ကျောက်လုံးကြီး PDF တပ်ဖွဲ့ ၃ နှစ်ပြည့်အခမ်းအနားပြုလုပ်

လွှမ်းမိုး

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KLG PDF)က တော်လှန်ရေးသုံးနှစ်ပြည့် အခမ်းနားကို ပြုလုပ်ပါတယ်။

သုံးနှစ်တာ ကာလအတွင်း ဖြတ်သန်းခဲ့တဲ့ အခက်အခဲ အခြေအနေတွေကို KLG PDF တာဝန်ရှိသူက ပြောပြပါတယ်။

ကနီမြို့နယ်မှာ စစ်ကောင်စီတပ်က လက်ရှိအချိန်ထိ လေကြောင်းသုံး တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ စစ်ကောင်စီတပ်က လေကြောင်းသုံးပစ်ခတ်တိုက်ခိုက်တာနဲ့ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်နေတဲ့အတွက် ဒေသခံအများစု စစ်ဘေးရှောင်နေကြရပါတယ်။

သတင်း-လွှမ်းမိုး/ရုပ်သံတည်းဖြတ်-MTO