တန့်ဆည်၊ရေဦးနဲ့ခင်ဦးနယ်ရောက် စစ်ကောင်စီစစ်ကြောင်းအန္တရာယ်(ရုပ်သံ)

MTO

စစ်ကိုင်းတိုင်း၊တန့်ဆည်၊ရေဦးနဲ့ခင်ဦးမြို့နယ်ကိုစစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီနဲ့ပျူပူးပေါင်းတပ်ဖွဲ့က သုံးရက်အတွင်းမှာ သက်ကြီးရွယ်အိုတဦးအပါအဝင် ပြည်သူငါးဦးနဲ့ကာကွယ်ရေးရဲဘော်နှစ်ဦးကို သတ်ဖြတ်သွားတယ်လို့ ရေဦးမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ကပြောပါတယ်။

အင်အား ၁၅၀ ထက်မနည်းပါတဲ့ အဲဒီစစ်ကြောင်းဟာ ရွာတွေကို မီးရှို့ဖျက်ဆီးနေပြီး အရပ်သားတွေကို ပစ်မှတ်ထားအကြမ်းဖက်သတ်ဖြတ်နေတယ်လို့ ရေဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်အမျိုးသမီးတဦးက သတိပေးပါတယ်။

သတင်းတင်ဆက်/တည်းဖြတ် -MTO