စစ်ကောင်စီကို ကံဆောင်သပိတ်မှောက်တဲ့ သံဃာတော်နဲ့ မြို့နယ်တွေ တိုးလာ (ရုပ်သံ)

001

ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော် ဘဒ္ဒန္တ မုနိန္ဒာဘိဝံသကို ပစ်ခတ်ခဲ့တဲ့ စစ်ကောင်စီတပ်ကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်တဲ့ သံဃာတော်နဲ့ မြို့နယ်တွေဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့က စတင်ပြီး ဆက်တိုက်တိုးလာ‌နေပါတယ်။

ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်တာကို ဇွန်လ ၂၃ ရက်နေ့က ချောင်းဦးမြို့နယ်မှာ စတင်ခဲ့ပြီးတဲ့နောက် ဇွန်လ ၂၇ ရက်နေ့အထိ ငါးရက်တာအတွင်း ဒီပဲယင်း၊ တန့်ဆည်၊ ဆားလင်းကြီး၊ စစ်ကိုင်း၊ မုံရွာ၊ မြိုင်နဲ့ ပခုက္ကူ စတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းက မြို့နယ်တွေ ထပ်မံ တိုးလာခဲ့တာ ဖြစ်ပါတယ်။

မြို့နယ်အချို့မှာတော့ သံဃာတော်တွေဟာ လမ်းပေါ်အထိ ချီတက်သပိတ်မှောက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ 001 ပေးပို့တဲ့ သတင်းကို ချိိုခိုင်က တင်ဆက်ပေးထားပါတယ်။

သတင်းနဲ့ တည်းဖြတ်- 001
တင်ဆက်- ချိုခိုင်