မန္တလေးခရိုင် PDF တပ်ရင်း တပ်ဖွဲ့ဝင်များ ” ၁၁၁၁ သပြေညို သပိတ်” ဆင်နွှဲ

မန္တလေးခရိုင် PDF တပ်ရင်း တပ်ဖွဲ့ဝင်များ " ၁၁၁၁ သပြေညို သပိတ်" ဆင်နွှဲ

၁၁၁၁ သပိတ်ဆင်နွှဲနေသည့် ရွှေပြည်စိုး အဖွဲ့ဝင်များ (ဓာတ်ပုံ – ရွှေပြည်စိုး )

မဇ္ဈိမ။ ။ မန္တလေးတိုင်း၊ မန္တလေးခရိုင် PDF တပ်ရင်း ( ၃) ၊( ၄) ၊( ၅) နှင့် ( ၆ ) တို့ပူးပေါင်းဖွဲ့စည်းထားသည့် ‘ရွှေပြည်စိုး’ မှ PDF များက စစ်အာဏာရှင်ဆန့်ကျင်ရေး သပြေညိုသပိတ်ကိုဆင်နွှဲခဲ့သည်ဟုသိရသည်။

ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့တွင်” ၁၁၁၁” အောင်အတိတ် အောင်နမိတ် သပြေညိုသပိတ်ကို နိုင်ငံအနှံ့ရှိ စစ်အာဏာ ရှင်ဆန့်ကျင်သူများက ဆင်နွှဲနေခြင်းဖြစ်သည်။

“မန္တလေးခရိုင်တပ်ရင်းတွေအနေနဲ့လည်း အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမူတွေကို အစွမ်းကုန်ပါဝင်ပြီး ပြည်သူနဲ့အတူတူ အောင်ပွဲကိုအောင်သပြေပန်းတွေနဲ့ဆီးကြိုရမယ့်နေ့အထိအသက်စွန့်တိုက်ပွဲဝင်သွားကြပါမည်”ဟု ရွှေပြည်စိုး ကထုတ်ပြန်ထားသည်။

စာတည်း။ ။ အောင်ကျော်ဖြိုး