“မြို့ပြထန်းသီး” ခေါ် လက်လုပ်လက်ပစ်ဗုံးများ KRA ထုတ်လုပ်

“မြို့ပြထန်းသီး” ခေါ် လက်လုပ်လက်ပစ်ဗုံးများ KRA ထုတ်လုပ်

ကိုခင်မောင် (မဇ္စျိမ) ။ ။ အင်အားပြင်းသည့် ”မြို့ပြထန်းသီး” ဟုခေါ်သော လက်လုပ် လက်ပစ်ဗုံးများအား ထုတ်လုပ်နိုင်ခဲ့ကြောင်း ကျောက်ဆည်မြို့နယ် တော်လှန်ရေးတပ် (Kyaukse Revolution Army -KRA) တာဝန်ရှိသူထံက သိရသည်

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့အခြေစိုက် KRA တပ်မှ ထုတ်လုပ်သော ထိုလက်ပစ်ဗုံးများကို စစ်ကောင်စီတပ်အား တိုက်ခိုက်နိုင်ရန် ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

“ ကျွန်တော်တို့ မြို့ပြထန်းသီးလို့ နာမည်ပေးထားတဲ့ ဗုံးတလုံးဖြစ်ဖို့ဆိုရင် လိုအပ်တဲ့နေရာမှာ လိုအပ်သလိုအချောကိုင်တယ်။ ပေ ၅၀ အတွင်း ပေါက်ကွဲရင် တဖက်ရန်သူ သေစေနိုင်တဲ့အထိ ပြင်းအားရှိတယ် ”ဟု K.R.Aမှ ပြန်ကြားရေးတာဝန်ခံ ကိုအောင်က ဆိုသည်။

ထိုလက်ပစ်ဗုံးတလုံးအတွက် မြန်မာငွေ ၅၀,၀၀၀ ကျပ် ကုန်ကျပြီး ပြည်သူများ၏ ကူညီထောက်ပံ့မှုဖြင့် အလုံး၂၀ကျော်ကို ယခု နိုဝင်ဘာလအတွင်းထုတ်လုပ်ကာ မစ်ရှင်ဖော်ဆောင်ရာတွင် အသုံးပြုနေပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

“နည်းပညာကိုတော့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့အကူအညီနဲ့ ကျွန်တော်တို့က လက်ပစ်ဗုံးတွေ၊ ကိုး မမ ဆီးမီးအော်တို ပစ္စတိုသေနတ်တွေ လုပ်နည်းကို ပညာသင်ခဲ့တယ်ဗျ။ သူတို့ဆီကနေ ပညာရခဲ့ပါတယ်”ဟု ကိုအောင်က ပြောသည်။

KRA အနေဖြင့် ယခုလက်ရှိအချိန်တွင် Kyaukse District Defense Force (KDDF)နှင့် ပူးပေါင်းကာ မြို့ပြထန်းသီးအပြင် ဆီးမီးအော်တို ပစ္စတိုသေနတ်များကိုလည်း ထုတ်လုပ်လျက်ရှိဟည်ဟု ပြန်ကြားရေးတာဝန်ရှိသူထံက သိရသည်။

ထိုသို့ ထုတ်လုပ်မှုများတွင် လိုအပ်သည်များ ဝယ်ယူနိုင်ရ မိဘပြည်သူများအနေဖြင့် ပူးပေါင်းလှူဒါန်းပေးကြရန် KRAက မေတ္တာရပ်ခံထားသည်။

စာတည်း။ ။အောင်ကျော်ဖြိုး