ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် ကလေးမြို့၌ ပန်းသပိတ်ဆင်နွှဲ

ပုံအညွှန်း - ပန်းသပိတ်ဆင်နွှဲသည့်ကလေးမြို့ဒေသခံများ \ ဓါတ်ပုံ - ပေးပို့

ပုံအညွှန်း – ပန်းသပိတ်ဆင်နွှဲသည့်ကလေးမြို့ဒေသခံများ \ ဓါတ်ပုံ – ပေးပို့

ပါခွီး

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း ၊ ကလေးမြို့တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အကြိုအဖြစ် ယမန်နေ့(ဇွန်လ ၁၈ရက်)တွင် ကလေးမြို့ ဒေသခံများက ပါဝင်ဆင်နွှဲခဲ့ကြောင်းသိရသည်။

ကလေးမြို့အတွင်း စစ်ကောင်စီတပ်က လုံခြုံရေးအထူးတင်းကျပ်ထားပြီး စစ်ကားများဖြင့် လှည့်လည်နေသည့်ကြားမှ ပန်းသပိတ် အိမ်တွင်းလှုပ်ရှားမှုအဖြစ် ပါဝင်ဆင်နွှဲခဲ့ကြခြင်းဖြစ်သည်။

“ဒီနေ့ကျရောက်တဲ့မွေးနေ့မှာ အမေစုအပါအဝင် နိုင်ငံရေးအကျဥ်းသားများ အမြန်ဆုံး လွတ်မြောက်ဖို့ ဆုတောင်းမေတ္တာများ ပို့သခဲ့ကြပါတယ်”ဟု ကလေးမြို့ဒေသခံက ပြောသည်။

ပန်းသပိတ်ပါဝင်သူများက “ဟေ့ နင်းချေမဲ့သူတွေ” စာသားကို မျက်နှာမပေါ်စေရန် ကာကွယ်ရေးသားထားပြီး ဝတ်ဆင်ထားသည့် တီရှပ်ပေါ်တွင် “ငုံ့မခံပဲ တုန့်ပြန်မယ့် သံမဏိနှင်းဆီတွေ” ရေးသားထားပြီး နှင်းဆီပန်းများကို ကိုင်ဆောင်၍ ပါဝင်ဆင်နွှဲ ခဲ့ခြင်းဖြစ်သည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ကို လုံခြုံရေးအခြေအနေအရ ယမန်နေ့(ဇွန်လ ၁၈)က တရက်ကြိုတင်ပြုလုပ်ခြင်းဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)