အကျဉ်းကျမွေးနေ့ရှင်သို့ပါးသည့် ဆုတောင်းမေတ္တာ

ရွှေနွယ်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ (ဇွန်လ ၁၉ရက်)တွင် အသက် ၇၉ နှစ်ပြည့်မြောက်ပြီဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းချိန်မှ စတင်ကာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ သုံးနှစ်‌ကျော်ကြာလာသည်အထိ အကျဉ်းကျခံနေရပြီး မွေးနေ့ကိုလည်း အကျဉ်းထောင်ထဲ၌သာဖြတ်သန်းနေရသည်။

နေပြည်တော်အချုပ်ထောင်တွင် ချုပ်နှောင်ထားရာမှ မကြာသေးမီကာလအတွင်း နေရာပြောင်းရွှေ့ထားသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။သို့သော် စစ်ကောင်စီကရှင်းရှင်းလင်းလင်းထုတ်ပြန်အသိပေးခြင်းမရှိဘဲ ဒေါ်အောင်ဆန်းစုကြည်အား မည်သည့်နေရာတွင်ထိန်းသိမ်းထားသည်ကို ပြည်သူလူထုက တိတိပပသိခွင့်မရပေ။

ဒေါ်အောင်ဆန်းစုကြည်၏ ၇၉ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ယနေ့တွင် နိုင်ငံတဝန်း၌ တော်လှန်ရေးအင်အားစုများနှင့် ပြည်သူများက ပန်းသပိတ်ဆင်နွှဲနေကြသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဖမ်းဆီးခံထားရသည့်နိုင်ငံရေးအကျဉ်းသားများအားလုံးပြန်လည်လွတ်မြောက်ရေးဆန္ဒထုတ်ဖော်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အသက်၇၉ နှစ်ပြည့် မွေးနေ့အတွက် အဖွဲ့အစည်းအသီးသီး၊လူပုဂ္ဂိုလ်အသီးသီး၏ ဆုတောင်းစကားသံအချို့ကို ယခုရုပ်သံတွင်ကြည့်ရှုနိုင်ပါသည်။

‌#ဒေါ်အောင်ဆန်းစုကြည်