နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၄ စက်တင်ဘာ ၂၀၂၃)

အမျိုးသားညီညွတ်ရေး အစိုးရ

စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီကြောင့် နေအိမ်မီးရှို့ခံလိုက်ရသည့် စစ်ဘေး ရှောင်ပြည်သူများအတွက် လုံခြုံမှုရှိသောနေရာများတွင် ယာယီတဲ (၁၀၈) လုံးကို ကိုရီးယားက ရဲဘော်များ၏ ရန်ပုံငွေပံ့ပိုးမှုနှင့် စက်တင်ဘာလအတွင်း ဆောက်လုပ်ပံ့ပိုးပေးခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန် ကြီးဌာနက ထုတ်ပြန်သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် စက်တင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတကာ ဒီမိုကရေစီနေ့ အခမ်းအနားကို ကြီးမှူးကျင်းပမည်ဖြစ်ကြောင်း အသိပေးကြေညာလိုက်သည်။
မင်းအောင်လှိုင် ဦးဆောင်သည့် အကြမ်းဖက်စစ်တပ်က နိုင်ငံတော်အာဏာကို လုယူသိမ်း ပိုက်ချိန်မှစ၍ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် တရားမဝင်သယ်ဆောင်ရောင်း ဝယ်မှုများ ယခင်ကာလများ ထက် ပိုမိုဖြစ်ပွားလာခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ က ထုတ်ပြန်သည်။

တရားဝင်မှုအရေး(UN Credential Campaign) အတွက် ပြည်သူလူထု၏ တောင်းဆိုတိုက်ပွဲ ဝင်ကြမည့် တိုက်ပွဲလှုပ်ရှားမှုများကို အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့များနဲ့ သပိတ်အင်အားစုတွေက စက်တင်ဘာ ၁၃ ဆွေးနွေးခဲ့ကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော် မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းတို့မှာရှိတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲ အစည်းအဝေး (၃၁/၂၀၂၃)ကို စက်တင်ဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီမှာ ပြုလုပ်ခဲ့ ကြသည်။

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းက နွေဦးတော်လှန် ရေးရဲဘော်များနှင့် ဒေသခံပြည်သူလူထုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဒေါနစစ်ကြောင်း၏ ဆေးတပ်ဖွဲ့က ကျန်းမာရေးစောင့်ရှောက်ကူညီမှုများ ပြုလုပ်ပေးနေကြောင်း သိရသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် ကုလသမဂ္ဂ အပါအဝင် အာဆီယံအသိုက်အဝန်းနှင့် အိမ်နီးနားချင်း နိုင်ငံခေါင်းဆောင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ တော်လှန်ရေးအင်အားစုများ က ယခုထက် ပိုမိုတွန်းအားပေး ဝန်းရံကြရန် အတွက် NLD က ကြေညာချက်ထုတ်ပြန်သည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးတစ်စုံတစ်ရာ ချို့ယွင်းမှု သာမက အသက်အန္တရာယ်ကိုပါ ထိခိုက်မှုဖြစ်ပေါ်လာပါက စစ်ကောင်စီတွင်သာ လုံးဝတာဝန် ရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၊ ဗဟိုအလုပ်ကော်မတီက ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအားထောက်ခံသည့် ချီတက်ဆန္ဒပြပွဲကို ယနေ့ စက်တင်ဘာလ ၁၄ ရက်တွင် ပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အထက်ပိုင်း၊မြွေပိုင်းတောင်အနီး ချင်းတွင်းမြစ်ကြောင်းတွင် စစ်ကောင်စီတပ်ရေယာဉ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်သားသုံး ဦးသေ ဆုံးခဲ့ကြောင်း ကျောက်လုံးကြီးပြည်သူ့ကာကွယ်ရေးတပ် (KLG PDF) ထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင်ရှိ အကြမ်းဖက် စစ်တပ်၏ မအူဂိတ်ကို ၄၀ မမ ဗုံးသီးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း Monywa Lightning PDF မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

မကွေးတိုင်း ရေစကြိုမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲပြီးနောက် ဒရုန်းဖြင့် ဗုံးသီချတိုက်ခိုက်ခဲ့ရာ လေးဦး အပြင်းအထန် ဒဏ်ရာရ ရှိ သွားကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။ မကွေးတိုင်း၊ အောင်လံမြို့နယ်ရှိ လူဝင်မှုကြီးကြပ်ရေးရုံး(လဝကရုံး)ကို တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိခဲ့ ကြောင်း မကွေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (အောင်လံမြို့နယ်) တာ၀န်ရှိသူထံက သိရသည်။

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူများကို ဖမ်းဆီးပြီး ကျေးရွာများကို စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ ၁၈ ရွာမှ ပြည်သူ ၁၀၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံပြည်သူများကပြောသည်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှု အခြေအ နေများနှင့် ပတ်သက်ပြီး အမေရိကန် အောက် လွှတ်တော်ကော်မတီကြားနာပွဲတရပ် စက်တင် ဘာလ ၁၃ ရက်နေ့က ပြုလုပ်ခဲ့သည်။
မြန်မာအာဏာသိမ်းစစ်ကောင်စီအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံ တင်းကျပ်ရန်နှင့် ၎င်းတို့၏ အဓိက ဝင်ငွေရင်းမြစ်ဖြစ်သည့် နိုင်ငံပိုင် ရေနံနှင့် ဓာတ်ငွေ့လုပ်ငန်းကိုလည်း ဒဏ်ခတ်ပိတ်ဆို့သွား ရေး မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က စက်တင်ဘာ ၁၃ ရက်တွင် အမေရိကန်ကို တိုက်တွန်းတောင်းဆိုလိုက်သည်။

ရန်ကုန်တိုင်း ၊ ရွှေပြည်သာမြို့နယ်၊ အမှတ် (၈) ရပ်ကွက်၊ ကမ္ဘောဇပန်းခြံထောင့်၊ တပင်ရွှေထီး လမ်းရှိ လဘက်ရည်ဆိုင်တဆိုင်တွင် စစ်ကောင်စီ၏ ရဲအရာရှိတဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားသည်။

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၊ လေကြောင်းရဲတပ်ဖွဲ့မှ ဒုရဲအုပ် သန်းမင်းစိုးနှင့် ဇနီးဖြစ်သူ ဒေါ်သူဇာထွန်းတို့ တိုက်ခိုက်ခံရပြီး သေဆုံးသွားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ရဲကြေးနန်းကို ကိုးကား၍ ရန်ကုန်ခေတ်သစ် သတင်းတွင် ဖော်ပြထားသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် တပ်မဟာ(၃)ထံကို အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ဦး လက်နက်နဲ့ အလင်းဝင်လာ၍ ဆုငွေထောက်ပံ့ပေးအပ်ခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

KNU တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်ထဲက ခေးပူစခန်း အသိမ်းခံရပြီး နောက်ရက်မှာပဲ ကျေးရွာ ၄ ရွာကို စစ်ကောင်စီလေတပ်က ဖျက်အားပြင်း ပဒေသာဗုံး(Cluster) နဲ့ကျဲခဲ့ကြောင်း KNU ကထုတ်ပြန်သည်။

ကရင်ပြည်နယ် ကော့ကရိတ် – မြဝတီ အာရှလမ်းတစ်လျှောက်၌ တစ်လအတွင်းတိုက်ပွဲများတွင် အာဏာသိမ်း စစ်ကောင်စီတပ်မှ ၃၁ဦး သေဆုံးပြီး ၂၆ဦးဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU) ဒူးပလာယာ ခရိုင်က သတင်းထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်(ခလယ်လွီထူခရိုင်) တပ်မဟာ (၃) ထံသို့ လက်နက်ချက်အလင်းဝင်လာသော စစ်ကောင်စီတပ်သား နှစ်ဦးအား ထောက်ပံ့ငွေ ကျပ် သိန်း ၄၀စီထောက်ပံ့ခဲ့ကြောင်း KNUဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ

မြန်မာ့အာဏာသိမ်းစစ်ကောင်စီက တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကို မြောက်ကိုရီးယား ဆိုင်ရာ မြန်မာသံအမတ် ပူးတွဲခန့်အပ်ကြောင်း စက်တင်ဘာလ ၁၁ ရက်နေ့စွဲဖြင့် ထုတ်ပြန် လိုက်သည်။

နေပြည်တော်မှာ ကျင်းပပြုလုပ်သည့် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို အာဆီယံအဖွဲ့ဝင် ၅နိုင်ငံတက်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရွန်နစ်မဲပေးစက် နှင့် ပတ်သက်ပြီး ဝန်ကြီးဌာန အဖွဲ့အစည်း ၃၆ ခုကို ရှင်းလင်းပြသလက်တွေ့ခြင်းနှင့်သရုပ်ပြစမ်းသပ်မဲပေးခြင်းများ ပြုလုပ်ထားပြီးဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံကို လေကြောင်းနှင့်ဝင်ရောက်လာမည့် တရုတ်နှင့် အိန္ဒိယ ခရီးသည်များကို ကမ္ဘာလှည့် ဆိုက်ရောက်ဗီဇာများ မကြာခင်ထုတ်ပေးသွားမည်ဟု အကြမ်းဖက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက စက်တင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်သာည်။

စက်တင်ဘာ ၁၄ ရက် သုံးသပ်ချက်

အကြမ်းဖက်စစ်ကောင်စီသည် ရှေ့တန်းစစ်မျက်နှာများတွင်သာမက နယ်မြေတော်တော် များများ တွင် စိုးမိုးနယ်မြေ လျော့လာသလို မြို့ကြီးများတွင် ပျောက်ကြားစစ်ဆင်ရေးများ ပြန်လည်တွေ့မြင်လာရသည်။

ရေးမြို့နယ်တစ်ဝိုက်ကို တွင် တော်လှန်ရေးတပ်ဖွဲ့များ၏ စစ်ဆင်ရေးများ များပြားလာပြီး တစ်မြို့နယ်လုံးနီးပါးကို တော်လှန်ရေးတပ်ဖွဲ့များမှ ထိန်းချုပ်လာနိုင်သည်ကို တွေ့ရသည်။