အညာဒေသမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံ လူငယ်တွေ ပူးပေါင်းလာ(ရုပ်သံသတင်း)

MTO

(မဇ္ဈိမ)။ ။ စစ်ကောင်စီက အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းမှာရှိတဲ့ နိုင်ငံသားတွေကို အနည်းဆုံး နှစ် နှစ် မဖြစ်မနေစစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးတော့မှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ကြေညာခဲ့ပါတယ်။

ဒီလိုကြေညာချက်ထုတ်ပြန်ပြီး တလနီးပါကြာချိန်မှာတော့ လူငယ်တွေဟာ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့ တွေဆီ ဆက်သွယ်ပူးပေါင်းတာတွေလုပ်ဆောင်နေပြီး အညာဒေသက တော်လှန်ရေးတပ်ဖွဲ့တွေထံ ပူး ပေါင်းမှုတွေ များလာနေတယ်လို့ သိရပါတယ်။

ရေစကြိုမြို့နယ်နဲ့ မြင်းခြံမြို့နယ်တွေမှာအခြေစိုက်ထားတဲ့ Myingyan Black Tiger အဖွဲ့ထံ တော်လှန် ရေးတပ်ဖွဲ့ဝင်တွေ အဖြစ်ပါဝင်ဆောင်ရွက်ဖို့ ပူးပေါင်းလာတဲ့ လူငယ် ၅၀ ကျော်လောက်ရှိပြီး အခုအခါမှာ စစ်သင်တန်း စတင်ပို့ချနေပြီဖြစ်တယ်လို့ အဖွဲ့ခေါင်းဆောင်ဗိုလ်မိုက်ခဲက မဇ္ဈိမကို ပြောပါတယ်။

သတင်း — MTO
တည်းဖြတ် ၊ တင်ဆက် — MTO