ငဖဲမြို့နယ်ရှိ တရုတ်​ရေနံပိုက်လိုင်းစခန်းမှ စစ်​ကောင်စီတပ်ဖွဲ့ ရိက္ခာ​ပြတ်လပ်​

ဓါတ်ပုံ-AFP ( ပုံ​ဟောင်း)

ဓါတ်ပုံ-AFP ( ပုံ​ဟောင်း)

ဓါတု

(မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်-မကွေးတိုင်းနယ်စပ် ငဖဲမြို့နယ်၊ တုံးကြီး​ကျေးရွာရှိ တရုတ်​-မြန်မာသဘာဝဓါတ်​ငွေ့ပိုက်လိုင်းအား လုံခြုံ​ရေးယူသည့် ဂိတ်စခန်းတခုမှ စစ်​ကောင်စီတပ်ဖွဲ့မှာ ရိက္ခာ​ပြတ်လပ်​နေသဖြင့် ဂိတ်​ရှေ့ဖြတ်သန်းသွားလာသည့် ကုန်ပစ္စည်းပို့​ဆောင်သည့်ယာဥ်များထံမှ ရိက္ခာများ​တောင်းယူ​နေ​ကြောင်း ​ဒေသခံသတင်းရင်းမြစ်ထံက သိရသည်။

မ​ကွေးတိုင်း မင်းဘူးမြို့နှင့် ရခိုင်ပြည်နယ်၊ အမ်းမြို့သို့သွားလာသည့်လမ်းမ​အနီး အဆိုပါဂိတ်စခန်းမှ အရပ်ဝတ်ဖြင့် ကင်းပုန်းဝပ်လုံခြုံ​ရေးယူသည့် စစ်​ကောင်စီတပ်ဖွဲ့မှ ၎င်းတို့တွင်ရိက္ခာပြတ်လပ်​နေသည်ဟုဆိုကာအရပ်သားကုန်တင်ယာဥ်များထံ​မှ တောင်းခံနေခြင်းဖြစ်​ကြောင်း နီးစပ်သည့်​ဒေသခံတဦးက မဇ္စျိမကို​ပြောသည်။

“မင်းဘူးက​​နေ အမ်းကိုကုန်ပစ္စည်းပို့တဲ့ ကုန်တင်ကားပိုင်ရှင် ကိုယ်တိုင်​ပြောတာ၊ မ​နေ့က ဖြတ်သွားတဲ့ကား​တွေကို ​သေနတ်ကိုင်အရပ်ဝတ်နဲ့ ကင်းပုန်း​တွေအဖွဲ့က စစ်ဆေး​တော့ ကား​ပေါ်​ငွေ​တောင်းတာမဟုတ်ဘူး၊ စားစရာပြတ်လပ်​နေလို့ ယမ်ယမ်​ခေါက်ဆွဲခြောက်ဘူး ရှစ်ဖာကိုယူသွားတယ်။ အစက ရုတ်တရက် အရပ်ဝတ်ဆို​တော့ PDF ထင်တာ ​နောက်မှ ကံမြင့်ကန်ဂိတ်က ပူး​ပေါင်းတဲ့တပ်ဖွဲ့ဖြစ်​နေတာ ​”ဟု ၎င်းက​ပြောသည်။

ယ​နေ့ မတ်လ ၃၀ ရက် ​နေ့လည် ၁၁နာရီ​တွင်မူ ယင်းငဖဲမြို့နယ်အနီးတဝိုက်တွင် တိုက်ပွဲဖြစ်​​နေသည်ဟုဆိုကာ အမ်းမြို့မှမင်းဘူးမြို့သို့ သွားမည့်ယာဥ်များကို စစ်​ကောင်စီမှ လာရာလမ်းအတိုင်း လှည့်ပြန်ခိုင်း​နေ​ကြောင်း ခရီးသည်များထံက သိရသည်။

အဆိုပါဂိတ်စခန်းတွင် ယခင်က လုံခြုံရေးယူ​နေ​သော စစ်​ကောင်စီတပ် အင်အား ၆၀ ခန့်ရှိပြီး ယမန်​နေ့ မတ်လ ၂၉ ရက် ည​နေ ၃ နာရီတွင် လက်နက်ကြီး​ကျည် ကျရောက်​ပေါက်ကွဲမှု​ကြောင့် မီး​လောင်ပျက်စီးသွား​သော အမ်းမြို့နယ်ရှိ ကံမြင့်ကန်ပူး​​ပေါင်းစစ်ဆေးရေးဂိတ်မှ ရဲအပါအဝင်စစ်​ကောင်စီတပ်သား ၃၂ ဦးမှာ လာ​ရောက်ပူး​ပေါင်းသဖြင့် စုစု​ပေါင်း အင်အား ၉၂ဦး ရှိပြီဖြစ်ကြောင်း တပ်နှင့်နီးစပ်သည့်သတင်းရင်းမြစ်ထံက သိရသည်။

ယင်း ကံမြင့်ကန်စစ်​ဆေး​ရေးဂိတ်တွင် တာဝန်ကျနေသည့် အမ်းမြို့အမှတ် (၃၇၃) ​ခြေမြန်တပ်ရင်းမှ ဗိုလ်ကြီး ရဲရင့်ကဦး​​​ဆောင်၍ ရဲဘက်တွင် ဒုရဲအုပ်မျိုးဝင်းဦးက ကြီးကြပ်တာဝန်ယူထားခြင်း ဖြစ်သည်။

ရက္ခိုင့်တပ်​တော်(AA)နှင့်ထိ​တွေ့တိုက်ပွဲဖြစ်ပွား​နေစဥ် စစ်​ကောင်စီ၏အမ်းမြို့အ​ခြေစိုက် အမြောက်တပ်မှ လက်နက်ကြီးပစ်ကူဖြင့် လှမ်းပစ်ရာ ကံမြင့်ကန်ပူး​​ပေါင်းစစ်ဆေးရေးဂိတ်ကို ကျရောက်ပေါက်ကွဲခြင်းဖြစ်​ကြောင်း ယင်းဂိတ်တွင်တာဝန်ကျသည့်သူနှင့် နီးစပ်သူတဦး၏အဆိုအရ သိရသည်။

“မ​နေ့က ကံမြင်ကန်က အမ်းမြို့ရခိုင်အစပ် မ​ကွေးတိုင်းထဲကို ကားမှတ်တိုင်နဲ့ဆို တမှတ်တိုင်​​လောက်ပဲရှိတယ်၊ ဂိတ်မီး​လောင်​တော့ မ​ကွေးဘက်က စစ်​ကောင်စီစခန်းဘက်ဝင်​ပြေးပြီး အင်အားသွားပူး​ပေါင်းတာ”ဟု ၎င်းကဆိုသည်။

ယမန်​နေ့က အဆိုပါဂိတ်တွင် မီးခိုးများလှိုက်တက်​နေသည်ကို​ မြင်တွေ့ရ​ကြောင်း ကားဖြင့်ဖြတ်သန်းခဲ့သည့် မျက်မြင်​ဒေသခံတဦးက ဆိုသည်။

လက်ရှိအ​ခြေအ​နေအရ ယ​နေ့မတ်လ ၃၀ ရက်အထိ ငဖဲမြို့နယ်တွင် တိုက်ပွဲများဖြစ်ပွား​နေဆဲဟု​ဒေသခံများက ဆိုသည်။

အဆိုပါ ရခိုင်ပြည်နယ်နှင့်မ​ကွေးတိုင်း၏ ထိစပ်နယ်နိမိတ် အရှေ့မြောက်ဘက် မီတာ ၁,၅၀၀ ခန့်အကွာတွင် ပြီးခဲ့သည့် မတ်လ ၂၆ ရက်နံနက်ပိုင်း၌ စစ်​ကောင်စီတပ်ဖွဲ့နှင့် ထိ​တွေ့တိုက်ပွဲစတင်ခဲ့​ကြောင်း ရက္ခိုင့်တပ်​တော်(AA)မှ သတင်းထုတ်ပြန်ထားသည်။

ယင်း ငဖဲမြို့နယ်တိုက်ပွဲများတွင် လက်နက်ခဲယမ်းများသိမ်းဆည်းရမိသည့်အပြင် စစ်​ကောင်စီတပ်သားစုစု​ပေါင်း ၁၀ ဦး​သေဆုံး၍ ၁၈ ဦးဒဏ်ရာရရှိ​ကြောင်း ယမန်​နေ့မတ်လ ၂၉ ရက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လတ်တ​လောအ​နေအထားအရ ရက္ခိုင့်တပ်​​​တော်(AA)နှင့်စစ်​ကောင်စီတပ်တို့၏ နှစ်ဘက်ထိ​တွေ့တိုက်ပွဲမှာ ရခိုင်ပြည်နယ်ရှိ ဘူးသီး​​တောင်၊​ မောင်​တောနှင့် အမ်းမြို့နယ် အ​နောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီး လုံး​ကျေးရွာတို့တွင် တိုက်ပွဲများပြင်းထန်​နေပြီး မ​ကွေးတိုင်း ငဖဲမြို့နယ်အထိ AA ၏ ထိုးစစ်အရှိန်မှာ စိမ့်ဝင်ထိုး​ဖောက်လျက်ရှိသည်။

စာတည်း – သန့်ဇော်(သန်လျင်)