ရေမျက်နီကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့၊ နေအိမ် ၃၀၀ ခန့် မီးလောင်

ပုံအညွှန်း။ ။ ယနေ့ ဧပြီ၃ရက်နေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်များ မီးတင်ရှို့နေသော ရေမျက်နီကျေးရွာမြင်ကွင်း(ဓာတ်ပုံ။ ။ CJ)

ပုံအညွှန်း။ ။ ယနေ့ ဧပြီ၃ရက်နေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်များ မီးတင်ရှို့နေသော ရေမျက်နီကျေးရွာမြင်ကွင်း(ဓာတ်ပုံ။ ။ CJ)

ကိုခင်မောင်

(မဇ္စျိမ)။ ။မကွေးတိုင်း၊ ထီးလင်းမြို့နယ်၊ ရေမျက်နီကျေးရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် က မီးရှို့သဖြင့် နေအိမ် ၃၀၀ ခန့်မီးလောင်နေဖြစ်ကြောင်း Yaw Revolution Army – Htilin (YRA) တာဝန် ရှိသူထံမှ သိရသည်။

ဧပြီလ ၃ ရက် ယနေ့ နံနက်ပိုင်းတွင် ရေမျက်နီကျေးရွာသို့ရောက်ရှိလာသော စစ်ကောင်စီတပ်များနှင့် ပျူစောထီးဆိုသူများက ရွာကို တောင်မြောက်ညှပ်မီးရှို့ခြင်းဖြစ်ပြီး လေတိုက်ကာ နေ့အပူချိန်မြင့်တက် နေသည့်အတွက် ရွာရှိအိမ်ခြေထက်ဝက်ခန့် မီးလောင်ကျွမ်းနေကြောင်း YRA (ထီးလင်း)တာဝန်ရှိသူက မဇ္စျိမကိုပြောသည်။

“ဒီနေ့မနက်ပိုင်းက ရေမျက်နီရွာထဲကို လက်နက်ကြီးငယ်တွေ ပစ်ဖောက်ဝင်လာပြီး အိမ်တွေကို မီးတင် ရှို့တာပါ။ ရေမျက်နီရဲစခန်းကိုလာတိုက်ရင် အကာအကွယ်မရှိအောင် ရှင်းတဲ့သဘောလဲပါမှာပါ။ ပြီးတော့ စစ်ကြောင်းထွက်လာတုန်း လမ်းမှာတိုက်ခိုက်ခံရလို့လည်း ရွာကိုမီးရှို့တာဖြစ်နိုင်တယ်” ဟု YRA (ထီးလင်း) တပ်ဖွဲ့ တာဝန်ရှိသူမှ မဇ္စျိမကိုပြောသည်။

ပုံအညွှန်း။ ။ ယနေ့ ဧပြီ၃ရက်နေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်များ မီးတင်ရှို့နေသော ရေမျက်နီကျေးရွာမြင်ကွင်း(ဓာတ်ပုံ။ ။ CJ)

ကျောမြို့ ကပစ(၂၃)မှ အင်အား ၇၀ ခန့်ပါစစ်ကြောင်းသည် ရေမျက်နီကျေးရွာဘက်သို့ ဧပြီလ ၁ ရက်နေ့ မှစ၍ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ပြီး ယနေ့ ဧပြီလ ၃ ရက်နေ့ နံနက်ပိုင်းတွင် ရေမျက်နီ ရဲစခန်း သို့ အင်အား ၃၀ ခန့်ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

ကျန်ရှိနေသော စစ်ကောင်စီတပ်သားများသည် ရေမျက်နီကျေးရွာအနီးပတ်ဝန်းကျင်တွင် ကင်းပုန်းဝပ်နေ ကြပြီး ရဲစခန်းရှိ ဒဏ်ရာရ စစ်ကောင်စီတပ်သားများအား လာရောက်ခေါ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များမှ သုံးသပ်သည်။

ပုံအညွှန်း။ ။ ယနေ့ ဧပြီ၃ရက်နေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်များ မီးတင်ရှို့နေသော ရေမျက်နီကျေးရွာမြင်ကွင်း(ဓာတ်ပုံ။ ။ CJ)

ဂန့်ဂေါ-မန္တလေးကားလမ်းမကြီးပေါ်ရှိ အိမ်ခြေ ၆၀၀ ခန့်ရှိသော ရေမျက်နီကျေးရွာသည် ကျောမြို့ ကပစ (၂၃)မှ ရှစ်မိုင်ခန့်ကွာဝေးပြီး ထီးလင်းမြို့မှ ၂၈ မိုင်ခန့် အကွာတွင်တည်ရှိသည်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များမှ ရေမျက်နီရဲစခန်းသို့ ရိက္ခာရသောနိုင်လမ်းကြောင်းများအား ပိတ် ဆို့ဖြတ်တောက်ထားလျက်ရှိရာ ကျောမြို့ ကပစ(၂၃) မှ စားနပ်ရိက္ခာများအား မြေပြင်စစ်ကြောင်းမှ ပေးပို့ လျက်ရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ရေမျက်နီရဲစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ သိမ်းပိုက်လုနီး ပါးရှိနေချိန် စစ်ကောင်စီတပ်မှမြေပြင်စစ်ကူရောက်ရှိလာခြင်းကြောင့် မဟာမိတ်ပူးပေါင်းတပ်များ နောက် ဆုတ်ပေးခဲ့ရကြောင်း သိရသည်။

စာတည်း။ ။စောဖေ