ရေစကြိုမြို့နယ်ထဲက Non-CDM တွေ မတ်လကုန်နောက်ဆုံးထားပြီးထွက်ခွာသွားဖို့ ပအဖကြေညာ

MTO

မဇ္ဈိမ။ ။မကွေးတိုင်း၊ရေစကြိုမြို့နယ်က Non-CDM ဝန်ထမ်းတွေအနေနဲ့ မတ်လ ၃၁ ရက်နေ့ မနက် ၁၁ နာရီနောက်ဆုံးထားပြီး မြို့နယ်အတွင်းကထွက်ခွာသွားဖို့နဲ့ သတ်မှတ်ချိန်အတွင်း ထွက်ခွာသွားခြင်းမရှိတဲ့သူတွေကို အရေးယူမယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ Non CDM ဝန်ထမ်းတွေကို ပြည်သူနဲ့ပူးပေါင်းဖို့ အကြိမ်ကြိမ်အခွင့်အရေး ပေးခဲ့ပြီးကြောင်းနဲ့ အခုအခါမှာတော့ ပြည်သူ့ဘက်တော်သားတွေရဲ့ လုံခြုံဘေးကင်းရေးအတွက် အရေးယူသွားဖို့ ဆောင်ရွက်ရတာဖြစ်တယ်လို့ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင်ရဲဘော်ဝေကြီးက ပြောပါတယ်။ ဒါ့အပြင် Non CDM တွေမှာ လူထုရဲ့စစ်အာဏာရှင်ဖြုတ်ချရေးတိုက်ပွဲမှာ ကြီးမားတဲ့အတားအဆီးဖြစ်နေတယ်လို့ အကြမ်းမဖက်အာဏာဖီဆန်ရေးမှာပါဝင်နေတဲ့ CDM ဝန်ထမ်းတွေက ဆိုပါတယ်။

သတင်း — MTO
တည်းဖြတ် ၊ တင်ဆက် — MTO