ဆေးဝါးကုသခွင့် ဆုံးရှုံးနေကြတဲ့ အကျဉ်းထောင်ထဲက အဖိနှိပ်ခံ နိုင်ကျဉ်းများ

ဓာတု

(မဇ္ဈိမ)။ ။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်ခံ အကျဉ်းထောင်တွေမှာ ထောင်တွင်းအကျဉ်းသား သေဆုံးတာတွေရှိလာပါတယ်။

အဲ့ဒါဟာ အကျဥ်းသားတွေအပေါ် အကျဥ်းဦးစီးဌာနရဲ့ ကျန်းမာရေးစောင့်ရှောက်မှု နဲ့ ဆေးကုသခွင့်ပြုမှုအပိုင်းတွေမှာ လွဲမှားညံ့ဖျင်းတာ‌ေတွကြောင့်လို့ အကျဥ်းသားဟောင်းတွေက ပြောပါတယ်

ဖျားနာတာ၊ သွားကိုက်တာ၊ ခြေထောက်ကျိူးတာ စတဲ့ ဘယ်လိုရောဂါမျိုးတွေ ဆို B6, B12,ပါရာစီတမော၊ စီဗစ်၊ပိုးသတ်ဆေးတွေကိုပဲ ပေးတယ်လို ဆိုပါတယ်။

၂၀၂၃ ခုနှစ်မှာ နိုင်ငံတစ်ဝန်းက အကျဉ်းထောင်အချို့မှာ ဆေးဝါးကုသမှု လုံလုံလောက်လောက်မရရှိတဲ့အတွက်  နိုင်ငံရေးအကျဉ်းသား ၁၇ ဦး သေဆုံးမှု ရှိတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်ရဲ့ စာရင်းတွေကဖော်ပြထားပါတယ်။

သတင်း/တင်ဆက် -ဓာတု

တည်းဖြတ်- Phone thar