မိုးမောက်က စစ်တပ်၏ အမြောက်တပ်ရင်း ကို KIA သိမ်းပိုက်

မိုးမောက်အခြေစိုက် စစ်ကောင်စီအမြောက်တပ် (၃၇၀) ကို KIA နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်‌ေကြာင်း KIA သတင်းရင်းမြစ်များက အခိုင်အမာဆိုသည်။

ထိုစစ်ကောင်စီ စခန်းကို ယနေ့ မတ်လ ၂၃ ရက် နံနက် ၇ နာရီလောက်ကတည်းက အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်‌ေကြာင်း သိရသည်။

ကုန်းလောကျေးရွာအနီးရှိ နောင်ဂေါန် (Nawng Gaw ng Mare) ကျေးရွာတွင် အခိုင်အမာ တပ်စွဲအထိုင်ချထားသည့် ထိုအမြောက်တပ်ကို ပြီးခဲ့သည့် မတ်လ ၂၁ ရက်နေ့ကတည်း စတင်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း KIA ရှေ့တန်းအရာရှိက အခုလိုဆိုသည်။

“ ဒီမနက်က ခဏပဲ တိုက်ခိုက်တာရသွားပြီ။ အသေးစိတ်တော့ ပြောလို့မရသေးဘူး။ တိုက်နေတာ ရှိသေးတော့လေ ” ဟု KIA သတင်းရင်းမြစ်က ပြောသည်။

ဒေသအခေါ်  နောင်ကွန်အမြှောက်တပ်ရင်း အ.မ.တ( ၃၇၀ ) သည်  မိုးမောက်မြို့နယ်ထဲရှိ စစ်တပ်၏အကြီးဆုံး အမြှောက်တပ်ဖြစ်ပြီး ဒေါ့ဖုန်းယန်အောက်ဘက်  နွမ်လန့်၊ မြို့သစ်၊ ကုန်းလော၊ စလောင်းကုန်း၊ စီဟတ် အစရှိသောနေရာများရှိ စစ်ကောင်စီ တပ်စခန်းနေရာတွေကို အဓိက လုံခြုံရေးယူပေးနေသည့် အ မြောက်တပ်ရင်းကြီးလည်း ဖြစ်သည်။

မြစ်ကြီးနား – ဗန်းမော်လမ်းရှိ မိုးမောက်မြို့နယ်မှ စစ်ကောင်စီတပ်စခန်းသုံးခုကို တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့ရာမှ နွမ်းလန်းကျေးရွာရှိ စစ်ကောင်စီခြေမြန်တပ်ရင်း (ခမရ – ၄၃၈) နှင့် နောင်ကွမ်ကျေးရွာမှ လက်နက် ကြီးတပ်ရင်းစခန်း (၆၁၆) ကို မတ်လ ၂၁ ရက်နေ့ ညပိုင်းက သိမ်းပိုက်ရရှိထားပြီ ဖြစ်သည်။

လက်ရှိအချိန်တွင် မြို့သစ်ကျေးရွာနှင့် တမိုင်ခန့်အကွာရှိ တာဝါတိုင်ကုန်း(စလောင်းကုန်း) တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း KPDF တပ်ဖွဲ့ဝင်များက အတည်ပြုထားသည်။

မဇ္ဓျိမ၏မြေပြင်သတင်းအဖွဲ့ကလည်း လက်ရှိဖြစ်နေသော မြေပြင်အခြေအနေကို ဆက်သွယ်စုံစမ်းနေဆဲ ဖြစ်သည်။

တာဝါတိုင်ကုန်း(စလောင်းကုန်း) ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဧပြီလက KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး မေလတွင် တပ်ဆုတ်ခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး