DV ပေါက်တဲ့သူတွေ ဘာတွေကြိုတင်ပြဆင်ထားဖို့ လိုမလဲ (အင်တာဗျူး)

ရွှေနွယ်

DV ဆိုတာ အမေရိကန်အစိုးရက နှစ်စဉ်ပြည်ဝင်ခွင့်ဗီဇာနဲ့ နေထိုင်ခွင့်ရအောင် မဲဖောက်ပေးတဲ့ Diversity Immigrant Visa ပါ။ အမြဲတမ်းနေထိုင်ခွင့်ကတ်ဖြစ်တဲ့ Green card lottery visa လို့လည်း လူသိများပြီး လျှပ်စစ်သုံးမဲနှိုက်ရွေးချယ်တဲ့ စနစ်နဲ့ မဲဖောက်ရွေးချယ်ပေးနေတာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရဟာ နှစ်စဉ် ရွေ့ပြောင်းနေထိုင်သူ ၅၀,၀၀၀ ခန့်ကို တရားဝင်နေထိုင်ခွင့်ပေးခဲ့ပါတယ်။ DV ကံစမ်းခွင့် ရှိတဲ့နိုင်ငံတွေအနက် မြန်မာနိုင်လည်း ပါဝင်တာ ဖြစ်ပါတယ်။

ကံစမ်းဖို့အတွက် နှစ်စဉ် အောက်တိုဘာလမှာ လျှောက်ထားခွင့် ချပေးလေ့ရှိပြီး တလအတွင်း လျှောက်ရမှာ ဖြစ်ပါတယ်။

2025 DV ကံစမ်းခဲ့သူတွေအနက် မဲပေါက်သူတွေ စာရင်းကိုတော့ ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့မှာ အမေရိကန်အစိုးရက ကြေညာထားပါတယ်။

အဲဒီတော့ DV Lottery ကံထူးထားသူတွေအနေနဲ့ ဘာတွေကြိုတင်ပြင်ဆင်ဖို့ လိုမလဲ၊အခုနှစ်အတွက် ကံစမ်းလိုသူတွေအတွက် လိုအပ်တဲ့ အချက်အလက်တွေက ဘာတွေပါလဲ။

အမေရိကန်မှာ ရောက်ရှိနေပြီး DV Lottery ကံစမ်းလိုသော မြန်မာပြည်သူတွေကို အကူအညီ၊အကြံဉာဏ်ပေးနေသည့် ကိုညီညီ(တောင်ကြီး)ကို ရွှေနွယ်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေးမြန်း/တည်းဖြတ်= ရွှေနွယ်