း စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင် က ပြောသည်။

ဝါအထွက်နှုန်းတွေ တိုးတက်စေရေး ဦးစားပေးဆောင်ရွက်သွားရမည်ဖြစ်သည့်အတွက် ရည်မှန်းချက်များချမှတ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီကို နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ပြုလိုက်ကြောင်း စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ကြေညာသည်။

စစ်ကိုင်းမြို့မှာ မတ်လ၆ရက်က ဖမ်းမိခဲ့သည့် ရဲမျိုးသိန်း(ခ)ငမျိုးတို့အုပ်စုဟာ မတ်လ၅ရက်က အလုံမြို့နယ်တွင် အထက်တန်းရှေ့နေတစ်ယောက်ကို ဓားဖြင့်ခုတ်ပြီး လုယက်မှုကျူးလွန်ခဲ့ကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

မတ် ၈ သုံးသပ်ချက်

စစ်အာဏာရှင်ကိုတော်လှန်နေသည့် နွေဦးတော်လှန်ရေးအတွက် အမျိုးသားများနည်းတူ အမျိုးသမီးများ လည်း တန်းတူပါဝင်နေသည်ကိုတွေ့ရသည်။ယင်းသို့တော်လှန်ရာတွင် တိုင်းပြည်နှင့် ဒီမိုကရေစီအရေး အတွက် အသက်စွန့်သွားရသည့် အမျိုးသမီးများစွာရှိနေပြီး ၎င်းတို့ကိုလည်း အမေ့မလျှော့ အသိမှတ် ပြုရမည်ဖြစ်သည်။