ကြားကာလ ပညာရေး အထက်တန်းကျောင်းတွင် ကျောင်းဆောင်သစ်လှူဒါန်း

မဇ္ဈိမ။ ။ အညာပစ်တိုင်းထောင်လေးများအဖွဲ့က ဆားလင်းကြီးမြို့နယ်ရှိ ကြားကလပညာရေးအထက်တန်းကျောင်းတွင် ကျောင်းဆောင်သစ်လှူဒါန်းခဲ့သည်။

ထိုကျောင်းဆောင်ကို G-12 ကျောင်းသားကျောင်းသူများအား ပညာသင်ကြား‌ရာတွင် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းဆောင် တန်ဖိုးမှာ – ၃,၁၃၆,၉၅၀ ကျပ် ဖြစ်ကြောင်း သိရသည်။

“နိုင်ငံရေးရဲ့အခြေခံက ပညာရေးပါပဲ။ ကျွန်တော်တိုင်းပြည်မှာ ပညာရေးတွက်ဖော်ဆောင်တာ အားနည်းတယ်ဗျ။ ခေတ်အဆက်ဆက် အာဏာရှင်တွေက ပညာတတ်မှာမလိုလားဘူး ။ ဒါပေမဲ့ ခုခေတ်လူငယ်တွေကို ဘယ်လောက်ပဲဖိဖိ ဖိမရပါဘူး ” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ ဦးဆောင်သူက ပြောသည်။

ကျောင်းဆောင်သစ်ဖွင့်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၅၀၀ ကျော်အား မုန့်ဟင်းခါးနှင်မုန့်များ ကျွေးမွေးခဲ့ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး