နွားထိုးကြီးနယ်ရှိ စစ်ကောင်စီတပ်စခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ၊ ၄ ဦး သေဆုံးဟုဆို

008

(မဇ္ဈိမ) ။ ။ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာတွင် အထိုင်ချတပ်စွဲ ထားသည့် စစ်ကောင်းတပ်စခန်း ဒရုန်းဖြင့်တိုက်ခိုက်ခံရမှု မေလ ၅ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦးသေဆုံးပြီး နောက်ထပ်နှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း နွားထိုးကြီး PDF မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်းက မဇ္ဈိမကို ပြောသည်။

အင်အား ၂၅ ဦးဖြင့် အထိုင်ချတပ်စွဲထားသည့် ထိုစစ်ကောင်စီတပ်စခန်း ဗုံးသီးလေးလုံးချ တိုက်ခိုက်ခံရ ပြီးနောက် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရသူများကို ၁၃ မိုင်ခန့်ဝေးသော နွားထိုးကြီးမြို့ပေါ် ဆေးရုံသို့ ညတွင်းချင်း ခေါ်ဆောင်သွားကြောင်း နွားထိုးကြီး PDF က ပြောသည်။

“ဒရုန်းနဲ့ ဗုံးသီးလေးလုံးချ တိုက်ခိုက်ခဲ့တယ်။ ရည်မှန်းထားတဲ့ ပစ်မှတ်အပေါ် တိတိကျကျ တိုက်ခိုက်နိုင်ခဲ့တယ်”ဟု နွားထိုးကြီး PDF မြင်းခြံခရိုင် အမှတ် (၄) တပ်ရင်းက ပြောသည်။

ယနေ့ နံနက်ပိုင်းမှ စတင်ပြီး နွားထိုးကြီး ဆေးရုံကို စစ်ကောင်စီက လုံခြုံရေးတင်း ကြပ်ထားပြီး ဆေးရုံသို့ လာရောက်သူများကိုလည်း စစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“အခုက ဆေးရုံအဝင်ကို စစ်ဆေးပြီးမှ ဝင်ခိုင်းတယ်” ဟု ဒေသခံတဦးက ပြောသည်။

တိုက်ခိုက်ခံရပြီးနောက် ယနေ့ နံနက် ၁၀နာရီခန့်ကအောင်ချမ်းသာကျေးရွာရှိ အထိုင်စခန်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ‌၁၅ ဦးခန့် ထပ်မံရောက်ရှိလာပြီး

အဆိုပါ တိုက်ခိုက်ခံရသည့် တပ်စခန်းသို့ ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး ‌ထပ်မံရောက်ရှိလာကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့သည့် အောင်ချမ်းသာကျေးရွာမှ ဒေသခံ လူငယ် သုံးဦးကို ခေါ်ယူ စစ်ဆေးမှုများပြုလုပ်ပြီး ပြန်လွတ်ပေးခဲ့သည်။

စာတည်း။ ။ နောင်နောင်