လုပ်ငန်းခွင်အတွင်း ကျားမ ခွဲခြားဆက်ဆံမှုများ တရုတ်တွင် ဆိုးရွား

European Times

အာရှတွင် တရုတ်အမျိုးသမီးများသည် လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်သည့် ဦးရေအများဆုံးဖြစ် သော်လည်း တရုတ်တွင် အမျိုးသားနှင့် အမျိုးသမီးများရရှိသည့် လုပ်ခလစာ မညီမျှမှုသည် ဆက်လက် ဆိုးရွားနေသည်။ 

ပေကျင်းမြို့ အခြေစိုက် ပီကင်းတက္ကသိုလ်မှ မကြာသေးမီက ပြုလုပ်ခဲ့သော လေ့လာမှုတွင် လစာကွာဟမှုမှာ ၃၀ ရာခိုင်နှုန်းနီးပါးအထိ ရှိလာကြောင်း ဖော်ပြခဲ့သည်။

လွန်ခဲ့သည့်ဆယ်စုနှစ် နှစ်ခုအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် တရုတ်တွင် လူနေမှုအဆင့်အတန်း ကို မြှင့်တင်ပေးခဲ့သော်လည်း အမျိုးသားနှင့် အမျိုးသမီးကြား ရရှိသည့် အကျိုးကျေးဇူးများမှာ မတူညီကြ ပေ။

အမျိုးသားနှင့်အမျိုးသမီးအကြား အလုပ်လုပ်ချိန်ကွာဟချက်သည် နှစ်ဆကျော် တိုးလာပြီး လစာနှုန်း ထားတွင် ၃၀ ရာခိုင်နှုန်းနီးပါး ကွာဟလာခြင်းကြောင့် တရုတ်အမျိုးသမီးများ၏ အကျပ်အတည်းမှာ ကိုဗစ်ကာလတွင် ပိုမိုဆိုးရွားလာခဲ့သည်။ 

“ကူးစက်ရောဂါပြီးဆုံးသွားသော်လည်း အလုပ်သမားဈေးကွက်တွင် ကျားမ ကွာဟချက်သည်ကြီးမားနေ ဆဲဖြစ်ပြီး အလုပ်လုပ်ကိုင်နေသော မိခင်များ၏ အခက်အခဲသည် ရေတိုတွင် အခြေခံအားဖြင့် တိုးတက် လာနိုင်ဖွယ်မရှိကြောင်း” လေ့လာမှုအစီရင်ခံစာတွင် ဖော်ပြထားသည်။ 

အလုပ်အကိုင်ရှာဖွေရေးဝက်ဘ်ဆိုက်ဖြစ်သည့်  Zhaopin မှပြုလုပ်သော စစ်တမ်းတွင် အမျိုးသမီး ကျွမ်းကျင်ပညာရှင်များသည် အမျိုးသားများထက် လစာနည်းပါးကြောင်း ဖော်ပြခဲ့သည်။ 

နှစ်အနည်းငယ်က ဝင်ငွေကွာဟချက်သည် ၁၃ ရာခိုင်နှုန်းသာရှိခဲ့ပြီး ယောက်ျားလေးကို ဦးစားပေးပြီး အမျိုးသမီးများအား ခွဲခြားဆက်ဆံသည့် စနစ်ကို ပြစ်တင်ဝေဖန်ခဲ့ကြသည်။ 

တရုတ်သမ္မတ ရှီကျင့်ဖျင်ကပင် အမျိုးသမီးများအား နေအိမ်တွင်နေခိုင်းခြင်းနှင့် လူဦးရေကျဆင်းမှု ပြဿနာကို ဖြေရှင်းရန် ကလေးမွေးခိုင်းခြင်းဖြင့် အမျိုးသမီးများ၏ စီးပွားရေး တိုးတက်မှုကို ကန့်သတ်ရန် ကြိုးစားခဲ့သည်။ 

တလလျှင် ၃၆ ဒသမ ၈ ရာခိုင်နှုန်း လစာ ပိုမိုလျော့နည်းကာ အလုပ်လက်မဲ့ဖြစ်နိုင်ခြေ ၁၈၁ ရာခိုင်နှုန်း ပိုမိုမြင့်မားသည့် လုပ်ငန်းခွင်ရှိ ကလေးအမေများသည် ကိုဗစ်ကပ်ရောဂါကာလအတွင်း အဆိုးရွားဆုံး ထိခိုက်ခံခဲ့ရသည်။ 

 “ယင်းကာလအတွင်းတွင်၊ အလုပ်လုပ်ကိုင်နေသည့် မိခင်များသည် မိသားစုတာဝန်များကို ပိုမိုထမ်း ဆောင်ကြရပြီး လုပ်ငန်းခွင်နှင့် ပိုမိုပြင်းထန်သော စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ခံစားခဲ့ကြရသည်၊” ဟု ပီကင်း တက္ကသိုလ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ခွဲခြားဆက်ဆံမှုများကြောင့် စီးပွားရေးလုပ်ငန်းများတွင် တရုတ်အမျိုးသမီးများ ပါဝင်မှုအရေအတွက် ကျဆင်းသွားခဲ့သည်။ 

အမျိုးသမီးအလုပ်သမားပါဝင်မှုအချိုးသည် ၁၉၈၀ ပြည်နှစ်များတွင် ၈၀ ရာခိုင်နှုန်းခန့်ရှိခဲ့သော်လည်း၊ ၂၀၁၉ ခုနှစ်တွင် ၆၁ ဒသမ ၄ ရာခိုင်နှုန်းမှ ၂၀၂၃ ခုနှစ်တွင် ၆၀ ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ သည်။ တရုတ်သည် ၂၀၀၆ ခုနှစ်တွင် ကမ္ဘာ့အညွှန်းကိန်းတွင် အဆင့် ၆၃ ၌ ရပ်တည်ခဲ့သော်လည်း ၂၀၂၃ ခုနှစ်တွင် အဆင့် ၁၀၇ သို့ ကျဆင်းသွားခဲ့သည်။

တရုတ်ကျားမတန်းတူမညီမျှမှုသုတေသနအစီရင်ခံစာတွင် တရုတ်အမျိုးသမီးများသည် အလုပ်အကိုင် လုံခြုံမှုအတွက် လုံလောက်သော ပံ့ပိုးကူညီမှု မရရှိသော်လည်း အခကြေးငွေပေးရသည့် အလုပ်အကိုင် များအတွက် ပိုမိုတာဝန်ယူနိုင်ကြောင်း ဖော်ပြထားသည်။ 

အမျိုးသားဦးစားပေးစနစ်နှင့် ကွန်မြူနစ်ပါတီအစိုးရ၏ မအောင်မြင်သော ကြိုးပမ်းမှုများကြောင့် ကျားမ တန်းတူမညီမျှမှုကြီးမားစွာ ရင်ဆိုင်နေရကြောင်း ချန်ဒူနှင့် ဆန်းကျန့်မှ ပြည်တွင်း သုတေသီအဖွဲ့မှ ကောက်ချက်ချခဲ့သည်။ 

 “ အလုပ်အကိုင်ချင်းတူညီသော်လည်း အမျိုးသမီးများနှင့် အမျိုးသားများအကြား လစာ ကွာဟချက်က သိသာထင်ရှားစွာ ရှိနေဆဲဖြစ်ပြီး ကွာဟချက်ကြီးမားသည့် အစိတ်အပိုင်းကို အမျိုးသမီးများ၏ အိမ်ထောင်ရှိ မှု၊ မရှိမှုအခြေအနေဖြင့် ရှင်းပြနိုင်ပြီး၊ အိမ်ထောင်သည် အမျိုးသမီးများသည် လက်မထပ်ရသေးသည့် အမျိုးသမီးများထက် အလုပ်သမားဈေးကွက်တွင် ခွဲခြားဆက်ဆံမှု ပိုကြုံတွေ့ နေရသည်” ဟုအစီရင်ခံစာတွင် ဖော်ပြထားသည်။