အောင်ဇေယျစစ်ကြောင်းမှ စစ်ကောင်စီတပ်သား ၃ ဦး ကျားဖြူစစ်ကြောင်းထံ အလင်းဝင်

ပုံအညွှန်း- အလင်းဝင်လာသူများကို ဆုကြေးငွေ ချီးမြှင့်စဉ် (ဓါတ်ပုံ- Saw Win Zaw Facebook)

ပုံအညွှန်း- အလင်းဝင်လာသူများကို ဆုကြေးငွေ ချီးမြှင့်စဉ် (ဓါတ်ပုံ- Saw Win Zaw Facebook)

YT

(မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ဘက်သို့ချီတက်နေသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်း မှ တပ်သားသုံးဦး မေလ ၄ ရက်နေ့ညနေပိုင်းက အလင်းဝင်လာကြောင်း ကျားဖြူစစ်ကြောင်း ဒု-စစ်ကြောင်းမှူးရဲဘော်ကျော်ဟိန်းက မဇ္ဈိမကိုပြောသည်။

အလင်းဝင်လာသူသုံးဦးသည် ကော့ကရိတ်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၁၂)လက် အောက်ခံ ခလရ (၂၃၀)မှဖြစ်ပြီး လက်နက်များပါယူဆောင်လာခဲ့ခြင်းကြောင့် အဆိုပါတပ်သားများကို ကျားဖြူစစ်ကြောင်းတာဝန်ရှိသူက ဆုငွေချီးမြှင့်ခဲ့သည်ဟု သိရသည်။

“အလင်းဝင်လာတဲလသူတွေက ကော့ကရိတ် ၂၃၀ တပ်ကပါ။ သူတို့ကို ဆုချီးမြှင့်တာရှိပေမယ့် အဖူး (စောကျော်သက်)က ဘယ်လောက် ချီးမြှင့်လိုက်လဲ မသိဘူးဗျ။ ကျွန်တော်လည်း အချက်အလက် အသေး စိတ်မသိရသေးဘူး” ဟု ကျားဖြူစစ်ကြောင်း ဒုစစ်ကြောင်းမှူး ရဲဘော်ကျော်ဟိန်းက မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် အောင်ဇေယျစစ်ကြောင်းသည် ဒေါနတောင်ကြောပေါ်သို့ရောက်ရှိနေပြီဖြစ်ပြီး အာရှလမ်း တလျှောက် တော်လှန်ရေးအင်အားစုပူးပေါင်းတပ်များနှင့် နေ့စဉ် တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်း သိရသည်။

စာတည်း။ ။စောဖေ