NLD ပါတီ နာယကကြီး သူရဦးတင်ဦး၏ဈာပနကို ဒေါ်အောင်ဆန်းစုကြည် လွမ်းသူ့ပန်းခြင်းပို့

ဓာတ်ပုံ - မဇ္ဈိမ ( ပုံစာ - NLD ပါတီ နာယကကြီး သူရဦးတင်ဦးရဲ့ ဈာပနကို ဒေါ်အောင်ဆန်းစုကြည် လွမ်းသူ့ပန်းခြင်းနှင့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လွမ်းသူ့ပန်းခြင်းကို တွေ့ရစဉ်)

ဓာတ်ပုံ – မဇ္ဈိမ ( ပုံစာ – NLD ပါတီ နာယကကြီး သူရဦးတင်ဦးရဲ့ ဈာပနကို ဒေါ်အောင်ဆန်းစုကြည် လွမ်းသူ့ပန်းခြင်းနှင့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လွမ်းသူ့ပန်းခြင်းကို တွေ့ရစဉ်)

မောင်ခက်နွေ

(မဇ္ဈိမ)။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ နာယကကြီး သူရဦးတင်ဦး၏ ဈာပနကို မတရားအကျဉ်းကျခံနေရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ လွမ်းသူ့ပန်းခြင်း ပေးပို့ခဲ့သည်ဟု မိသားစုနှင့်နီးစပ်သူ တဦးက မဇ္ဈိမကို ပြောသည်။

“ဒီနေ့ မနက် ၉ နာရီခွဲက အန်တီပို့ပေးတဲ့ လွမ်းသူ့ပန်းခြင်း ရောက်လာတယ်။ ထောက်လှမ်းရေးတပ်ဖွဲ့က လူတွေ လာပို့သွားတာ” ဟု မိသားစုနှင့် နီးစပ်သူတဦးက ဆိုသည်။

ဒါ့အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ဇွန်လ ၁ ရက် ည ၁၀ နာရီ ၃၀ မိနစ်အချိန်က လွမ်းသူ့ပန်းခြင်း လာရောက်ပို့ဆောင်ခဲ့သေးသည်ဟု သူက ဆက်လက်ရှင်းပြသည်။

ဓာတ်ပုံ - မဇ္ဈိမ ( ပုံစာ - NLD ပါတီ နာယကကြီး သူရဦးတင်ဦးရဲ့ ဈာပနကို ဒေါ်အောင်ဆန်းစုကြည် လွမ်းသူ့ပန်းခြင်းနှင့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လွမ်းသူ့ပန်းခြင်းကို တွေ့ရစဉ်)

လက်ရှိတွင် NLD ပါတီ နာယကကြီး သူရဦးတင်ဦး၏ ရုပ်အလောင်းကို အမှတ်(၃၀)၊ ဗောဓိရိပ်သာလမ်း ဗဟန်းမြို့နယ် နေအိမ်တွင် ထားရှိထားပြီး ဇွန်လ ၅ ရက်နေ့တွင် ရေဝေးသုသာန်၌ ဂူသွင်းသင်္ဂြိုဟ်မည်ဟု သိရသည်။

သူရဦးတင်ဦးသည် သေဆုံးချိန်တွင် အသက် ၉၈ နှစ်ရှိပြီဖြစ်ကာ နှလုံးရောဂါဖြင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ်တွင် နေအိမ် ရေချိုးခန်း၌ ချော်လဲသည့်ဒဏ်ကြောင့် ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုများကို ခံယူခဲ့ရသေးသည်။

စစ်ဗိုလ်ချုပ်ကြီးဟောင်းတဦးလည်းဖြစ်သည့် ဦးတင်ဦးသည် ၁၉၇၄ ခုနှစ်မှ ၁၉၇၆ ခုနှစ်ထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ယူခဲ့ပြီး ဇေယျကျော်ထင်နှင့် သူရဘွဲ့ရရှိထားသူလည်း ဖြစ်သည်။

သူရဦးတင်ဦးသည် ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အခြားဦးဆောင်သူများနှင့် NLD ပါတီကို စတင်တည်ထောင်ခဲ့ပြီး ၁၉၈၈ ဒီဇင်ဘာလ ၃ ရက်မှ ၁၉၈၉ ခု ဒီဇင်ဘာလ ၂၂ ရက်အထိ ပါတီ ဥက္ကဋ္ဌ တာဝန်ယူခဲ့သည်။

စာတည်း – သန့်ဇော်(သန်လျင်)