နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု ( ၂၃ဒီဇင်ဘာ၂၀၂၃) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် တောင်ပိုင်းတိုင်းတွင် လှုပ်ရှားနေသည့် ရေးဘီလူး တော်လှန်ရေး အဖွဲ့က အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ ကာကွယ်ရေး တပ်မတော်၊ တိုင်းပိုင်းတိုင်းစစ်ဒေသ ၊အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ၏ တပ်ခွဲ ၁ ခွဲအဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်မည်ဟု အသိပေး ထုတ်ပြန်သည်။ 
  • ပဲခူးတိုင်း၊တောင်ငူခရိုင်၊ရေဝာာရှဉ်မြို့နယ် အခြေစိုက် ပြည်သူ့ ကာကွယ်ရေးတပ်မတော် (PDF) ပုဝါနီစစ်ကြောင်း၏ တပ်ဖွဲ့ဝင်များက ရေတာရှည်မြို့နယ်၊ ကျေးရွာများအတွင်းသို့ နယ်မြေရှင်း လင်းရေး လုပ်ငန်းများ ပြုလုပ်ခဲ့သည်။ 
  • တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဒေါင်းညီနောင် စစ်ကြောင်းမှာရှိသည့် CDM စစ်သား နှင့် ရဲ များကို မျှဝေ ထောက်ပံ့ပေးခဲ့ကြောင်း ပြည်သူ့ပန်းတိုင်မှ ဖော်ပြထားသည်။ 
  • စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင်အတွင်းမှာ စစ်ဘေးရှောင်ပြည်သူများကို နိုင်ငံတကာအကူအညီနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ပေးအပ်နေကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ 
  • မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ်အတွင်းမှာ မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသည့် တံတားကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြည်သူတွေသွားလာရေးလွယ်ကူစေရန်အတွက် ပြန်လည် ပြုပြင်မှုများ လုပ်ဆောင်ပေးနေကြောင်း သိရသည်။ 
  • ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်မှုအစီရင်ခံစာ(၂၀၂၂)တွင် မြန် မာနိုင်ငံနှင့်ပတ်သက်၍ မှားယွင်းဖော်ပြ ထားသော အချက်အလက်များကိုအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကဖယ်ရှားလိုက်ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။ 
  •  

တော်လှန်ရေး လှုပ်ရှားမှုများ 

  • မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား သုံးဦး သေဆုံးကြောင်း မြင်းခြံခရိုင် တပ်ရင်း(၄) (Natogyi People Defence Force) တာဝန်ရှိသူက ပြောသည်။ 
  • စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ကျေးရွာတစ်ရွာတွင် ရွာပေါင်းစုံသပိတ်စစ်ကြောင်းက ဦးဆောင်၍ ဒေသခံပြည်သူများနှင့်အတူ စစ်အာဏာရှင်ဆန့်ကျင်ရေး တောင်ယာသပိတ်ယနေ့ (ဒီဇင်ဘာ ၂၃) နံနက်က ဆင်နွှဲခဲ့ကြသည်။ 
  • စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ရှိ စစ်ကောင်စီ​၏ ရှေ့တန်းစခန်းနှစ်ခုကို ပြည်သူ့ကာကွယ်ရေးပူး‌ ပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဇီးပင်သာ၊နောင်ဆန်းကျင်နှင့် တီလောင် ကျေးရွာ တို့ကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 
  • စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ၂ ကြောင်းဖြင့် စီးနင်းနေ၍ ပြည်သူ ၃၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။ 
  • စစ်ကိုင်းတိုင်း ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၁၀၀၃ရက်မြောက်နေ့ “China:Stop killing myanmar people by supporting fascist criminals”စာသားကို ကိုင်စွဲ ချီတက်ခဲ့ကြပြီး မုံရွာ အမြင့်လမ်း သပိတ်စစ်ကြောင်းမှ ရဲဘော်များလည်း ပူးပေါင်းဝန်းရံခဲ့ ကြသည်။ 
  • မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်ကို မောင်းသူမဲ့ လေယာဉ်ငယ်များဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။ 
  • လူငယ်အားမာန်သပိတ်စစ်ကြောင်းနှင့် တော်လှန်တောင်သူများအတူ ပူးပေါင်း၍ “China: Stop Killing Myanmar People by Supporting Fascist Criminals´´ဘန်နာကို ကိုင်ဆွဲကာ သပိတ်တိုက်ပွဲပြုလုပ်ခဲ့ကြသည်။ 
  • မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ညောင်တိုပျူစောထီးကျေးရွာ စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက် ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီတပ်မှ ဗိုလ် ၁ ဦးအပါအဝင် စစ်သား ၂ ဦးသေဆုံး ခဲ့ကြောင်း မြင်းခြံမြို့နယ်ပကဖမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်း(ပလောင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့ရှိ စစ်ကောင်စီ လက်ကျန် ဗျူဟာတပ်စခန်းကို တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ဒီဇင်ဘာ ၂၂ နေ့မှာ သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကို အပြီးသတ်ထိန်းချုပ်လိုက်ကြောင်း မြို့ခံများက မဇ္ဈိမကို ပြောသည်။ 
  • ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေတွင် အာဏာသိမ်း စစ်ကောင်စီတပ်မှ ပြည်သူနေ ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ကြောင့် အမျိုးသမီးတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့ကြောင်း KNUက သတင်းထုတ်ပြန်သည်။ 
  • မြန်မာ -အိန္ဒိယ နယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကိုသိမ်းပိုက်နိုင်ရေး ရက္ခိုင့်တပ်တော်(AA)က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်သည်။ 
  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန်တုံမြို့တွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့်ဗုံးကျဲတိုက်ခိုက်ရာ နေအိမ် ၁၅ လုံးခန့် ထိခိုက်ပျက်စီးပြီး ကွတ်ခိုင်တွင်လည်း စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် သောကြောင့် ပြည်သူ ၁ ဦးသေဆုံးကြောင်း TNLA က သတင်းထုတ်ပြန်သည်။ 
  •  

စစ်ကောင်စီ  

  • ခေါင်းဆောင်လုပ်သူသည် ခေါင်းဆောင်မှုအင်္ဂါရပ်များနှင့်အညီ လုပ်ဆောင်ကြရမည်ဖြစ်ပြီး အရာရှိ ငယ်ဘဝတွင် အထက်အကြီးအကဲများ၏အမိန့်ကို တိကျစွာလိုက်နာ တတ်ခြင်းသည် ခေါင်းဆောင် ကောင်းနှင့် နောက်လိုက်ကောင်းတို့၏ အမူအကျင့် ကောင်းများပင်ဖြစ်ကြောင်း၊ ငယ်သားဖြစ်ချိန်၌ နောက်လိုက်ကောင်း တစ်ယောက်ဖြစ်ခြင်းသည် နောင်တစ်ချိန်တွင် ခေါင်းဆောင်ကောင်း တစ်ယောက်၏ အစပင်ဖြစ်ကြောင်း စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောသည်။ 
  • ကိုဗစ်-၁၉ ရောဂါသည် အရေးပေါ် အခြေအနေ မှ ရုပ်သိမ်း ခဲ့ပြီးဖြစ်သော်လည်း အိမ်နီးချင်းနှင့် ဒေသတွင်း အချို့နိုင်ငံများတွင် ဖြစ်ပွားမှုများ ပြန်လည် မြင့်တက်လျက်ရှိသည့်အတွက် လိုအပ် သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး လွှမ်းခြုံမှု ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးရန် အစည်းအဝေး ခေါ်ယူရခြင်းဖြစ်ကြောင်း စစ်ကောင်စီ ကျန်းမာရေးဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းက ပြောသည်။ 
  • စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် နေပြည်တော် တွင် ပြုလုပ်သည့်  ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက် အမှာစကားပြောကြားခဲ့ကြောင်း စစ်ကောင်စီ သတင်းများတွင် ဖော်ပြထားသည်။ 
  • တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (မှော်ဘီ) ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၀) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ရန်ကုန်မြို့ တပ်မတော် (ကြည်း) ဗိုလ်သင်တန်း ကျောင်း (မှော်ဘီ) ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပရာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီ သတင်းများတွင် ဖော်ပြထားသည်။ 
  • တပ်မတော်အနေဖြင့် သမိုင်းကြောင်းလိုအပ်ချက်အရ ယနေ့အချိန်အထိ နိုင်ငံတော်၏ အမျိုး သားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တစိုက်မတ်မတ်ပါဝင်ဆောင်ရွက် လျက်ရှိ ကြောင်း၊ “အမျိုးသားနိုင်ငံရေး” ဟူသည်မှာ တစ်မျိုးသားလုံးနှင့်ဆိုင်သည့် အေးချမ်း သာယာ ခြင်း၊ စည်ပင် ဝပြောခြင်း၊ တရားမျှတလွတ်လပ် ခြင်းနှင့် ပြည်သူအပေါင်း ကိုယ်စိတ် နှစ်ဖြာချမ်း သာခြင်း စသည့်လောကီကောင်းကျိုး၊ သုခအဖြာဖြာကို ဖော်ဆောင်ပေးသည့် လုပ်ငန်းများ ဖြစ်ကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပြန်သည်။ 

ဒီဇင်ဘာ၂၃ သုံးသပ်ချက် 

  • စစ်ကောင်စီ ခေါင်းဆောင်များသည် နိုင်ငံအနှံ့တိုက်ပွဲများတွင် စခန်းများကျရှုံးကာ မြို့များ အသိမ်းခံနေရသော်လည်း ပွဲတက်မပျက်ခြင်းကြောင့် ပွဲကြိုကမောငများဟု ဆိုရမည်ဖြစ်သည်။ 
  • စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ပါးစပ်က အမျိုးသားနိုင်ငံရေး၊ အမျိုးဘာသာသာသနာ တို့ နိုင်ငံတော်အတွက်တို့ဆိုပြီး ပြောဆိုနေသော်လည်း လက်တွေ့တွင် ၎င်းမိသားစုအကျိုးစီးပွားနှင့် မိသားစုပိုင်ကုမ္ပဏီများမှ နိုင်ငံတော်လုပ်ငန်းများ ရရှိရေးမောင်ပိုင်စီးရေးကိုသာ လုပ်ဆောင်နေ သည်ကိုတွေ့ရသည်။