ဒေါက်တာအငြိမ်း နဲ့ ဆက်သွယ်မေးမြန်းချက်

“ စကစက စာသင်ကျောင်းတွေ ဆေးရုံ ၊ ဆေးခန်းတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်တာတွေလုပ်လာတယ် ။ အဝေးကသူတွေ မပြောနဲ့ ရွာနီးစပ်ချုပ်ကလူ တွေတောင် ဆေးခန်းကိုမလာရဲကြတော့ဘူး”

ပါခွီး

(မဇ္ဈိမ) ။      ။  ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီတပ်က  ပြီးခဲ့တဲ့ ဧပြီလ ၁ရက်ကနေ ၃ရက်နေ့အထိ ဒေသခံတွေရဲ့ နေအိမ်ကို  လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ် ။

အဲ့ဒီမြို့နယ်တွေမှာ  ဒေါက်တာအငြိမ်း ခေါ်  ဒေါက်တာအေးငြိမ်းသူက လူထုကျန်းမာရေးဝန်ဆောင်မှုပေးနေတာပါ။

ချင်းပြည်နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှုပေးနေရတဲ့အချိန် ကြုံတွေရတဲ့ အခက်အခဲနဲ့ လေကြောင်းတိုက်ခိုက်ခံရမှု အတွေ့အကြုံကို  မဇ္ဈိမက ဒေါက်တာအငြိမ်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေးမြန်း – ပါခွီး
တည်းဖြတ်-သန့်စင်