မဟာဗောဓိမြိုင်ဆရာတော်ကြီး ပျံလွန်တော်မူ

ရောင်နီ

(မဇ္ဈိမ)။ ။မဟာဗောဓိမြိုင်ဆရာတော်ကြီး ဝနဝါသီဉေယျ ဓမ္မသာမိထေရ် ယနေ့(ဧပြီလ ၃၀ ရက်) မွန်းလွဲ ၁ နာရီ ၁၀ မိနစ်တွင် ပျံလွန်တော်မူသွားကြောင်း ဆရာတော်ဘုရားနှင့် နီးစပ်သူများကမဇ္ဈိမကိုပြော သည်။

“ဆရာတော်ရဲ့ တဘ၀ ရုပ်သိမ်းချုပ်ငြိမ်းသွားတာက ဒီနေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်မှာပါ။ သက်တော် ၈၂ နှစ် သိက္ခာတော် ၄၅ ဝါရှိပါပြီ” ဟု ဘွဲ့နာမည်မဖော်ပြလိုသည့် ဆရာတော်တပါးက မိန့်သည်။

“ဘာကြောင့် တဘ၀ရုတ်သိမ်း ချုပ်ငြိမ်းသွားတာလဲဆိုတာတော့ မသိရသေးဘူး။ အရင်တုန်းကတော့ ဆရာတော်ရဲ့ ခြေထောက်မှာ အနာတခုရှိတာတော့ သိတယ်။ သက်သာသွားတယ်လို့လည်း ကြားတယ်။ အခု ၈၂ နှစ်က သက်တော်ကြီးရင့်တဲ့ အရွယ်ပဲပေါ့။ တခြားထွေထွေထူးထူးတော့ မသိရသေးဘူး။ ဘာ သတင်းမှ သူ့ဒကာရင်းတွေက မထုတ်ပြန်သေးပါဘူး” ဟု ဘွဲ့နာမည်မဖော်လိုသည့် ဆရာတော်က ဆက် လက်မိန့်ကြားသည်။

“စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်၊ ‌‌‌ဉေယျဓမ်တောရကျောင်းမှာ ပျံလွန်တော်မူတာ ပါ။ ဈာပနကိစ္စကတော့ဘယ်လိုစီစဉ်မလဲ အကြောင်းစုံမသိရသေးဘူး။ ဘာအကြောင်းကြောင့် ပျံလွန် တော်မူတယ်ဆိုတာလည်း ပြောလို့မရသေးပါဘူး” ဟု ဆရာတော်နှင့်နီးစပ်သည့် ကပ္ပိယတဦးကပြော သည်။

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကို စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မင်းကုန်းကျေးရွာတွင် အဖ ဦးဘစံ အမိ ဒေါ်မေတို့မှ ၁၃၀၃ ခုနှစ်၊ ဝါဆိုလပြည့်နေ့တွင် ဖွားမြင်ခဲ့ပြီး ငယ်နာမည် မောင်ငြိမ်းမောင် ဖြစ် သည်။

ဆရာတော်ဘုရားကြီးသည် မနေသုံးချက်ဖြင့်နေထိုင်ကျင့်ကြံခြင်း၊ တရားပြသခြင်းများကြောင့် ရဟန္တာ အဖြစ် ထင်ရှားကျော်ကြားသည့် ဆရာတော်ဖြစ်သည်။ မနေသုံးချက်ဆိုသည်မှာ သီတင်းသုံးဖော်သံဃာ များ စိတ်ငြိုငြင်ကြောင်းသိလျင် မနေခြင်း၊ လူရှုပ်- လာဘ်ပေါ- ကျော်ဇော- ခြွေရံ စသည့်အချက်လေးချက် နှင့်တိုက်ဆိုင်ပါကမနေခြင်းနှင့် သာသနာမှီ၍ မိမိကိုယ်ကျိုးရှာလိုသော လူ၊ ရှင်၊ ရဟန်းများ တွေ့လာရပါ က မနေခြင်းတို့ဖြစ်သည်။ ယင်းအချက်များကြောင့် ဆရာတော်ကြီး ရွှေ့ပြောင်းသီတင်းသုံးခဲ့သော နေရာ ပေါင်း ၃၀ ကျော်ခန့်ရှိကြောင်း သိရသည်။

စာတည်း။ ။စောဖေ