နွေဦးတော်လှန်ရေးနေ့စဉ်မှတ်စု (၁၇ဖေဖော်ဝါရီ၂၀၂၄) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • အမျိုးသားညီညွတ်ရေးအစိုးရက မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ၏ တော်လှန်ရေးတွင် ပါဝင်လာမှုအပေါ် ဂုဏ်ပြုကြိုဆိုသည်ဟု ဖေဖော်ဝါရီ ၁၆ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။ 
  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ စစ်ကိုင်းတိုင်းတွင် ရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၁၄/၂၀၂၄)ကို ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ ၁ နာရီတွင် ပြုလုပ်ခဲ့သည်။ 
  • ပဲခူးတိုင်း ၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ တောင်လည်ရွာ၊ ညောင်ဝန်းကားလမ်းပေါ်တွင် ဆိုင်ကယ် များနှင့် ကားများဖြင့် သွားလာနေသော အကြမ်းဖက်စစ်သားများနှင့် ရဲများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း ( ၃၆၀၁ PPDF ) တပ် ရင်း ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ပြောသည်။ 
  • မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့မရဲစခန်းတွင် တပ်စွဲထားသော စစ်တပ် စစ်ကြောင်းမှ တပ်ကြပ် ကြီးတစ်ဦးသည် ဖေဖော်ဝါရီ ၁၁ ရက်က လက်နက်ခဲယမ်းနှင့်တကွ အလင်း ဝင်ရောက်ခဲ့ကြောင်း အမှတ် ၁ စစ်ဒေသ မကွေးတိုင်းကွပ်ကဲရေးရုံးထံမှ သိရသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အနီး ယမကျေးရွာရှိ လူနေအိမ်များနှင့် ကောလင်းမြို့သို့ ဆက်သွယ် ထားသော တံတားတစ်စင်းအား ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်၊ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း Kawlin Revolution – KR အဖွဲ့နှင့် မြေပြင်ရဲဘော်သတင်းရင်းမြစ်ထံမှ သိရသည်။ 
  • စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ တန့်ဆည်-ကလေးဝ မဟာမြိုင်လမ်းပိုင်းအား ဖေဖော်ဝါရီ ၁၄ ရက်မှ ၁၆ ရက်ထိ စစ်ကောင်စီက လေ ကြောင်းမှ သုံးရက်ဆက်ဗုံးကြဲ၍ ထိုလမ်းပိုင်းကို  ယာယီ ပိတ်ထား ကြောင်း ရေဦးမြို့နယ် အခြေပြု People’s Defense Comrade အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 
  • စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ကျွန်းဖိုပင်ကျေးရွာကို ဝင်ရောက်လာသည့် အကြမ်းဖက် စစ်ကောင်စီ၏ အင်အား ၆၀ ခန့်ပါသည့် စစ်ကြောင်းကို ဖေဖော်ဝါရီ ၁၆ ရက်၊ နေ့လယ် ၁၂နာရီခွဲခန့်က တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း BGS Ayadaw Drone Force က ယနေ့ ထုတ်ပြန်ခဲ့သည်။ 
  • စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဖေဖော်ဝါရီ ၁၇ ရက်တွင် စစ်အာဏာရှင်ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 
  • စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါရွာကို ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ဖေဖော်ဝါရီ ၁၄ ရက်၊ ည ၈ နာရီခန့်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း BGS Drone Force အဖွဲ့ထံမှ သိရသည်။ 
  • အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ် စစ်ကြောင်းသည် နယ်မြေမငြိမ်မသက် သည့်ကြားမှ စစ်အာဏာ ရှင် တော်လှန်ရေး ယနေ့ ဖေဖော်ဝါရီ ၁၆  ရက်တွင် ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 
  • စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ပေါ်ရှိ အကြမ်းဖက်စစ်သား၊ ရဲ များအထိုင်ချ တပ်စွဲထားရာ ရဲစခန်းနှင့် စာရင်း စစ်ရုံတို့ကို ဖေဖော်ဝါရီ ၁၆ ရက်၊ မွန်းလွဲပိုင်းက ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ဦးထက် မနည်း သေဆုံးခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၅ Eagle Guerilla Force တပ်ဖွဲ့မှ ဗိုလ်ကောက်ရိုးက ပြောသည်။ 
  • ဧရာဝတီတိုင်း ၊ ကြံခင်းမြို့နယ်တွင် ယမန်နေ့  ဖေဖော်ဝါရီ ၁၆ ရက်၊ ညပိုင်းအချိန်က စကြဝတေးမင်းကြီး သပိတ် ကော်မတီအဖွဲ့ ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့ကြသည်။ 
  • မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ သင်တောရွာမှ ပြည်သူ ၁၉ ဦးကို အကြမ်းဖက် စစ်တပ်စစ်ကြောင်းက ဖေဖော်ဝါရီ ၁၄ ရက်က ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်ပြတ်နေကြောင်း ဒေသပြည်သူများ၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန်ခေတ်သစ် သတင်းဌာနတွင် ဖော်ပြထားသည်။ 
  • မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ အောင်ချမ်းသာကျေးရွာကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်း၍ လူငယ်များကို ဖမ်းဆီးကာ ကိုဝေယံဆိုသော လူငယ် ၁ ဦးကို ဖေဖော်ဝါရီ ၁၅ ရက်၊ ညပိုင်းက ပစ်သတ်ခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။ 
  • တနင်္သာရီမြို့နယ်တွင် ဗကသများအဖွဲ့ချုပ် မှ ကျောင်းသားများ ဦးဆောင်ကာ ယနေ့ ဖေ‌ဖော်ဝါရီ ၁၇ ရက်တွင် အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အန္တရာယ်ကို ကာကွယ်ခြင်း နည်းလမ်းများကို ဆွေးနွေးတင်ပြခဲ့ပြီး အသိပညာပေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်းသည်။ 
  • မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ မြို့မရပ်ကွက်ရှိ လျှပ်စစ်ရုံးတွင် ယမန် နေ့ ဖေဖော်ဝါရီ ၁၅ ရက်၊ နံနက် အစောပိုင်းက ဗုံးပေါက်ကွဲခဲ့ပြီး ရုံးဝန်ထမ်းတဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ 

  • ရခိုင်ပြည်နယ် ၊ မင်းပြားမြို့ အ‌ခြေစိုက် တပ်ရင်းသုံးရင်းထံမှ သိမ်းပိုက် ရရှိသည့် လက်နက်ခဲယမ်းများကို AA ကထုတ်ပြန်သည်။ 
  • တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်တွင် မောင်တော‌ရှိ ဗောဓိကုန်းစခန်းကို AA က တရက်အတွင်း သိမ်းပိုက်ပြီး စစ်ကောင်စီတပ်ဖွဲ့ ၁၄ ဦးသေဆုံးကာလက်နက်ခဲယမ်း များရရှိခဲ့သည်ဟု AA က အသိပေးသည်။ 
  • ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေရင်အေး နောက်ဘက် ပန်းတောပြင် မွတ်ဆလင်ကျေးရွာ အနီး တွင် စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီ ၁၆ ရက်၊ နေ့လယ်ပိုင်းက ရက္ခိုင့်တပ်တော် AA က ကြားဖြတ်ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံး သွားကြောင်း ဒေသခံသတင်းရင်းမြစ်၏ ပြောဆိုချက်ကို ကိုးကားပြီး ရန်ကုန် ခေတ်သစ် သတင်းဌာနတွင် ဖော်ပြထားသည်။ 
  • ကရင်ပြည်နယ်၊ KNU အမှတ် ၅ တပ်မဟာ နယ်မြေတွင် ဖေဖော်ဝါရီ လဝက်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ခွဲမှူး ၁ ဦး အပါအဝင် ၁၇ ဦးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ-မူတြော် သတင်းစဉ်က ထုတ်ပြန်သည်။ 
  • ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုုပ်ခွင့်ရဒေသ၊ ဆီဆိုင်နှင့် ဟိုပုံးမြို့နယ်တွင် တိုက်ပွဲ ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်သားတစ်ဦးကို လက်နက်ခဲယမ်းများနှင့် အတူ ဖမ်းဆီးရရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (PNLA) က ပြောသည်။ 

စစ်ကောင်စီ 

  • စားသုံးဆီရရှိရေးအတွက် စိုက်ပျိုးထုတ်လုပ်နိုင်မည့် စိုက်ပျိုးမြေများ လိုအပ်သည့် သွင်းအားစု ရေ နှင့် လူစွမ်းအားအရင်းအမြစ်များ ရှိသော်လည်း စားသုံးဆီ ဖူလုံစွာထုတ်လုပ်နိုင်မှုမရှိခြင်းသည် မဖြစ် သင့်ကြောင်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၁၆ ရက်က ပြုလုပ်သည့် ဝါသီးနှံ၊ ဆီထွက်သီးနှံ၊ ကော်ဖီနဲ့ အသား၊ နို့ထွက်ပစ္စည်း ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲတွင် ပြော သည်။ 
  • အရန်တပ်ဖွဲ့ဝင် ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဖွဲ့စည်းလိုက်သည်ဟု စစ်ကောင်စီ လက်အောက်ခံ ကာကွယ်ရေး ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်။ 
  • ပြည်သူ့စစ်မှုထမ်းရန် ယာယီရွှေ့ဆိုင်းထားသူများ အနေဖြင့် စစ်မှုထမ်းဆောင်ရမည့် အသက်အရွယ် ကျော်လွန်စေကာမူ သတ်မှတ်ထားသည့် ပြည်သူ့စစ်မှုထမ်းဆောင်ရန် ကာလကို ပြည့်မီအောင် ပြန်လည်ထမ်းဆောင်ရမည် ဖြစ်သည်ဟု စစ်ကောင်စီ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း ကပြောသည်။ 
  • တနင်္သာရီတိုင်း၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်းကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၄,၄၃၅ ဧကရှိသောနယ်မြေကို ဖေဖော်ဝါရီ ၁၅ ရက်ကစပြီး “ထင်းမယ်ကြိုးပြင်ကာကွယ်တော”အဖြစ် သတ်မှတ်လိုက်ကြောင်း စစ်ကောင်စီ လက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့သည်။ 
  • မွန်တိုးတက်ရေးပါတီက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန််ဖေဖော်ဝါရီ ၁၆ ရက်က ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်ကို လျှောက်ထားခဲ့သည်ဟု စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။ 
  • လျှပ်စစ်သုံးယာဉ် (EV)နှင့် ဆက်စပ်ပစ္စည်းများတင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် Pre Order ဖြင့်ရောင်းချမှုများမပြုလုပ်ရန် အသိပေးထုတ်ပြန်ထားသော်လည်း ဆက်လက်ရောင်းချမှုများရှိနေ သည့်အတွက် စစ်ကောင်စီ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင်ထုတ်လုပ်မှု မြှင့်တင်ရေး လုပ်ငန်းကော်မတီမှ ထပ်မံသတိပေးထားသည်။ 
  • ရန်ကုန်တိုင်း အပါအဝင် တစ်နိုင်ငံလုံးရှိ စစ်မှုထမ်းရန် အကျုံးဝင်သော Non-CDM ဝန်ထမ်းများစာရင်း ၃ ရက်အတွင်း ကောက်ယူရန် စစ်ကောင်စီက အရေးပေါ် ညွှန်ကြားချက် ထုတ်ပြန်လိုက်ကြောင်း ရန်ကုန် တိုင်း စစ်ကောင်စီထံမှ သိရသည်။ 
  • ဧရာဝတီတိုင်း ၊ ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် စစ်ကောင်စီက ရပ်ကွက် နှင့် ကျေးရွာအုပ်ချုပ် ရေးမှူးများကို စစ်သင်တန်းအတွက် ရပ်ကွက်တစ်ခုလျှင် တစ်ဦး၊ ကျေးရွာအုပ်စု တစ်ခုလျှင် ငါးဦးနှုန်းဖြင့် လူရှာခိုင်းနေကြောင်း ဒေသခံပြည်သူများက ပြောသည်။ 
  • ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်  ကျောက်ဖြူ-မအီမြို့အဝင် ကျောက်ကြီးပေါက်တံတား နှင့် မအီတံတား နှစ်စင်းကို စစ်ကောင်စီတပ် မအီမြို့မှ တပ်ဆုတ်ခွာပြီးနောက် ဖျက်ဆီးခဲ့ကြောင်း ဒေသခံ သတင်းရင်း မြစ်များထံ သိရသည်။ 

ဖေဖော်ဝါရီ ၁၇ သုံးသပ်ချက် 

  • အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စိုက်ပျိုးရေးမွေးမြူရေး ကဏ္ဍများမည်သည့် အတွက် ကြောင့် မအောင်မြင်သည်ကို မေးမြန်းစုံစမ်းကာ သိရှိအောင် မလုပ်ဆောင်ဘဲ ရမ်းသန်း အပြစ်တင် နေ သည်။တကယ်တော့ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်သည့် နိုင်ငံဖြစ် သော်လည်း နိုင်ငံ ရေးမတည်ငြိမ်မှုများ ပဋိပက္ခများနှင့် နိုင်ငံ့အာဏာကို အချောင်လိုချင်သည့် စစ်ဗိုလ်ချုပ်များနှင့် နေရာ တကာဝင်ဆရာလုပ်လိုသည့် စစ်ဗိုလ်ချုပ်များကြောင့် တည်ကျခိုင်လုံသည့် မူဝါဒနှင့် အခြေခံ အဆောက် အဦများ ကောင်းမွန်စွာ မတည်ဆောင်နိုင်ခြင်း၏ နောက်ဆက်တွဲ အကျိုးဆက် များ ဖြစ်ကြော င့် လိုအပ် သည့် သွင်းအားစု ရေ နှင့် လူစွမ်းအားအရင်းအမြစ်များ ရှိသော်လည်း မည်သည့်အရာမှ ကောင်းမွန်စွာ ထုတ်လုပ်တင်ပို့နိုင်ခြင်းမရှိသည်ကို တွေ့ရသည်။