AA ဆန့်ကျင်ကြောင်း ရိုဟင်ဂျာတွေ ဆန္ဒထုတ်ဖော်မှု စစ်ကောင်စီဖိအားကြောင့်ဟုဆို(ရုပ်သံသတင်း)

ရောင်နီ

(မဇ္စျိမ)။ ။ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့နယ်မှာ AA အလိုမရှိ၊တိုက်ပွဲအလိုမရှိစာသားတွေ ကိုင်ဆောင်ပြီး ရိုဟင်ဂျာတွေက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီလိုဆန္ဒထုတ်ဖော်တာရဲ့ နောက်ကွယ်မှာ ဘူးသီးတောင်မြို့အခြေစိုက်၊ စစ်ဆင်ရေးကွပ်ကဲဲမှုဌာနချုပ် စကခ(၁၅)က နောက်ကွယ်ကနေ ဖိအားပေးတာတွေ ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရခိုင်ပြည်နယ်မှာနေထိုင်တဲ့ လူမျိုးစုတွေကြား သဟဇာတဖြစ်လာပြီး ယုံကြည်မှုတွေပိုရလာတဲ့အချိန် စစ်ကောင်စီရဲ့လှည့်ကွက်တွေမှာ ပါဝင်နေတဲ့ ရိုဟင်ဂျာတွေကို ရက္ခိုင့်တပ်တော်(AA)အနေနဲ့ ဘယ်လိုမြင်ပြီး ဘယ်လိုကိုင်တွယ်လာမှာလဲဆိုတာကို စိုးရိမ်တယ်လို့ ဘူးသီးတောင်မြို့ဒေသခံအချို့က ပြောသလို ဒေသတွင်းနေထိုင်တဲ့သူတွေကြား နားလည်မှုလွဲမှာကို စိုးရိမ်မိကြောင်းလည်း ရိုဟင်ဂျာအရေးဆောင်ရွက်နေတဲ့ရိုနေဆန်းလွင်က ပြောပါတယ်။

သတင်းတင်ဆက် – ရောင်နီ
တည်းဖြတ် – Su Lay