လက်နက်ချ သင်္ဃန်းညီနောင်ဗျူဟာမှူးသည် မြစ်ကြီးနားဆန္ဒပြသူများကို အကြမ်းဖက်ဖြိုခွင်းခဲ့သူဖြစ်

(မဇ္ဈိမ) ကရင်ပြည်နယ် သင်္ဃန်းညီနောင်ဗျူဟာစခန်းက လက်နက်ချခဲ့သည့် ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းထွန်းလတ်သည် ကချင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်စဉ်က အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းရေး အမိန့်ပေးခဲ့သူတဦးဖြစ်ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။ ဗိုလ်မှူးကြီး ထွန်းထွန်းလတ်သည် မိုးကောင်းအခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ)မှာ တာဝန်ထမ်းဆောင်စဉ်က ၂၀၂၁…

“ဘယ်မှာလဲ standard Army” လို့ စစ်ကောင်စီကို KNU မေးခွန်းထုတ် (အင်တာဗျူး)

မဇ္ဈိမ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တနိုင်ငံလုံးမှာ တော်လှန်ရေးအရှိန် တကျော့ပြန် မြင့်တက်လာခဲ့ရာ တိုင်းရင်းသားလက်နက်၊ PDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ရှုံးပြီး အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးနေကြရပါတယ်။ ခေတ်မီလက်နက်တွေ…

သင်္ဃန်းညီနောင် စစ်ကောင်စီဗျူဟာကိို ပူးပေါင်းတပ်ဖွဲ့ ဝင်ရောက်တိုက်ခိုက်

ပုံအညွှန်း- ဝှေ့ရှမ်းရွာအတွင်း မတ်လ ၂၈ ရက်နေ့က စစ်ကောင်စီ​၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ဆိုင်ခန်းတခု (ဓါတ်ပုံ- လူမှုကွန်ရက်) YT (မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်အခြေစိုက် စစ်ကောင်စီဗျူဟာကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊…

သင်္ဃန်းညီနောင်တွင် တိုက်ပွဲဆက်လက်ပြင်းထန်

ပုံအညွှန်း- ဖလူးစခန်းသိမ်းတိုက်ပွဲအတွင်း သိမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများ (ဓါတ်ပုံ- KNLA) YT မဇ္ဈိမ။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်မြို့သစ်အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ (၃၅၇) တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှ…

သင်္ဃန်းညီနောင် ခမရ(၃၅၅) စခန်းသိမ်းတိုက်ပွဲမှ လက်နက် ၁၄၀ သိမ်းဆည်းရမိကြောင်း KNLA ထုတ် ပြန်

ဓါတ်ပုံ- KNLA-GHQ YT (မဇ္ဈိမ)။ ။ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်မြို့သစ်ရှိ စစ်ကောင်စီ၏ ခမရ (၃၅၅) စခန်း သိမ်းတိုက်ပွဲအတွင်း လက်နက် ၁၄၀ လက် သိမ်းဆည်းရမိခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)ဌာနချုပ်က သတင်းထုတ်ပြန်သည်။ အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှူးဌာနချုပ်(…

သင်္ဃန်းညီနောင်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့အကြောင်း လက်ရှိအခြေနေ

(မဇ္ဈိမ)။ ။ ကရင်ပြည်နယ် မြဝတီမြို့ သင်္ဃန်းညီနောင်ကျေးရွာက စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ခမရ၃၅၅(ခြေမြန်တပ်ရင်း)၊ခမရ၃၅၆ (ခြေမြန်တပ်ရင်း)နဲ့ ခမရ၃၅၇(ခြေမြန်တပ်ရင်း) ကို KNU/KNLAနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက မတ်လ ၇ရက်နေ့မှ စတင်ပြီး စခန်းသိမ်းတိုက်ပွဲ တိုက်ခိုက်နေကြပါတယ်။ မတ်လ ၈ရက်နေ့က ခမရ၃၅၅(ခြေမြန်တပ်ရင်း)ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့…

သင်္ဃန်းညီနောင်တွင် ပြင်းထန်တိုက်ပွဲ ဆက်လက်ဖြစ်ပွား၊ ခမရ (၃၅၅) ကို KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ရရှိကြောင်း သတင်းထွက်

ပုံအညွှန်း- ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ YT (မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်မြို့သစ်တွင် ပြင်းထန်တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ခမရ (၃၅၅) ကို KNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်ရရှိကြောင်း သတင်းထွက်နေသည်။ ယမန်နေ့ မတ်လ ၇…