ချန်ပီယံလိဂ်မှာ မန်စီးတီးအသင်း ဗိုလ်စွဲဖို့ ရေးပန်းအစားဆုံးဖြစ်

ဥရောပကလပ်ဘောလုံးလောကရဲ့ အထွတ်အထိပ်ဖြစ်တဲ့ ချန်ပီယံလိဂ်ရဲ့ ဗိုလ်ပွဲအထိ မရောက်မချင်း ခရီးရှည်ကြီး ရှိပါသေးပေမယ့် ဒီဇင်ဘာ ၁၈ ရက်က ရှုံးထွက် ၁၆ သင်းအဆင့်အတွက် ပွဲစဉ်တွေ ထွက်ပေါ်လာခဲ့ပြီးနောက်မှာ ဗိုလ်စွဲဖို့ ရေးပန်းအစားဆုံးအသင်းအဖြစ် မန်ချက်စတာစီးတီးက ထိပ်ဆုံးမှာ ရပ်နေပါတယ်။

ဒါကတော့ ဗိုလ်စွဲနိုင်ခြေအမြင့်ဆုံးအသင်းတွေကို အချက်အလက်ကုမ္ပဏီ Nielsen’s Gracenote က တွက်ချက်ပေးခဲ့တာပါ။

ကွာတားဖိုင်နယ်အဆင့် ရောက်ရှိနိုင်မယ့် အသင်းတွေကို တွက်ချက်ပေးရာမှာလည်း စီးတီးက ၉၇ ရာခိုင်နှုန်းရှိနေပါတယ်။

ဒီရာသီ ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို ဇွန်လ ၁ ရက်နေ့မှာ ဝင်ဘာလေကွင်းမှာ လက်ခံကျင်းပမှာဖြစ်ပါတယ်။

ဥရောပဖလားကို ၁၉၅၅-၅၆ မှာ စတင်တည်ထောင်ပြီးနောက်ပိုင်း အင်္ဂလိပ်မြေပေါ်က ယခင်ဗိုလ်လုပွဲ ရှစ်ပွဲအနက် အင်္ဂလိပ်ကလပ်အသင်းတွေ နှစ်ကြိမ်သာ ဗိုလ်စွဲနိုင်ခဲ့ပြီး ၁၉၆၈ မှာ မန်ချက်စတာယူနိုက်တက်နဲ့ ၁၉၇၈ မှာ လီဗာပူးလ်တို့ဖြစ်ပါတယ်။

Nielson’s Gracenote မှ ပြုစုထားတဲ့ အချက်အလက်တွေအရ စီးတီးက ဆုဖလားကို ဆက်လက်ထိန်းသိမ်းဖို့ ၃၀ ရာခိုင်နှုန်းနဲ့ အခိုင်အမာ ရပ်တည်နေပြီး သူ့ရဲ့နောက်မှာ ရီးယဲလ်မက်ဒရစ် (၁၈%)နဲ့ ဘိုင်ယန်မြူးနစ် (၁၅%) တို့ ရှိနေပါတယ်။

ပြိုင်ပွဲမှာ ကျန်ရှိနေတဲ့ တခြားအင်္ဂလိပ်အသင်းဖြစ်တဲ့ အာဆင်နယ်က ပထမအကြိမ် ဆုဖလားကို ကိုင်မြှောက်ဖို့နိုင်ဆိုရင် ကျော်ဖြတ်ရမယ့် အတားအဆီးများစွာရှိနေပုံရပါတယ်။

အာဆင်နယ်ရဲ့ နောက်မှာတော့ ဘာစီလိုနာ (၆%)၊ အက်သလက်တီကို (၅%)၊ အင်တာမီလန် (၅%)၊ ပီအက်စ်ဂျီ (၄%)၊ ဒေါ့မွန် (၃%) စတဲ့ အသင်းတွေ အသီးသီး အစဉ်လိုက်ရပ်တည်နေကြပါတယ်။