နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၃၀ ဧပြီ ၂၀၂၄)

အမျိုးသား ညီညွတ်ရေးအစိုးရ

  • အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေးကို ဧပြီ ၃၀ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး လက်ရှိ ခုခံ တော်လှန်စစ် ကာလအတွင်း စစ်ရေးအရ လွတ်မြောက်ဒေသ နှင့် စစ်ရေးအရ ထိန်းချုပ် ဧရိယာများ အမြောက်အမြား ပေါ်လာပြီး ဖြစ်သည်ဟု ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။
  • အမျိုးသားညီညွတ်ရေးအစိုးရ နှင့် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများသည် နယ်စပ်ကုန်သွယ် ရေး မြို့ငါးမြို့ အပါအဝင် နိုင်ငံ၏ ၆၀ ရာခိုင်နှုန်းကျော်အား စိုးမိုးထိန်းချုပ်ထားနိုင်ပြီး ဖြစ်သည်ဟု NUG က  ထုတ်ပြန်သည်။
  • အမျိုးသားညီညွတ်ရေး အစိုးရ ထိန်းချုပ်ထားသည့် မြို့နယ် ၄၂ မြို့နယ်မှ ၂၀၂၃ ခုနှစ်အတွင်း အမေရိကန် ဒေါ်လာ ၂၂ ဒသမ ၉၈ သန်း အခွန်အခ ကောက်ခံရှိထားကြောင်း ယနေ့ပြုလုပ်သည့် အမျိုးသား ညီညွတ် ရေး အစိုးရ ၃ နှစ်ပြည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ထောင်စုဝန်ကြီး ချုပ်ရုံး ပြောရေးဆိုခွင့် ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။
  • အကြမ်းဖက် စစ်ကောင်စီကို တိုက်ခိုက်နေသည့် စစ်ရေးကဏ္ဍတွင် တိုင်းရင်းသားမဟာမိတ် အင်အားစု များ နှင့် NUG တို့  ဗဟိုကွပ်ကဲရေးပေါင်းစပ်ညှိနှိုင်းရေး ကော်မတီများဖွဲ့စည်းပြီး တစ်နိုင်ငံ လုံး၏ ၆၀ ရာခိုင်နှုန်းကို စိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၏  ၃ နှစ်ပြည့် ကြေညာ ချက်တွင် ထုတ်ပြန် ပြောဆိုလိုက်သည်။
  • လက်ရှိတွင် စစ်ကောင်စီသည် လုံးဝယိုင်နဲ့နေပြီး အဆုံးသတ်ပြိုလဲရန်သာ ကျန်တော့သည့်အတွက် အမျိုးသားညီညွတ်ရေး အစိုးရ NUG နှင့် တော်လှန်ရေးအင်အားစုများအားလုံးနှင့်အတူ အရှိန်အဟုန် မြှင့်ကာ ဆက်လက်တိုက်ပွဲဝင်သွားရန်  ပြည်သူ လူထုတရပ်လုံးအား NUG က ယနေ့ ဧပြီ ၃၀ ရက်တွင် တိုက်တွန်း ထုတ်ပြန်သည်။
  • အမျိုးသားညီညွတ်​ရေးအစိုးရ၊ ပြည်ထဲရေး နှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန နှင့် တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း တို့တွင်ရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးမှု အစည်းအဝေးကို ဧပြီ ၂၉ ရက်က ပြုလုပ်ခဲ့သည်။
  • အမျိုးသားညီညွတ်ရေး အစိုးရ၊ ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် စစ်ကိုင်းတိုင်းတို့တွင် ရှိသည့် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး ကို ဧပြီ ၂၉ ရက် မွန်းလွဲ ၃ နာရီတွင် ပြုလုပ်ခဲ့ကြသည်။
  • စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရှမ်းနီတပ်ဖွဲ့မှ တပ်သား ၅ ဦးသည် ဧပြီ ၂၄ ရက်က လက်နက်နှင့်တကွ အလင်းဝင်လာကြောင်း ဟုမ္မလင်း မြို့နယ် ပြည်သူ့ ကာ ကွယ်ရေး အဖွဲ့ (ပကဖ) က သတင်းထုတ်ပြန်သည်။
  • စစ်ကောင်စီက အဓ္ဓမစစ်သား စုဆောင်းမှုကြောင့် ရှေ့တန်းစစ်မြေပြင်အထိ လိုက်ပါရသူများကိုပါ စစ်ကောင်စီလက်အောက်မှ ထွက်ခွာနိုင်ရေး ဖန်တီးပေးထားကြောင်း အမျိုးသားညီညွတ် ရေး အစိုး ရ (NUG) တာဝန်ရှိသူများက ဧပြီ ၃၀ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရှင်းလင်း ပြောကြား သည်။

တော်လှန်ရေး လှုပ်ရှားမှုများ

  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၏ အောင်လံလွှင့်မည် ရွှေရည်ကြည် သပိတ်စစ်ကြောင်းက အကြမ်း ဖက် စစ်တပ် ကျရှုံးရေး ဆန္ဒပြ သပိတ်ကို ဧပြီ ၃၀ ရက်က ပြုလုပ်ခဲ့သည်။
  • စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်တွင် စစ်မှုထမ်းရန် စာရင်းကောက်ခံထားရသော အမျိုးသား ၉ ဦးကို ဧပြီ ၂၉ ရက်၊ ည ၉ နာရီခန့်က အကြမ်းဖက် စစ်တပ်က နေအိမ်ထဲထိ ဝင်ရောက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ရေဦး အခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) က ပြောသည်။
  • စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ မင်းမအုပ်စု၊ အိုင်ရောင်းကျေးရွာမှ မီးဘေးသင့် ပြည်သူများအတွက် တစ်အိမ်လျှင် ၁၀,၀၀၀ နူန်းဖြင့် မီးဘေးသင့်အိမ်ခြေ  ၁၂၀ ကို  စစ်ကိုင်းပြည်သူ ဖေးမကူကွန်ရက်က သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
  • စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောင်ပလူရွာကို ဧပြီ ၂၈ ရက်က ရိက္ခာလာပို့သည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း Mahura People Defence Force – MHRPDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
  • စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ဧပြီ ၂၆ ရက်က စစ်ကောင်စီတပ်စစ်ကြောင်းတစ်ခု နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင် တပ်ရင်း (၁၇)​ တောကြီးမြွေပွေး တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်တီက ပြော သည်။
  • မကွေးတိုင်း၊ မြိုင်မြို့နယ်၊ စက်မှု ၂ အနီး ဧပြီ ၂၇ ရက်က အဓမ္ မပြုကျင့်ခံရပြီး အဝတ်မပါဘဲ စွန့်ပစ် ခံရ သူ၏ ရုပ်အလောင်းမှာ သူနာပြုဆရာမ၏ မိခင်ဖြစ်ပြီး ပျောက်ဆုံးနေသည်မှာ ရက်ပိုင်း ကြာမြင့် နေပြီ ဖြစ်ကြောင်း Ghost of Enemies – GOE Revolution Force မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
  • မကွေးတိုင်း၊  စလင်းမြို့နယ် ၊ တညောင်စခန်းမှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဧပြီ ၂၆ ရက်က မိုင်းဆွဲတိုက်ခိုက်ရာ ရဲနှစ်ဦး သေဆုံးသွားကြောင်း ပြည်သူကာကွယ်ရေးတပ်ဖွဲ့ – စလင်းမြို့နယ်က သတင်း ထုတ်ပြန်သည်။
  • မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် အမှတ် (၃) နှင့် (၅) PDF တပ်ရင်းများ၏ ထိန်းချုပ်နယ်မြေတွင် မတည်ငြိမ်မှုများ ဖြစ်နေသည့်အတွက် လက်နက်ကိုင် တပ်ဖွဲ့ဝင်များ နှင့် ပြည်သူများ အနေဖြင့် ဒေသန္တရ အမိန့်များကို လိုက်နာကြဖို့ ဂန့်ဂေါခရိုင် PDF က ဧပြီ ၂၇ ရက်တွင် အသိပေးထုတ်ပြန်လိုက်သည်။
  • မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော သံခွန် ၁ စီး နှင့် စစ်တပ်က တပ်စွဲထားသော ငါးလုံးပြွန်ရွာကို တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း မတ္တရာ မြို့နယ် ပကဖ သတင်းတာဝန်ခံ ကိုဘိုတောက်က ပြောသည်။
  • ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ သရက်နှစ်ဖျားလိမ် အုပ်စု ဂွေးချိုကွင်းရွာ နှင့် ကျွန်းလှကုန်း ကို ဆက်သွယ်ထားသည့် တံတားအနီးတွင် အကြမ်းဖက် စစ်တပ်၏ အင်အား ၂၀ ပါ စစ်ကြောင်းကို PDF များက ဧပြီ ၂၈ ရက်၊ ညနေပိုင်းက မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ဟု မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) ထံမှ သိရသည်။
  • တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ် နှင့် တော်လှန်ရေး ပူး ပေါင်း တပ်ဖွဲ့များ ၅ ရက် ဆက် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၁၄ ဦး သေဆုံးကာ ထိခိုက် ဒဏ်ရာ ရရှိသူ များပြားကြောင်း ဒေါင်းမင်း စစ်ဆင်ရေး အဖွဲ့ထံမှ သိရသည်။
  • ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အင်းစိန်ထောင်တွင် ထောင်ဝင်စာ နှင့် ဧည့်တွေ့ရန် စောင့်ဆိုင်းရာတွင် အကျဉ်းဦးစီး ဝန်ထမ်းနှင့် ၎င်းတို့နှင့် နီးစပ်သူများ ပူပေါင်း၍ နေရာရောင်းချမှုများ ရှိနေသဖြင့်  ထောင် ဝင်စာလာပို့သည့် နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုဝင်များ အခက်အခဲ နှင့် အဆင်မပြေမှုများ ကြုံတွေ့နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)မှ ကိုသိုက် ထွန်းဦး၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြထားသည်။

တိုင်းရင်းသားလက်နက်ကိုင်များ

  • ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ဆီဆိုင်မြို့နယ်ရှိ  ဝိန်းလုံရွာ နှင့်  နမ့်တောင်းရွာကို အကြမ်းဖက် စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ဧပြီ ၂၅ ရက်က တိုက်ခိုက်ရာ အသက် ၈ နှစ်နှင့် ၆ နှစ် အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း PNLA က ထုတ်ပြန်ထားသည်။
  • မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တဂေးလောင်းရွာကို ဧပြီ ၂၈ ရက်၊ ည ၁၁ နာရီခွဲခန့်က အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် စာသင်ဆောင်၊ နေအိမ် နှင့် ဈေးဆိုင်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
  • ချင်းပြည်နယ် ၊ ကန်ပက်လက်မြို့နယ် ၊ ကျင်းဒွေးမြို့ကို လေးလ ကျော်ကြာ တိုက်ခိုက်ခဲ့ပြီး သိမ်းပိုက် ရရှိပြီဖြစ်ကြောင်း ချင်းညီနောင်တပ်ဖွဲ့တာဝန်ရှိသူက ယနေ့ ဧပြီလ ၃၀ရက်တွင် မဇ္စျိမကို ပြောသည်။
  • ချင်းပြည်နယ်၊ တီးတိန်မြို့နယ်ရှိ မိုင်နွဲကျေးရွာအနီး ဧပြီ ၂၇ ရက်က ဖြစ်ပွားသည့် စစ်ကောင်စီတပ် နှင့် တိုက်ပွဲတွင် ချင်းတော်လှန်ရေးတပ် PDF – Zophai  မှ တပ်ဖွဲ့ဝင် နှစ်ဦး နှင့် အခြားတပ်ပူးပေါင်းတပ်မှ တပ်ဖွဲ့ဝင်တဦး ကျဆုံးသွားကြောင်း တပ်ရင်းမှူး ဒေးဗစ်က မဇ္စျိမကို ပြောသည်။
  • ရခိုင်ပြည်နယ်၊ အနောက်ပိုင်း စစ်ဌာနချုပ် (နပခ) တည်ရှိရာ အမ်းမြို့နယ်ရှိ ကဇုကိုင်း တောဟိန်းတောင် ဗျူဟာကုန်း၌ ဧပြီ ၂၉ ရက် တစ်ရက်လုံး တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
  • ကရင်နီ အမျိုးသား ကာကွယ်ရေးတပ် အမှတ် (၈) တပ်ရင်း၏ ဒုတပ်ရင်းမှူး၏ လစ်လပ်နေရာကို ဧပြီ ၂၈ ရက်က မဲစနစ်ဖြင့် ရွေးချယ်ခန့်အပ်ခဲ့သည်ဟု KNDF BO – 8 သတင်းပြန်ကြားရေး တာဝန်ခံက ပြော သည်။
  • ရှမ်းပြည်နယ် မြောက်ပိုင်း၌ စစ်ကောင်စီတပ်က စစ်အင်အားတိုးချဲ့နေ​သော​ကြောင့် မြန်မာနိုင်ငံလုံး ဆိုင် ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) က မိုးမိတ်-တွင်းငယ် လမ်းမကြီး အသုံး ပြုခွင့် အချိန်ကို ကန့်သတ်လိုက်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

စစ်ကောင်စီ

  • နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင်  ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းကျောင်းကို ဧပြီ ၂၉ ရက်၊ နံနက်ပိုင်း က ဖွင့်လှစ်လိုက်ပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက် ဖွင့်လှစ်ခဲ့သည်။
  • နိုင်ငံတော် အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာ ဖြစ်သည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး နှင့် တရားစီရင် ရေး ကဏ္ဍများကို ဆောင်ရွက်ကြရာတွင် ဂုဏ်သိက္ခာရှိရှိဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်အတွက် အရည်အချင်းပြည့်မီသည့် ဥပဒေအရာရှိများကို ခန့်အပ်တာဝန်ပေးနိုင်ရန် လိုအပ်ကြောင်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ဧပြီ ၂၉ ရက်က ပြုလုပ်သည့် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်း ကျောင်း ဖွင့်ပွဲအခမ်းအနားတွင် ပြောသည်။
  • ဒုတိယ စစ်ခေါင်းဆောင် စိုးဝင်းသည် တစ်လနီးပါးကြာ လူမြင်ကွင်းမှ ပျောက်ကွယ်နေရာမှ ဧပြီ ၂၉ ရက်က ပြန်လည်ထွက်ပေါ်လာပြီး မွန်ပြည်နယ်ရှိ ဒဏ်ရာရစစ်သားများကို သွားရောက်ကြည့်ရှုနေသည့် စစ်ကောင်စီ ထိန်းချုပ် ရုပ်သံများကတစ်ဆင့် ထုတ်လွှင့်ခဲ့သည်။
  • လက်ရှိ ဖြစ်ပွားနေသည့် တိုက်ခိုက်မှုဖြစ်စဉ်များနှင့် ပတ်သက်ပြီး အစိုးရ၊ တပ်မတော် နှင့် ပြည်သူ သုံးဦး သုံးဖလှယ် ပူးပေါင်းဆောင် ရွက်ရမည် ဖြစ်ပြီး ဒေသခံ ပြည်သူများ ပူးပေါင်းပါဝင်မှသာ အောင်မြင်နိုင် မည် ဖြစ်သည်ဟု စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းက ဧပြီ ၂၉ ရက်က မော်လမြိုင်မြို့တွင် ကရင်ပြည် နယ် နှင့် မွန်ပြည်နယ်များက ဝန်ကြီးချုပ်များ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများကို တွေ့ဆုံစဉ် ပြောသည်။
  • ထိုင်းနယ်စပ်မြို့ မြဝတီကို ပြန်လည်ထိန်းချုပ်ပြီးနောက် တစ်လအတွင်း ထိုင်းနှင့် နယ်စပ်ကုန်သွယ် ရေးကို ပြန်လည် စတင်မည်ဟု စစ်ကောင်စီခန့် ကရင်ပြည်နယ်အစိုးရအဖွဲ့ စီပွားရေးဝန်ကြီး စော ခင်မောင်မြင့်၏ ပြောဆိုချက်ကို ကိုးကားပြီး Myanmar Now သတင်းဌာ နတွင် ဖော်ပြထားသည်။
  • ယခုနှစ် ဧပြီလအတွက် အောင်ဘာလေထီရောင်းရငွေမှာ ကျပ်သန်း ၅၅၀၀ ကျော်ရှိခဲ့သည်ဟု စစ်ကောင် စီ လက်အောက်ခံ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်း အခွန်များဦးစီးဌာန၏ ဧပြီ ၃၀ ရက် ထုတ်ပြန်သည့် ကြေညာချက်အရ သိရသည်။
  • စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံဗဟိုဘဏ်အနေဖြင့် Online Trading Platform မှ တစ်ဆင့် တရုတ်ယွမ် (၅)သန်း နှင့် ထိုင်းဘတ် သန်း (၃၀) ကို မေလ (၂) ရက် တွင် ပို့ကုန်သွင်းကုန် လုပ်ငန်း ရှင်များအတွက် ထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။
  • ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာရင်းပေးသွင်းပြီး အကြောင်းအမျိုးမျိုးကြောင့် ဖြေဆိုခွင့် မရခဲ့သူများအတွက် အထူးအစီအစဉ်ဖြင့် ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲကို ဧပြီ ၂၉ ရက်ကစပြီး သက်ဆိုင်ရာ စာစစ်ဌာန အသီးသီးတွင် ဖြေဆိုနေကြပြီဖြစ်သည်ဟု စစ်ကောင်စီ လက်အောက်ခံ ပညာရေးဝန်ကြီးဌာနက သိရသည်။
  • ထိုင်းနိုင်ငံကို သွားရောက်မည့် မြန်မာ MoU လုပ်သားများကို ဧပြီ ၂၉ ရက်က လေကြောင်းခရီးဖြင့် ပထမဆုံး အကြိမ်အဖြစ် စတင်စေလွှတ်ခဲ့သည်ဟု စစ်ကောင်စီ လက်အောက်ခံ အလုပ်သမား ဝန်ကြီး ဌာနက သိရသည်။
  • ပြည်သူများ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်စေရေးအတွက် အထက်ကျိုင်းတောင်း ရေအား လျှပ်စစ် စီမံကိန်း ကို စောလျင်စွာပြီးစီးရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ သိရသည်။
  • ထိုင်း-မြန်မာနှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါသည့် မြဝတီ-မဲဆောက် ချစ်ကြည်ရေး အမှတ် (၂) တံတားကို ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်သည်ဟု နယ်စပ်ကုန်သည်အသိုင်း အဝိုင်းက သိရသည်။
  • အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီး ဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အတွင်း ရာထူး အရွှေ့အပြောင်းနှင့် မြို့နယ်အပြောင်း အလဲများအတွက် ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်း ထံ လာဘ်ထိုးသူများ နေရာ ကောင်းရပြီး လာဘ်မထိုးနိုင်သူများမှာ ရာထူးမတိုးသည့်အပြင် အန္တရာယ် များသော မြို့နယ်များသို့ ပြောင်းရွှေ့ခံရမှုများ ဖြစ်ပွားနေကြောင်း ပြည်ထဲရေး သတင်းရင်းမြစ်၏ ပြော ဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ် သတင်းဌာနတွင် ဖော်ပြသည်။
  • ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အဝင်အထွက် နှင့် စစ်ကောင်စီ၏ တပ် အနီးတစ်ဝိုက်တွင် မြို့ခံများ ထွက် သွား၍ မရအောင် မြေမြှုပ်မိုင်းများ ထောင်ထားကြောင်း မြို့ပေါ်မှ ထွက်ပြေးလွတ် မြောက်လာသူ နှင့် မိုင်းကြောင့် ထိခိုက်ဒဏ်ရာရှိသူများက ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် ဖော်ပြသည်။
  • ရန်ကုန် နှင့် မန္တလေးမြို့တို့တွင် ယခုရက်ပိုင်းအတွင်း လျှပ်စစ်မီးပြတ်မှု အခြေအနေ ဆိုးရွားလာနေ သော်လည်း ကွန်ဒို နှင့် အိမ်ရာများက မီးမပြတ်စေရန် မြို့နယ်လျှပ်စစ်ရုံးကို ငွေပေး၍ မီးမဖြတ်ခိုင်းဘဲ အချိန်ကြာကြာ မီးပိုပေးရန် လုပ်ဆောင်မှုများရှိနေကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အား ပေးရေး ဌာနနှင့် နီးစပ်သော သတင်းရင်းမြစ် တချို့၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ် သတင်း ဌာနတွင် ဖော်ပြထားသည်။
  • အကြမ်းဖက် စစ်ကောင်စီ၏ လေတပ်မှ ပြုပြင်ရမည့် တိုက်လေ ယာဉ် နှင် ရဟတ်ယာဉ် အစိတ် အပိုင်းများကို ရုရှားကုန်တင်လေ ယာဉ် IL76 က နေပြည်တော် အေလာလေတပ်သို့ လာရောက် သယ်ယူကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်၏ ပြော ဆိုချက်ကို ကိုးကားပြီး ရန်ကုန် ခေတ်သစ်သတင်းဌာနတွင် ဖော်ပြသည်။
  • ယူကေအစိုးရ တက္ကသိုလ် University of London, the School of Oriental and African Studies (SOAS) သည် ပြီးခဲ့သည့်ရက် သတ္တပတ်က စစ်အုပ်စု၏ ယူကေနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ထွန်းအောင် ကျော် ပါဝင်တက်ရောက်သည့် အာဆီယံ ရုပ်ရှင်ပွဲ တော်ကို လက်ခံကျင်းပခဲ့ပြီးနောက် ဝေဖန်မှုများ ရင်ဆိုင်နေရပြီး ခုခံကာကွယ်ဖို့ ရုန်းကန်ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။
  • ရခိုင်ပြည်နယ်၊ မင်းပြားမြို့ကို စစ်ကောင်စီက ဧပြီ ၃၀ ရက်က လေကြောင်းမှ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့ အရပ်သားပြည်သူ ၁၂ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး နေအိမ် ၅ လုံး မီး လောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ဧပြီ ၃၀ ရက် သုံးသပ်ချက်

  • အမျိုးသားညီညွတ်ရေးအစိုးရ နှင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများက နိုင်ငံတစ်ဝန်း ရာခိုင်နှုန်း ၆၀ ကျော်ကို ထိန်းချုပ်ထားနိုင်ခြင်းသည် တော်လှန်ရေးတိုးတက်လာသည်ဟုဆိုနိုင်သည်။သို့သော် ထိန်းချုပ်ထားသည့် နယ်မြေစိုးမိုးမှုများ ပြန်မပါသွားနိုင်ရေးအတွက် စစ်အုပ်စုကို အမြစ်ပြတ်ဖြုတ်ချနိုင်မှ ရနိုင်မည်ဖြစ်၍ NUG အနေဖြင့် ယခုထက်ပို၍ လုပ်ဆောင်ရမည်ဖြစ်သည်။