နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၃အောက်တိုဘာ၂၀၂၃)

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၁၃အောက်တိုဘာ၂၀၂၃)

အမျိုးသားညီညွတ်ရေးအစိုးရ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော် မတီ အစည်းအဝေး အမှတ်စဉ် (၄၁/၂၀၂၃) ကို အောက်တိုဘာ ၁၂ ရက် မနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့ကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် ခရိုင်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှု အစည်းအဝေး(၃၃/၂၀၂၃)ကို အောက်တိုဘာ ၁၂ ရက် မွန်းလွဲ ၃ နာရီမှာ ပြုလုပ်ခဲ့ကြသည်။

စစ်ကိုင်းတိုင်း ၊ ကန့်ဘလူမြို့နယ် ၊ မလယ်တိုက်နယ် ၊ ချောင်းရှည်အပိုင် ကျေးရွာတွင် ကိုးနှစ် အရွယ်ကလေးငယ်အပါအဝင် မိသားစုဝင်ခြောက်ဦး နေအိမ်အတွင်း၌ သတ်ဖြတ်ခံရမှု ကန့်ဘလူ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပ.အ.ဖ) နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့(ပ.လ.ဖ)များလာရောက် စစ်ဆေးနေ ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ အပါအဝင် နိုင်ငံတော် အကြီးအကဲများ နှင့် ပြည်သူ့တော်လှန်ရေးရဲဘော်များ အွန်လိုင်းမှ တွေ့ဆုံမှုကို အောက်တိုဘာ ၁၀ရက်က အချိန် ၄နာရီကြာ ပြုလုပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

မလေးရှားနိုင်ငံတွင် ရောက်ရှိနေကြသည့် ချင်းဒုက္ခသည်များထံမှ UNHCR ၏ ဝန်ထမ်းအယောင် ဆောင်ကာ ငွေကြေးလိမ်လည်မှုများ ရှိနေသည်ဟု မလေးရှားCommunity အဖွဲ့အစည်းထံမှ သိရသည်။

ကချင်ပြည်နယ်၊ လိုင်ဇာမြို့၊ မုန်လိုင်ခက်ရွာ စစ်ရှောင်စခန်းအောက်တိုဘာ ၉ရက်က တိုက်ခိုက် ခံရမှုနှင့် ပတ်သက်၍ လူမှုကွန်ရက်စာမျက်နှာ၌ မှတ်ချက်ပေးခဲ့ခြင်းကြောင့် မန္တလေးတိုင်း၊ အမရ ပူရ မြို့နယ်တွင် နေထိုင်သည့် CDM ကျောင်းဆရာမ ဒေါ်မိုးမိုးသူကို အောက်တိုဘာ ၁၂ရက်၊ ညနေ ၅နာရီကျော်တွင် စစ်​ကောင်စီတပ်ဖွဲ့က နေအိမ်ကို စီးနင်းဝင်ရောက် ဖမ်းဆီးသွားကြောင်းသိရသည်။

ကချင်ပြည်နယ်၊ လိုင်ဇာမြို့အနီးရှိ မုန်လိုက်ခက်ရွာက စစ်ရှောင်စခန်း ပြန်လည်ထူထောင်ရေး အတွက် The Way Musical Film အဖွဲ့က ငွေကျပ် သိန်း၁၀၀လှူဒါန်းခဲ့ကြောင်း The Way ဖေ့ဘုတ် လူမှုကွန်ရက်စာမျက်နှာတွင် အောက်တိုဘာလ ၁၁ရက်တွင် အသိပေးထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၂ သန်းနီးပါးရှိလာခဲ့ပြီး ယင်းထဲက ၁ ဒသမ ၇ သန်းနီးပါးသည် ၂၀၂၁ စစ်အာဏာသိမ်းမှုအပြီး ဖြစ်ပေါ်လာသည့် ပဋိပက္ခနဲ့မလုံခြုံမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူများဖြစ်ကြောင်း ကုလသမဂ္ဂလူသားချင်းစာနာ မှုညှိနှိုင်းရေးရုံး (OCHA)က ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ခေါင်းခွဲကျေးရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၂ရက် ညနေ ၅နာရီခန့်တွင် စစ်ကြောင်းထိုး ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၂၀ နီးပါး နှင့် နွားလေးကောင် သေဆုံးခဲ့ကြောင်း မီးဘေးသင့် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ကိုထွဋ်ခေါင်ဝင်းကပြောသည်။

ပဲခူးတိုင်း၊ ပြည်ခရိုင် သဲကုန်းမြို့နယ်၏ ၂၀၁၀ ရွေးကောက်ပွဲအနိုင်ရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဦးစိုးအောင်သည် ယမန်နေ့ အောက်တိုဘာ ၁၂ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်ခန့်က သဲကုန်းမြို့လယ်စျေးအနီးတွင် ပစ်ခတ်ခံရ၍ သေဆုံးကြောင်း ဒေသခံများထံမှသိရသည်။

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် (၃) လမ်းမကြီးပေါ် ပျဥ်းမပင်စက်မှုဇုန်ရှိ စစ်တပ်ပိုင် မြန်မာဘီယာစက်ရုံအား အောက်တိုဘာ ၁၂ ရက် ည ၇ နာရီဝန်းကျင်က ၁၀၇ မမ နှစ်လုံးပစ်ခတ် တိုက်ခိုက်ရာ အပျက်အစီးများကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သူများကပြောသည်။

နွေဦးတော်လှန်ရေးကာလတွင်း လိင်အကြမ်းဖက်မှုများနှင့် လိင်ပိုင်းဆိုင်ရာစော်ကားမှုများအား ထိရောက်သော အရေးယူဒဏ်ခတ်မှုများ အကောင်အထည်ဖော်နိုင်ရန် သပိတ်အင်အားစုများက ယမန်နေ့(အောက်တိုဘာ ၁၂)တွင် စုပေါင်းတောင်းဆိုသည်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ပျဉ်းစုကျေးရွာအနီး၌ ယနေ့နံနက်အစောပိုင်းကစ၍ တိုက်ပွဲပြင်းထန် နေပြီ နေ့လယ် ၁၂ နာရီကျော်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက် ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း ပုလဲ၊ဆားလင်ကြီးနှင့် ယင်းမာပင်မြို့နယ်တို့တွင် စစ်ကောင်စီ လေကြောင်းမှတို က်ခိုက်လာနိုင် ၍ ပြည်သူများသတိရှိကြရန် ပြည်ထောင်စုလွတ်မြောက်ရေးတပ်ဦး(ULF)က သတိပေးချက်ထုတ်ပြန်သည်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ခေါင်းခွဲကျေးရွာအား မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတ​ပ်အား တိုက်ခိုက်ခဲ့ကြောင်း မြောင်ဗိုလ်တောက်ထွန်း (MBTT) အထူးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်တောက် ထွန်းက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ကရင်ပြည်နယ်၊ မြဝတီ -ကော့ကရိတ် အာရှလမ်းမကြီးပေါ်က ဆပ်ကြေးကောက်နေသည့် အကြမ်း ဖက် စစ်တပ်ဂိတ်ကို ဒေါနစစ်ကြောင်း နှင့် KNLA ပူးပေါင်းတပ်က စနိုက်ပါအပါဝင် ၄၀ မမဖြင့် ပစ်ခတ်ချေမှုန်းမှု ၃ဦးသေဆုံးခဲ့ကြောင်း ဒေါနစစ်ကြောင်းမှသိရသည်။

မကြာခဏ လူအစားထိုး လဲလှယ်တာတွေ လုပ်နေရသည့် အာဏာသိမ်း စစ်ကောင်စီသည် “ရှုံးနေတဲ့ ဘောလုံးအသင်းနဲ့ တူနေတယ်” သည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) ပြောခွင့်ရသူ ပဒိုစောတောနီးက မဇ္ဈိမနဲ့ သီးသန့်အင်တာဗျူးတွင် ပြောသည်။

ချင်းပြည်နယ်၊ထန်တလန်မြို့တွင် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များ အောက်တိုဘာ ၁၂ရက်နေ့တွင် တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး နှစ်ဖက်အထိအခိုက်အကျအဆုံးရှိခဲ့ကြောင်း သိရ သည်။

NCA စာချုပ်ဟာ ၂၀၂၁ ခုနှစ်မှာစစ်တပ်က အာဏာသိမ်းပြီးကတည်းက ပျက်ပြယ်သွားပြီဆိုပြီး ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ မြန်မာနိုငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) စတဲ့ အဖွဲ့သုံးဖွဲ့က ကြေညာချက်ထုတ်ပြန်သည်။

ချင်းပြည်နယ်အတွင် ၎င်းတို့ထိန်းချုပ်ထားသောနယ်မြေများတွင် ချင်းနှစ်သစ်ကူး(ကောက်သစ် စား)ပွဲကို ပျော်ရွှင်ပွဲများမပါဘဲ ဝတ်ပြုဆုတောင်းပွဲသာပြုလုပ်ကြရန် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) က အောက်တိုဘာလ ၁၀ ရက်နေ့တွင် အသိပေး ထုတ်ပြန်ထားသည်။

မန္တလေးတိုင်း မိုးကုတ်မြို့နယ်၌ ယမန်နေ့(အောက်တိုဘာ ၁၂ ရက်)က စစ်ကောင်စီတပ်နှင့် တိုက်ပွဲ နေရာနှစ်ခုတွင် ဖြစ်ပွားခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့ သတင်းထုတ်ပြန်သည်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့ဘက်သို့လာသည့် စစ်ကောင်စီယာဉ်များကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်က တိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့တွင် ချင်းအမျိုးသားတပ်ဦး (CNA)၊ CDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားပြီး CNA ရဲဘော်တစ်ဦးနှင့် CDF ရဲဘော်တစ်ဦး ကျဆုံးသွားကြောင်း သိရသည်။

စစ်ကောင်စီ

ရန်ကုန်တိုင်းရှိ မြို့နယ်တချို့တွင် ယခုရက်ပိုင်း နေအိမ်များ၊ ဘုရားကျောင်းများအချို့၌ ဘုရား ဝတ်ပြု ရှိခိုးခြင်းများ မပြုလုပ်ရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လိုက်လံတားဆီးနေသည်ဟု သိရသည်။

ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် ဂျပန်အစိုးရ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါတို့ နှစ်ဦး မြန်မာနိုင်ငံကို မကြာခင်အတူသွားရောက်ရန်သဘောတူခဲ့ကြောင်း ကမ္ဘောဒီးယားသတင်းများတွင် ရေးသားဖော်ပြထားသည်။

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှိ မေတ္တာအေးပုဂ္ဂလိကဆေးခန်းကို စစ်ကောင်စီက ပိတ်သိမ်းရန် အမိန့်ထုတ်ထားကြောင်း အဆိုပါမြို့ခံများက ပြောသည်။

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်မှာ ဖွင့်လှစ်ထားသည့် DOMINO Club ကို ရှောင်တခင်ဝင် ရောက်စစ်ဆေးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ရေနံဓါတုဗေဒလုပ်ငန်းများမှာ မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိတယ်ဆိုပြီး ရုရှားစွမ်းအင်ဝန်ကြီး Mr. Mr Nikolay Shulginov က ပြောဆိုခဲ့ကြောင်း သိရသည်။

နျူကလီးယားအခေခြခံအဆောက်အအုံ(Nuclear Infrastructure)အတွက် မြန်မာနှင့် ရုရှားပိုင် Rosatom တို့ နားလည်မှုစာချွန်လွှာ(MOU)ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ကျောက်ဖြူအထူးစီးပွားရေးဇုန် ပြန်စရန် စာချုပ်ပါအချက်များကို တရုတ်နှင့် ပြန်ညှိနေကြောင်း အကြမ်းဖက်စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းက ပြောသည်။

အောက်တိုဘာ ၁၃ ရက် သုံးသပ်ချက်

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဘာသာရေးဖိနှိပ်မှုများ ဆက်တိုက်ပြုလုပ်လာသည် ကိုတွေ့နေရ သည့် အတွက် ဘာသာရေး ပဋိပက္ခများ ဖန်တီးလာနိုင်ဖွယ် ရှိနေသည်။

ပြည်သူ့အစိုးရလက်ထက်က ပြည်သူ့အကျိုးရှေ့ရှုပြီး ချုပ်ဆိုထားသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို စစ်ခေါင်းဆောင် စိုးဝင်းက ၎င်းတို့ ကိုယ်ကျိုးအမြတ်အတွက် တရုတ်နှင့်ပြန်ညှိပြီး စာချုပ်အသစ်ပြန် ချုပ်ရန် စီစဉ်နေသည်။