နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု ( ၁၅ဇန်နဝါရီ၂၀၂၄ ) 

အမျိုးသားညီညွတ်ရေးအစိုးရ 

  • စစ်ကိုင်းတိုင်း ၊ ပင်လည်ဘူးမြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကောလင်းခရိုင် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ကြည့်ရှု့စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ် ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ 
  • လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ အကြံပေးအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး ယင်းအကြံပေး အဖွဲ့သစ်တွင် စုံလင်ကွဲပြားသည့် ကျွမ်းကျင်မှုများနှင့် လူ့အခွင့်အရေးအပေါ် သန္နိဌာန်ခိုင်မာမှုများက ဝန်ကြီးဌာန၏ လုပ်ငန်းများကို သိသာထင်ရှားစွာ အထောက်အကူပြုနိုင်မည်ဟု လေးနက်စွာ ယုံကြည်ကြောင်း ဖော်ပြထားသည်။ 
  • စစ်ကိုင်းတိုင်း ၊ အရာတော်မြို့နယ်တွင် အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ၊ ပြည်သူ့ ကာကွယ်ရေးအဖွဲ့များနှင့်  ပြည်သူလူထု ၊ ရပ်ကျေးအဖွဲ့များအကြား တွေ့ဆုံဆွေးနွေးမှုကို ဇန်နဝါရီ ၁၄ ရက်က ပြုလုပ်ခဲ့သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် အနောက်ခြမ်းရှိကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး နေသဖြင့် ဒေသခံ ၅,၀၀၀ ခန့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။ 
  • စစ်ကိုင်းတိုင်း၊ ရေဦးမြို့၊ တိုင်းရင်းဆေးရုံ၌ အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဇန်နဝါရီ ၁၄ရက်၊ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ်(၁၄ ) တပ်ရင်း၊YEU PDF တာဝန်ရှိသူကပြောသည်။ 
  • ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၁၅ ရက်နေ့တွင် စစ်အာဏာရှင် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ ကြောင်း သိရသည်။ 
  • ဧရာဝတီတိုင်း၊ မအူပင်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူတွေ လုံခြုံရေးအကြောင်းပြပြီး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံနေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသား များကွန်ရက် (PPNM) ထံကသိရသည်။ 
  • မကွေးတိုင်း၊ ပခုက္ကူမြို့သို့ တပ်ထောက်ခံပွဲသွားခဲ့သည့် အနောက်ဘုန်းကန်ပျူစောထီးရွာအား လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Cobra One-Pku၏ ခေါင်းဆောင် ဗိုလ် မြွေဟောက်က ပြောသည်။ 
  • မကွေးတိုင်း၊ ရေစကြိုရှိ စစ်တပ် စစ်ဆေးရေးဂိတ်နှင့် စစ်ကိုင်းတိုင်း ယင်းမာပင်မြို့ပေါ်ရှိ တရားရုံး၊ ဆေးရုံဂိတ်၊ ရဲစခန်း တို့ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၁တပ်ရင်း 27 Revolution Forces မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 
  • မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲစခန်း အပါအဝင် စစ်ကောင်စီ တပ်စွဲရာနေရာများအား ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • စစ်ရေးအရအရေးပါသည့် ပလက်ဝဒေသတစ်ခုလုံးကို ရက္ခိုင့်တပ်တော် AA က စစ်ကောင် စီတပ်စခန်းများ တစ်ခုမကျန်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တစ်ယောက်မှမရှိရအောင် ထိုးစစ် ဆင်တိုက်ခိုက် သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်သည်။ 
  • မြောက်ပိုင်း ညီနောင်မဟာမိတ် သုံးဖွဲ့ နှင့် စစ်ကောင်စီအကြား ယာယီအပစ်ရပ်ရန် ဇန်နဝါရီ ၁၁ ရက်နေ့က သဘောတူခဲ့ကြသော်လည်း “အပစ်ရပ် စတင် အသက်ဝင်တဲ့နေ့” ပဲအာဏာသိမ်း စစ်ကောင်စီဘက်က လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်နေကြောင်း ညီနောင် မဟာမိတ်(၃)ဖွဲ့က ထုတ်ပြန်သည်။ 
  • စစ်ကောင်စီတပ်သားများအနေဖြင့် အသက်မသေလိုပါက စောစောစီးစီး အလံဖြူထောင် လက်နက်ချက်ရန် ရက္ခိုင့်တပ်တော်(AA)စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ယနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့၌ သတိပေးထားသည်။ 
  • ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာအ‌ခြေစိုက် ခလရ ၁၂၃ တပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က တိုက်ခိုက်နေကြောင်းသတင်းရရှိသည်။ 
  • ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် မုန်း(မူး)မြို့တိုက်ပွဲအတွင်းဖမ်းမိ စစ်သုံ့ပန်းများအား နိုင်ငံတကာဥပဒေများနှင့်အညီ ကောင်းမွန်စွာစောင့်ရှောက်ထားဟု KNU က ယနေ့ (ဇန်နဝါရီ ၁၅ရက်)နံနက်တွင် ထုတ်ပြန်သည်။ 
  • ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင် အပါအဝင် ရှမ်းပြည်နယ် အထူးဒေသ ၁ တွင် စစ်ကောင်စီ နှင့် လက်အောက်ခံ ကိုးကန့်အဖွဲ့ က ထုတ်ပြန်ထားသော အမိန့်၊ စစ်အုပ်ချုပ်ရေး များအားလုံးကို MNDAA က ဖျက်သိမ်းလိုက်ကြောင်း ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ကြေညာလိုက်ကြောင်း သိရှိရသည်။ 

စစ်ကောင်စီ 

  • (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် အမျိုးသားအလွတ်တန်း Mountain Bike ဖိတ်ခေါ် စက်ဘီးပြိုင်ပွဲကို ယနေ့နံနက် ၆ နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီးကန်ပတ်လမ်း တင့်ကားကုန်းဝင်ပေါက်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက သေနတ်ပစ်ဖောက် တာလွှတ်ပေးကြောင်း စစ်ကောင်စီ သတင်းများတွင် ဖော်ပြထားသည်။ 
  • ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်များ စစ်ရှုံးပြီး ၉၀ ရာခိုင်နှုန်းနီးပါးနယ်မြေစိုးမိုးမှု လက်လွှတ်ထား ရချိန်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြန်အလှန်လေးစားမှု၊ နားလည်မှု၊ ယုံကြည်မှုများဖြင့် ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ကြရန် အလေး အနက် တိုက်တွန်းကြောင်း  ပြည်နယ်နေ့အထိမ်းအမှတ် သဝဏ်လွှာတွင် ပြောဆိုထားသည်။ 
  • ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစား ပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၈ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံတို့၌ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစတင်ပြီး ဆဋ္ဌမနေ့ပွဲစဉ်များအဖြစ် သက်ဆိုင်ရာအား ကစားနည်းများ အလိုက် ယှဉ်ပြိုင်ကစားကြကြောင်း စစ်ကောင်စီသတင်းများတွင် ဖော်ပြထားသည်။ 

ဇန်နဝါရီ ၁၅ သုံးသပ်ချက် 

  • ကရင်နီပြည်နယ်တွင် စစ်ရှုံးနေသည် မင်းအောင်လှိုင်သည် ပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာပေး ပို့ရာတွင် လက်ရှိဖြစ်ပျက်နေသည်များကို မျက်ကွက်ပြုပြီး ဖန်တရာတေနေသည့် ကိုလိုနီနယ်ချဲ့စသည့် စကားများကို သုံးစွဲကာ မဲပြာပုဆိုးအသင့်ရေးထားသော သဝဏ်လွှာကို လက်မှတ်ထိုး ထုတ်ပြန်နေ သည်ကို တွေ့ရသည်။ 
  • ရခိုင်ပြည်နယ်သည်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းသကဲ့သို့ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်သည့် ဒေသအဖြစ် မကြာမီ မြင့်တွေ့လာရဖွယ်ရှိနေသည်။