စစ်ကောင်စီတပ်ဟာ “အရပ်ကူပါ၊ လူဝိုင်းပါ” စစ်တပ်ဖြစ်နေပြီလို့ ဒေါက်တာတေဇာဆန်း ဝေဖန်

စစ်ကောင်စီတပ်ဟာ “အရပ်ကူပါ၊ လူဝိုင်းပါ” စစ်တပ်ဖြစ်နေပြီလို့ ဒေါက်တာတေဇာဆန်း ဝေဖန်

မဇ္ဈိမ

လက်နက်ခဲယမ်း အရရော စစ်သည်တပ်ဖွဲ့ဝင် အရေအတွက် အရပါ အင်အားကြီးတဲ့ စစ်တပ်တခုလို့ သမိုင်းမှာ ရူမြင်ခဲ့ကြပေမယ့် လက်ရှိမှာတော့ အာဏာသိမ်းထားတဲ့ မြန်မာစစ်ကောင်စီတပ်ဟာ “အရပ်ကူပါ၊ လူဝိုင်းပါ” စစ်တပ်ဖြစ်နေပြီလို့ နွေဦးတော်လှန်ရေးမှာ ထင်ရှားတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါက်တာတေဇာဆန်းက ဝေဖန်လိုက်ပါတယ်။

ရှမ်းမြောက်နဲ့ ရခိုင်စစ်ပွဲတွေမှာ အကြီးအကျယ် ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်နေချိန် တပ်အင်အား ဖြည့်တင်းဖို့အတွက် အရွယ်ရောက်ပြီးသူ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို အကောင်အထည်ဖော်ပြီး လူငယ်လူရွယ်တွေကို စစ်ထဲသွင်းနေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်အပေါ် ဒေါက်တာတေဇာဆန်းက ‌အဲဒီလို ဝေဖန်ပြောကြားလိုက်တာ ဖြစ်ပါတယ်။

လက်ရှိမှာ စစ်မှုထမ်းဖို့ မဲပေါက်တဲ့ လူငယ်တွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက အိမ်တိုင်ရာရောက် ဆင့်ခေါ်တာတွေလည်း ရှိနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် စစ်မှုမထမ်းလိုတဲ့ လူငယ်အများအပြား ပြည်ပနိုင်ငံတွေကို ထွက်ခွာနေကြပြီး စစ်ကောင်စီကလည်း ခရီးသွားလေကြောင်းလိုင်းတွေကို တင်းကြပ်စစ်ဆေးတာ၊ ခရီးသွားလာခွင့်တွေကို ကန့်သတ်တာတွေ လုပ်နေတာပါ။

ပြည်သူ့စစ်မှုထမ်းဥပဒေအပေါ် အမြင်၊ သုံးသပ်ချက််၊ စစ်ကောင်စီတပ်ရဲ့ လက်ရှိအခြေအနေတွေနဲ့ ပတ်သက်ပြီး ဒေါက်တာတေဇာဆန်းကို ကိုနောင်နောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

တည်းဖြတ်- နောင်နောင်