NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်နှင့် ဆက်သွယ်မေးမြန်းချက်

စစ်မှုမထမ်းလိုသူတွေအတွက် NUG ရဲ့ပြည်သူ့ရေးရာဝန်ဆောင်မှုက ဘာတွေ ဆောင်ရွက်ပေးမလဲ

ရွှေနွယ်(မဇ္ဈိမ)။ ။အမျိုးသားညီညွတ်ရေးအစိုးရက မတ်လ ၃၀ ရက်နေ့မှာ “စစ်ကောင်စီရဲ့ အဓမ္မစစ်သားစုဆောင်းမှုလုပ်ရပ်နဲ့ ပတ်သက်၍ တိုင်ကြား၊ စုံစမ်း၊ အကြံဉာဏ်ရယူနိုင်သည့် ပြည်သူ့ရေးရာဝန်ဆောင်မှု” ကို ကြေညာလိုက်ပါတယ်။

NUG ကဘယ်လိုအကူအညီမျိုးတွေ ပေးမှာလဲ။ လက်ရှိမှာရော ဆက်သွယ်လာသူတွေက ဘယ်လိုအကူအညီတွေ တောင်းခံနေကြလဲ ဆိုတာတွေနဲ့ပတ်သက်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်ကို မဇ္ဈိမသတင်းထောက် ရွှေနွယ်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။