“ဘယ်မှာလဲ standard Army” လို့ စစ်ကောင်စီကို KNU မေးခွန်းထုတ် (အင်တာဗျူး)

မဇ္ဈိမ

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တနိုင်ငံလုံးမှာ တော်လှန်ရေးအရှိန် တကျော့ပြန် မြင့်တက်လာခဲ့ရာ တိုင်းရင်းသားလက်နက်၊ PDF ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်ရှုံးပြီး အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးနေကြရပါတယ်။

ခေတ်မီလက်နက်တွေ တပ်ဆင်ထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ တိုက်ပွဲတွေမှာ အရေးနိမ့်ပြီး ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ထိုင်းနဲ့ တရုတ်စတဲ့ အိမ်နီးချင်းနိုင်ငံတွေထဲကို ထွက်ပြေးနေရတဲ့ အဲဒီအခြေအနေတွေကို ရည်ညွှန်းပြီး “ဘယ်မှာလဲ standard Army” လို့ KNU ပြောခွင့်ရသူ ပဒိုစောတောနီးက မေးခွန်းထုတ်လိုက်တာပါ။

ဒါ့အပြင် တိုင်းရင်းသားလက်နက်ကိုင် ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မကြုံစဖူး အစုလိုက်အပြုံလိုက် လက်နက်ချအညံ့ခံမှုတွေလည်း ပေါ်ပေါက်နေတာပါ။

KNU ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ဧပြီလ ၅ ရက်နေ့က သိမ်းပိုက်လိုက်တဲ့ သင်္ဃန်းညီနောင် ဗျူဟာသိမ်းတိုက်ပွဲမှာ ဗျူဟာမှူး အပါအဝင် စစ်သည်နဲ့ တပ်မိသားစုဝင် စုစုပေါင်း ၆၁၇ ဦး KNU ဆီမှာ လက်နက်ချ အညံ့ခံခဲ့ပါတယ်။ ဒါဟာ စစ်တပ်ကအာဏာသိမ်းပြီးနောက် တိုက်ပွဲတွေ အဆက်မပြတ်ရှိခဲ့တဲ့ ကရင်ပြည်နယ်မှာအစုလိုက်အပြုံလိုက် အများဆုံး လက်နက်ချမှု ဖြစ်လာခဲ့ပါတယ်။

ဒီစစ်သုံ့ပန်းတွေကို ဘယ်လိုထိန်းသိမ်းထားပါသလဲ၊ ကရင်ပြည်နယ်အတွင်းက စစ်ရေးအခြေအနေ၊ စစ်ကောင်စီတပ်ဖွဲ့အပေါ် အမြင်နဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) ပြောခွင့်ရသူ ပဒိုစောနီးကို ကိုနောင်နောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

တည်းဖြတ်- နောင်နောင်