“ဘီယာဗိုက်” သီချင်းမှာ ပါဝင်သူတွေကို စစ်ကောင်စီ အရေးယူ (ရုပ်သံ)

၀၀၁

အဆိုတော် မေသူရဲ့ “ဘီယာဗိုက်” သီချင်းဟာ မြန်မာ့ယဉ်ကျေးမှုနဲ့ သွေဖီတယ်ဆိုပြီး သီချင်းမှာ ပါဝင်သူတွေကို ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ စစ်ကောင်စီက ဧပြီလ ၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဆင်ဆာမူဝါဒတွေကို မလိုက်နာဘဲ ရိုက်ကူးထုတ်လွှင့်ပြသသူတွေကို အရေးယူမယ်လို့ စစ်ကောင်စီက မနေ့က ထုတ်ပြန်ခဲ့ပြီးတဲ့နောက် “ဘီယာဗိုက်” သီချင်း ရိုက်ကူးထုတ်လွှင့်ခဲ့သူတွေကို အမှုဖွင့်ထားကြောင်း ဖော်ပြလာတာ ဖြစ်ပါတယ်။

ဘီယာဗိုက် သီချင်းဗီဒီယိုမှာ ပါဝင်ခဲ့တဲ့ အဆိုတော် မေသူ၊ ဟာသသရုပ်ဆောင် အိုကေနဲ့ တခြားသက်ဆိုင်သူတွေကို ရန်ကုန်၊ ဗဟန်းမြို့မရဲ စခန်းမှာ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဉပဒေပုဒ်မ ၃၃ (က)နဲ့ အမှုဖွင့်ထားတယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။ ၀၀၁ ပေးပို့တဲ့သတင်းကို မှူးက တင်ဆက်ပေးထားပါတယ်။

သတင်း-၀၀၁
တင်ဆက်- မှူး
တည်းဖြတ်- နောင်နောင်