ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသအမှု အမြင့်ဆုံးသာသနာရာထူးယူထားသူတွေ နှုတ်ဆိတ်မနေသင့်ဟုဆို(ရုပ်သံ)

ဂျူချန်း

(မဇ္ဈိမ)။ ။နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဝင်ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသဟာ ဇွန်လ ၁၉ ရက်နေ့က မန္တလေးတိုင်း၊ငါန်းဇွန်မြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူခဲ့တယ်လို့ ပစ်ခတ်မှုဖြစ်စဉ်ကိုကြုံတွေ့ခဲ့တဲ့ ကံသုံးဆင့်ဆရာတော်ဘဒ္ဒန္တဂုဏိသာဘိဝံသက ထုတ်‌ဖော်မိန့်ကြားပါတယ်။

ဆရာတော်ဘဒ္ဒန္တမုနိန္ဒာဘိဝံသဟာရွှေကျင်နိကာယဂိုဏ်းလုံးဝန်ဆောင်ဆရာတော်ဖြစ်သလို ရွှေကျင်ဂိုဏ်းကြီးရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်ပါတယ်။ ဋီကာကျော်ရှင်းတမ်း၊ရူပသိဒ္ဓိရှင်းတမ်း၊ ကင်္ခါရှင်းတမ်းစတဲ့ ဗုဒ္ဓဘာသာဆိုင်ရာကျမ်းစာအုပ်တွေရေးသားပြုစုခဲ့ပါတယ်။

စစ်ကောင်စီပစ်ခတ်မှုကြောင့် အခုလိုပျံလွန်မှုကို နိုင်ငံတော်ရဲ့အမြင့်ဆုံးသာသနာရာထူးကိုယူထားကြတဲ့ ရွှေကျင်သာသနာပိုင်သီတဂူဆရာတော်အပါအဝင် ရွှေကျင်ဂိုဏ်းကြီးလိုဂိုဏ်းတွေက နှုတ်ဆိတ်မနေသင့်ဘူးလို့ ဆရာတော်မင်းသုည(ဗုဒ္ဓတက္ကသိုလ်)က မိန့်ပါတယ်။

သတင်းအပြည့်အစုံကို ဒီရုပ်သံမှာကြည့်ရှုနိုင်ပါတယ်။

သတင်းတည်းဖြတ်/တင်ဆက် – ဂျူချန်း