မော်စကို တိုက်ခိုက်ခံရမှုအပြီး ရုရှား-ပါရာဂွေး ခြေစမ်းပွဲ ဖျက်သိမ်း

By PKThawn

မော်စကို ဖျော်ဖြေပွဲရုံ တိုက်ခိုက်မှုအတွင်း လူ ၉၀ ကျော် သေဆုံးခဲ့ရပြီးနောက် တနင်္လာနေ့မှာ ကစားမယ့် ပါရာဂွေးနဲ့ ရုရှားရဲ့ခြေစမ်းပွဲကို ဖျက်သိမ်းလိုက်တယ်လို့ ရုရှားဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

အဆိုခြေစမ်းပွဲကို တနင်္လာနေ့ 1700 GMT မှာ မြို့တော်ရှိ ဒိုင်နမိုမော်စကိုရဲ့ အားကစားကွင်းမှာ ကစားဖို့ စီစဉ်ခဲ့တာပါ။

“တိုက်ခိုက်ခံရပြီးနောက်” ရုရှားနဲ့ ပါရာဂွေးတို့ရဲ့ ဘောလုံးအဖွဲ့ချုပ်တွေက “ချစ်ကြည်ရေးခြေစမ်းပွဲကို ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တယ်”လို့ ထုတ်ပြန်ချက်မှာ ပြောပါတယ်။

ပွဲစဉ်ကို နောက်ပိုင်းရက်တွေမှာ ပြန်လည်စီစဉ်ဖြစ်နိုင်ဖွယ်ရှိတယ်လို့ အဖွဲ့ချုပ်က ပြောပါတယ်။

ဆိုဗီယက်ခေတ်ရော့ခ်ဂီတအဖွဲ့ Piknik ရဲ့ ရှိုးပွဲမတိုင်ခင် သောကြာနေ့က မော်စကိုဖျော်ဖြေပွဲရုံတခုမှာ သေနတ်သမားတွေက ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၉၃ ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်သူ လေးဦးအပါအဝင် လူ ၁၁ ဦးကို ဖမ်းဆီးထားတယ်လို့ ရုရှားက စနေနေ့က ပြောပါတယ်။

အဆိုပါ တိုက်ခိုက်မှုအတွက် အိုင်အက်စ်အဖွဲ့မှ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

(AFP)