နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၇ အောက်တိုဘာ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၇ အောက်တိုဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ

အမျိုးသားညီညွတ်ရေးအစိုးရ ၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက စစ်ကိုင်းတိုင်း ၊ ထီးချိုင့်မြို့နယ် နဲ့ ပင်လယ်ဘူးမြို့နယ်အတွင်းတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအတွက် လိုအပ်တာတွေ ပံ့ပိုးကူညီမှများလုပ်ခဲ့ကြောင်း ထီးချိုင့်မြို့နယ်၏ MOWYCA တာဝန်ခံက သတင်းထုတ်ပြန်ထားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေးဦးစီးဌာန နှင့် Myanmar Institute of Economy, Commerce and Industry (MIECI) တို့ပူးပေါင်းပြီးတော့ ကုန်သွယ်မှု သတင်း အချက်အလက် ပေါ်တယ်များကို မြှင့်တင်ခြင်း” သင်တန်းကို CDM ကျောင်းသားများနှင့် CDM ဝန်ထမ်းများ အတွက် ၂ ရက်တာပြုလုပ်ပေးသွားမည်ဟုသတင်းထုတ်ပြန်ထားသည်။

နေပြည်တော်စစ်ဒေသခွဲ တပ်ရင်းအမှတ် ၈၀၅ ၏ ရဲဘော်များအတွက် နေပြည်တော်စစ်ဒေသခွဲ ပြည်သူလူထုလုံခြုံရေးဌာနက ဦးစီးပြီးတော့ အောက်တိုဘာ ၃ ရက် မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ သင်တန်းပြုလုပ်ပေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က သတင်းထုတ်ပြန်ထားသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

ရန်ကုန်မြို့၊ ၄၄ လမ်းဖြစ်စဉ် တွင် ကျဆုံးသွားသူများအား ဂုဏ်ပြုသည့် အနေဖြင့် ရန်ကုန်မြို့ စျေးတနေရာတွင် စစ်အာဏာရှင်တော်လှန်ရေး လှုပ်ရှားမှု တခုကို North Dagon Oppressed People’s Strike Colition က ပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ်ရှိ ပျူစောထီးဆိုသူများနေထိုင်သည့် အလယ်ကျွန်းကျေးရွာကိုယမန်နေ့ အောက်တိုဘာလ ၆ ရက် မနက်ပိုင်းက ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်သည်ဟု ကျောက်လုံးကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( KLG-PDF) သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူထံက သိရသည်။

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်၊ လက်တောင်းကြီးကျေးရွာအနီး ရိုးလမ်းခွဲဇရပ်တွင် အောက်တိုဘာ ၅ ရက် နံနက် ၁၀ နာရီ အချိန်က စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်သည်ဟု ယင်းမာပင်ခရိုင် အမှတ်(၂၉) တပ်ရင်း တာဝန်ရှိသူထံက သိရသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုလဲ-ဂန့်ဂေါ လမ်းပိုင်းကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး နေပြီး ပြည်သူ ၁၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ အောက်တိုဘာလ ၇ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ ခဲ့ကြောင်း သိရသည်။

ဆားလင်းကြီးမြို့နယ်၊ ကျေးရွာတစ်ရွာတွင် စစ်အကြမ်းဖက်အုပ်စု၏ ရက်ရက်စက်စက် မီးရှို့သတ် ဖြတ်ခြင်း ခံရသည့် ရဲဘော် ၁၀ဦး ကျဆုံးခြင်း တစ်နှစ်နှင့်ဆယ့်လပြည့် ဝမ်းနည်းခြင်း အခမ်းအနား ကျင်းပခြင်းနှင့် စစ်အာဏာရှင်စနစ်ကျဆုံးရေး ဆန္ဒပြခဲ့ကြသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးကျေးရွာတွင် ရှိသည့် ပျူစောထီးစခန်းကို ဒေသကာ ကွယ်ရေး တပ်ဖွဲ့ များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ပျူနှင့် စစ်ကောင်စီတပ်ဖွဲ့ ဝင်များ သေဆုံးမှုရှိ ကြောင်း မတ္တရာ မြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ တောင်ခင်ရန်း ရဲစခန်းရှိ က တုတ် ကျင်းတူနေသော ရဲများကို ပစ်ခတ် တိုက်ခိုက်ရာ ၁ ဦးသေဆုံးခဲ့ကြောင်း ABSDF Column – 3 စစ်ကြောင်းထံမှ သိရသည်။

ဩစတြေးလျ Macarthur Bulls ဘောလုံးအသင်းက မြန်မာနိုင်ငံ သွား ရောက်ပြီး စစ်တပ်နှင့် စီးပွားရေး ဆက်နွယ်နေသော ခရိုနီ ခွန်နောင်မြင့် ဝေပိုင် ရှမ်းယူနိုက်တက် ယှဉ်ပြိုင်ကစားရန် ဆုံးဖြတ်မှုအပေါ် Justice for Myanmar (JFM) က ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်သည်။

ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ ၏ နှစ်နှစ်ပြည့်နေ့ကို တော်လှန်ရေးအင်အားစုများက သဝဏ်လွှာတွေပေးပို့ခဲ့ကြကြောင်း အဆိုပါ တပ်ဖွဲ့ဆီကသိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့ ၊ အမှတ်(၁၄) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းတွင် ရပ်နားထားသည့် စစ်ကောင်စီယာဥ်တန်းမှ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်၍ အမျိုးသမီးတဦး ဦးခေါင်းနှင့် ကျောကုန်းတွင် ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်ပျက်စီးမှုများ ရှိကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့ (KNDF) က အောက်တိုဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ ဒူးပလာယာခရိုင်တွင် စစ်ကောင်စီ တပ်အနေဖြင့် စစ်အင်အားဖြည့်တင်းခြင်း၊ ပစ္စည်းများ ပို့ဆောင်ခြင်းကို လေကြောင်းမှပြုလုပ် လျက်ရှိရာ ရဟတ်ယာဉ်ပေါ်မှ လေထီးဖြင့်ပစ္စည်းများ ချပို့ဆောင်သည့် ရုပ်သံမှတ်တမ်းကို KNUက ယနေ့ ညပိုင်း၌ ထုတ်ပြန်သည်။

စစ်ကောင်စီ

ကလေးမြို့တွင် ‌ဘောလုံးကစားရန်ပြင်ပသို့ဆိုင်ကယ်ဖြင့် ထွက်လာသည့် လူငယ်လေးဦးကို စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ရာ အသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦး သေဆုံးသွားသည်။

မန္တလေးတိုင်း၊ မြင်းခြံမြို့တွင် စစ်ကောင်စီက ပျူစောထီးသင်တန်းပေးနေပြီး မတက်မနေရ အတင်းအဓမ္မစေခိုင်းနေကြောင်း ဒေသခံများက ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲထောင်ချထားသည့် အဂတိအမှု ၆ မှုအတွက် အယူခံကို ပယ်ချလိုက်ကြောင်း စစ်ကောင်စီ တရားလွှတ်တော် ချုပ်က ယမန်နေ့ က ထုတ်ပြန်သည်။

အဏုမြူစွမ်းအင်၊ နျူကလီးယားနည်းပညာ ဘာသာရပ်များ အပါအဝင် သိပ္ပံနည်းပညာနှင့် အင်ဂျင်နီယာ ဘာသာရပ်များတွင် ပူးပေါင်းဆောင်ရွက်ရန် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနမှ တက္ကသိုလ်သုံးခုနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ National Research Nuclear University (Moscow Engineering Physics Institute-MEPhI) တက္ကသိုလ် တို့အကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးပွဲ ရန်ကုန်နည်းပညာတက္ကသိုလ်မှာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကုန်ဈေးနှုန်းကြီးမြင့်မှုကို လျှော့ချနိုင်ရန် မြန်မာစီးပွားရေး ကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွား ရေး ဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်တို့ကို တာဝန်ပေးအပ်ပြီး ရန်ကုန်တိုင်း ဒေသ ကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့အတွက် အသား၊ ငါးနှင့် ရာသီသီးနှံလိုအပ်ချက်ကို တစ်ဖက် တစ်လမ်းမှ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်နေကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။

အောက်တိုဘာ ၇ ရက် သုံးသပ်ချက်

ရောင်းလိုအားနှင့်ဝယ်လိုအားကို မျှတအောင်လုပ်ရမည်ဆိုသည့် အခြေခံစီးပွားရေးဆိုင်ရာကိုတောင် မသိဘဲ စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်က ကုန်ဈေးနှုန်းကျအောင် စစ်တပ်ကုမ္ပဏီများကို ဈေးလိုက်ရောင်းခိုင်းနေပြီး ယင်းကုမ္ပဏီများမှ နေရာကွက်ကွက်လေးရောင်းရုံမျှဖြင့် ကုန်ဈေးနှုန်းများ ကျဆင်းသွားမည်ဟု ထင်နေသည် အာဏာလုမင်းအောင်လှိုင်၏ အရည်အချင်းကို တွေ့ရသည်မှာ စိတ်ပျက်စရာဖြစ်သည်။

အာဏာသိမ်းစစ်တပ်ကို ရရာလက်နက်စွဲကိုင်ကာ တော်လှန်နေသည့် ပြည်သူ့တော်လှန်ရေးသည် နှစ်နှစ်ကျော်လာချိန်တွင် ဖွဲ့စည်းမှုအားကောင်းလာသလို တိုက်ခိုက်မှုစွမ်းရည်များလည်း တိုးတက်လာသည်ကို တွေ့မြင်ရသည်။