၁၀၂၇ စစ်ဆင်ရေးမှ စစ်သုံ့ပန်း ၄၁ ဦး MNDAA ပြန်လွှတ်

ဓာတ်ပုံ − The Kokang ရွှေနွယ် (မဇ္ဈိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်းမှ ၁၀၂၇ စစ်ဆင်ရေးအတွင်း ဖမ်းဆီးခဲ့သည့် စစ်ကောင်စီသုံ့ပန်းများအနက် ၄၁ ဦးကို မတ်လ ၁၀ ရက်နေ့တွင် ပြန်လွှတ်ပေးလိုက်ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က ထုတ်ပြန်သည်။ MNDAAနိုင်ငံရေးဌာန၊လုံခြုံရေးဌာနခွဲလက်ထောက်ညွှန်ကြားရေးမှူး…

ရမ်းဗြဲမြို့ကို AA အလုံးစုံသိမ်းပိုက်၊ ရသေ့တောင်နှင့် မောင်တောကို ထိုးစစ်အရှိန်မြှင့်‌

002 (မဇ္ဈိမ)။ ။ရခိုင်ပြည်နယ်တောင်ပိုင်းမှ ရမ်းဗြဲမြို့ကို ရက္ခိုင့်တပ်တော်(AA)က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ရသေ့တောင်နှင့် မောင်တောကို ထိုးစစ်အရှိန်မြင့်တိုက်ခိုက်‌နေသည်ဟု မတ်လ ၁၁ ရက်နေ့ညပိုင်းတွင် AA က သတင်းထုတ်ပြန်ထားသည်။ မတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၁…

စစ်ကောင်စီရဟတ်ယာဉ်ကို ဖျက်စီးနိုင်ခဲ့သည့်ဓာတ်ပုံများ ‌မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ထုတ်ပြန်

002 (မဇ္ဈိမ)။ ။စစ်ကောင်စီ၏ ရဟတ်ယာဉ်တစင်းအားဖျက်စီးနိုင်ခဲ့သည့် ဓာတ်ပုံများကို ‌မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေး ရက် ၁၀၀ ပြည့်ချိန်တွင် ထုတ်ပြန်လာသည်။ အဆိုပါဓာတ်ပုံများတွင် စစ်ကောင်စီ၏ ရဟတ်ယာဉ်အပျက်အစီးများရှေ့၌ ညီနောင်သုံးဖွဲ့၀င်ဖြစ်သည့် AA တပ်ဖွဲ့၀င်များကို တွေ့ရသည်။…

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီထံမှသံချပ်ကာ ၁၉ စီး၊တင့်ကား ၄ စီးနှင့် လက်နက်ခဲယမ်းအများအပြား MNDAA ရရှိ

ပုံအညွှန်း-ချင်းရွှေဟော် မာကြာတစ်ပေါက်ပေါက်တောင်ကုန်းမှ သိမ်းဆည်းရရှိသည့် သံချပ်ကာ (The Kokang) ဂျူချန်း (မဇ္ဈိမ)။ ။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့မှ ဖော်ဆောင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီထံမှ သံချပ်ကာ ၁၉ စီး၊တင့်ကားလေးစီးနှင့်ဒုံးပစ်လောင်ချာအပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း MNDAA…

ကောလင်းတွင် ဒေသခံများထံက စားသောက်ကုန်များကို စစ်ကောင်စီတပ်လုယူ

ပုံအညွှန်း- ကောလင်းတွင်စစ်ကောင်စီ၏လက်နက်ကြီးကျည်ကြောင့်ပျက်စီးသွားသည့်နေအိမ်များ ဓါတု (မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အရှေ့ဘက်အခြမ်းရှိ နေအိမ်အချို့တွင် စစ်ဘေးရှောင်ရန်ရိက္ခာစုဆောင်းနေသည့် ဒေသခံများထံမှစားသောက်ကုန်များကို စစ်ကောင်စီတပ်သားများက လုယူသယ်ဆောင်သွားကြောင်း ဒေသခံများထံသိရသည်။ အိမ်ခြေ ၁၀၀ ကျော်နေထိုင်သည့် ရွာခံများထံအလှူရှင်များလှူဒါန်းထားသည့် အခြေခံစားသောက်ကုန်ပစ္စည်းများအား အင်အား…

ကျောက်တော်တွင် စစ်ကောင်စီတပ် လက်နက်ကြီးနှင့်လေကြောင်း ပစ်ခတ်ရာ ကလေးငယ်၂ ဦးအပါအဝင် ၆ ဦးသေဆုံး

ခက်နွေ (မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပီချောင်းဒေသ လင့်စင်ရွာသစ်ကို အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်း ပစ်ခတ်မှုကြောင့် ဒေသခံပြည်သူ ကလေးငယ် နှစ်ဦး အပါအဝင် ခြောက်ဦး သေဆုံးပြီး၊ ခြောက်ဦး ဒဏ်ရာရရှိသွားသည်ဟု…

စစ်ကောင်စီတပ်သား ၃၀၀ နီးပါး အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေး

ပုံအညွှန်း – ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သားများ ပါခွီး (မဇ္စျိမ) ။ ။ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားနေသော တိုက်ပွဲများမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၂၇၈ ယောက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်းသို့ ဝင် ရောက်လာကြောင်း…

မင်းပြားတိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုအပြင်းအထန်ပြုလုပ်

ပုံအညွှန်း − မင်းပြားမြို့မှ စစ်ရှောင်ပြည်သူများ ရွှေနွယ် မဇ္ဈိမ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် ယနေ့ ဇန်နဝါရီ ၁၆ ရက်နေ့၌ စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်( ULA/AA )တို့ တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်ကောင်စီတပ်က မင်းပြားမြို့ပေါ်ရပ်ကွက်များနှင့်…

မင်းပြားမြို့၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှုရှိ

ပုံအညွှန်း – မင်းပြားမြို့အဝင်ဆိုင်းဘုတ်မြင်ကွင်း။ (ပုံ – လူမှုကွန်ရက်) ရောင်နီ (မဇ္စျိမ)။ ။ ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်မှ စစ်ကောင်စီခြေမြန်တပ်ရင်းများကို ရက္ခိုင့်တပ်တော်(AA)က တိုက်ခိုက်ရာမှ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။ မင်းပြားမြို့ရှိ…

ကွတ်ခိုင် စစ်ဗျူဟာ သိမ်းပိုက်ခံရတဲ့ မြင်ကွင်းများ(သတင်းဓာတ်ပုံ)

009 (မဇ္ဈိမ)။ ။ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ စစ်ဗျူဟာအဖွဲ့(အခြေချ) တပ်စခန်းကြီးကို ဇန်နဝါရီ ၈ ရက် မနက်အစောပိုင်း၌ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။။ မြို့အနောက်ဘက် အမှတ် (၁) ရပ်ကွက်ရှိ ထိုဗျူဟာတပ်စခန်းသည် TNLA ဦးဆောင်သော…