သမိုင်းတွင်အောင်ပွဲတွေနဲ့ ရက္ခိုင့်တပ်တော်ရဲ့ ရခိုင်စစ်မျက်နှာ

ဓားရိုင်း

ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန်တိုက်ပွဲတွေပြန်စပြီး နှစ်လကျော် သုံးလအတွင်းမှာပဲ ရက္ခိုင့်တပ်တော်(AA)က စစ်ကောင်စီတပ်စခန်း ရာကျော်ကိုတိုက်ခိုက်သိမ်းယူကာ နယ်မြေအများအပြားထိန်းချုပ်လာနိုင်ခဲ့တာတွေ့ရပါ တယ်။ အခုနှစ် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီရဲ့ စစ်သင်္ဘော သုံးစင်းကို ရက္ခိုင့်ပင်လယ်ပြင်ထက်မှာနစ်မြုပ် သွားအောင်တိုက်ခိုက်နိုင်ခဲ့တဲ့အထိ ရက္ခိုင့်တပ်တော်(AA)ရဲ့ စစ်ဆင်ရေးတွေအရှိန်အဟုန်ကောင်းနေခဲ့တာဖြစ်ပါ တယ်။ ဖေဖော်ဝါရီ ၇ ရက်နဲ့ ၈ ရက်ကဖြစ်ပွားတဲ့ ရေကြောင်းတိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့စစ်သင်္ဘောသုံးစင်းကို ရက္ခိုင့်တပ်တော်(AA)က နစ်မြုပ်အောင်တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် စစ်သင်္ဘော ၇ စီးလောက်ကို မြစ်အတွင်း ရေချပြီးသွားလာလို့မရအောင်လုပ်ဆောင်နိုင်ခဲ့သလို တခြားစစ်သင်္ဘောတစ်စီးကိုလည်းပျက်စီးသွား တဲ့အထိ တုံ့ပြန်တိုက်ခိုက်နိုင်ခဲ့တယ်လို့ ညီနောင်မဟာမိတ် သုံးဖွဲ့က ဖေဖော်ဝါရီ ၈ ရက်မှာထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်နက်ချအညံ့ခံဖို့ပြောထားပေမယ့် နားထောင်တာမရှိတဲ့ စစ်သ င်္ဘောပေါ်က ရန်သူတွေကို မြစ်ကြောင်းအတွင်း တစ်ယောက်မကျန် လိုက်လံချေမှုန်း တိုက်ခိုက်နေတယ်လို့လည်း ရက္ခိုင့်တပ်တော်ကဆိုထားပါတယ်။ ဖေဖော်ဝါရီ ၈ ရက်ဟာ ရက္ခိုင့်တပ်တော်သမိုင်းမှာ ပင်လယ်ပြင်ထက် အောင် ပွဲရေးထိုးနိုင်ခဲ့တဲ့နေ့တစ်နေ့ဖြစ်ပြီး နစ်မြုပ်သွားတဲ့ စစ်သင်္ဘောလေးစီးမှာ ကမ်းထိုးရေယာဉ်နဲ့ မြစ်တွင်းကင်းလှည့် ရေယာဉ်တွေဖြစ်ဖို့များပါတယ်။ ဒီဆုံးရှုံးမှုဟာ စစ်ကောင်စီရေတပ်အတွက် လုံးဝအရှက်ရစရာဆုံးရှုံးမှုဖြစ်သလို သမိုင်းတွင်မယ့်အရှုံးလည်းဖြစ်ပါတယ်။

လက်ရှိရခိုင်စစ်မျက်နှာ ရက္ခိုင့်တပ်တော်(AA)က ရခိုင်ပြည်နယ်ရဲ့ အဓိကမြို့တော်ဖြစ်တဲ့ စစ်တွေမြို့ကလွဲလို့ ကျန်နေရာစုံမှာ စစ်ရေးအသာရနေခဲ့တာဖြစ်ပြီး မြို့ပေါင်း ငါးမြို့ထက်မနည်းထိန်းချုပ်လာနိုင်ခဲ့တာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၈ ရက်မှာ မြောက်ဦးမြို့က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်ဖြစ်တဲ့ ရဲတပ်ရင်း ၃၁ ကိုအပြီးသတ် ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့ပြီးနောက် မြောက်ဦးမြို့ကိုလည်း ရက္ခိုင့်တပ်တော်(AA)က ထိန်းချုပ်ထားနိုင်လိုက်ပြီ ဖြစ်ပါတယ်။ အဲဒီမတိုင်ခင် ဖေဖော်ဝါရီ ၆ ရက်ကလည်း မင်းပြားမြို့နယ်မှာခုခံနေတဲ့ စစ်ကောင်စီရဲ့ အမှတ်(၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း သုံးရင်းကို ရက္ခိုင့်တပ်တော်(AA)က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်တာဖြစ်ပါတယ်။ ရက္ခိုင့်တပ်တော်(AA)ဟာ မင်းပြားမြို့က စစ်ကောင်စီရဲ့ ခမရ(၃၈၀) ကို ဇန်နဝါရီ ၂၈ ရက်မှာသိမ်းပိုက်နိုင်ခဲ့ပေမယ့် ခမရ(၃၇၉)နဲ့ (၅၄၁) တပ်ရင်းတို့ လက်နက်မချဘဲ ဆက်လက်ခုခံ နေခဲ့တာဖြစ်ပါတယ်။ အဲဒီကျန်နေတဲ့ တပ်ရင်း နှစ်ရင်းကို ဆက်လက်တိုက်ခိုက်ခဲ့ရာ နောက်ထပ် ၉ ရက်အကြာ ဖေဖော်ဝါရီ ၆ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာပါ။ အလားတူ မောင်တောမြို့နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်- မြန်မာ နယ်စပ်က စစ်ကောင်စီရဲ့ တောင်ပြို(လက်ဝဲ) ဗျူဟာကုန်းနဲ့ တောင်ပြို (လက်ယာ)

စခန်းတို့ကိုလည်း ရက္ခိုင့် တပ်တော်(AA)က သိမ်းပိုက်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီစခန်းတွေရဖို့အတွက် ဖေဖော်ဝါရီ ၄ ရက်ကတည်းက ထိုးစစ်ဆင်ခဲ့တာဖြစ်ပြီး သုံးရက်အကြာမှာ သိမ်းပိုက်နိုင်တာဖြစ်ပါတယ်။ ရက္ခိုင့်တပ်တော်(AA)ရဲ့ မောင်တော မြောက်ပိုင်းထိုးစစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ထွက်ပြေးသွား ခဲ့ရတာလည်းဖြစ်ပါတယ်။ အခုနောက်ပိုင်း ရခိုင်ပြည်နယ်ကတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်ပြေး နေတာကို ဆက်တိုက်ဆိုသလိုတွေ့နေရပြီး အယောက် ၃၀၀ ကျော်သွားခဲ့ပြီလည်းဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ရက္ခိုင့်တပ်တော်(AA)အနေနဲ့ စစ်ဆင်ရေးစတင်တဲ့ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်ကနေ ဒီကနေ့အထိ စစ်ကောင်စီတပ်စခန်းပေါင်း ၂၀၀ ကျော်ကိုသိမ်းပိုက်နိုင်ခဲ့ပြီး ချင်းပြည်နယ်က ပလက်ဝမြို့အပါအဝင် ရခိုင်ပြည် နယ်က ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်နဲ့ ရမ်းဗြဲမြို့တို့ကိုလည်းထိန်းချုပ်ထားနိုင်ခဲ့ ပြီလို့သိရပါတယ်။ ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလအတွင်းမှာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ကျောက်တော်မြို့အခြေစိုက် အမှတ်(၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ) လက်အောက်ခံ ခြေမြန်တပ်ရင်း ၁၀ ရင်းလုံးကို ရက္ခိုင့်တပ်တော် (AA)က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ကျောက်တော်၊ မင်းပြားနဲ့ မြောက်ဦးမြို့တို့ကို ထိန်းချုပ်လိုက်နိုင်တာဖြစ် ပါတယ်။ ကျောက်တော်အခြေစိုက် ခမရ (၃၇၄)၊ (၃၇၅)၊ (၃၇၆)၊ (၅၃၉)၊ မင်းပြားအခြေစိုက် ခမရ (၃၇၉)၊ (၃၈၀)၊ (၅၄၁)၊ မြောက်ဦးအခြေစိုက် ခမရ (၃၇၇)၊ (၃၇၈)၊ (၅၄၀)တို့ကို ရက္ခိုင့်တပ်တော်(AA)က အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ ရခိုင်စစ်မျက်နှာမှာ ရက္ခိုင့်တပ်တော်(AA)ရဲ့ထိုးစစ်ကို စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ အင်အားသုံးပြီး ခုခံနေခဲ့တာပါ။ အဲဒီလိုအပြင်းအထန်ခုခံနေတဲ့ကြားက ရက္ခိုင့်တပ်တော်(AA)ဟာ နှစ်လ ကျော် သုံးလနီးပါးတိုက်ပွဲတွေအတွင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ်(၉)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လက်အောက်ခံ တပ်ရင်းတွေအပါအဝင် စစ်ကောင်စီအခြေစိုက် တပ်စခန်းအများအပြားကိုသိမ်းပိုက်နိုင်ခဲ့ တာလည်းဖြစ်ပါတယ်။ အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်တွေ ရာနဲ့ချီ လက်နက်ချခဲ့သလို အိန္ဒိယဘက်ကို ဆုတ်ခွာထွက်ပြေးသူ ၆၀၀ ကျော်၊ ဘင်္ဂလားဒေ့ရှ်ဘက်ကို ဆုတ်ခွာထွက်ပြေးသူ ၃၀၀ ကျော် လောက်ရှိနေခဲ့တာဖြစ်ပါတယ်။

ရခိုင်စစ်မျက်နှာ စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ အင်အားသုံးပြီးတိုက်ခိုက် နေတဲ့အပြင် စစ်ကောင်စီ တပ်ဖွဲ့ ဝင်တွေဘက်ကနေ ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေပါ ဝင်တိုက်ပေးနေတာတွေ ရှိတယ်လို့ သတင်းတွေထွက်နေ ခဲ့တာပါ။ ရခိုင်ပြည်နယ်၊ ဘင်္ဂလားဒေ့ရှ်နယ်စပ်က စစ်ကောင်စီရဲ့ တောင်ပြို (လက်ဝဲ၊ လက်ယာ) စခန်းတွေကို ရက္ခိုင့်တပ် တော်(AA)က တိုက်ခိုက်သိမ်းပိုက်ရာမှာ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ARA ၊ RSO တပ်ဖွဲ့ ဝင်က စစ်ကောင်စီနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ဖေဖော်ဝါရီ ၇ ရက်မှာ AA ကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ တောင်ပြို (လက်ယာ) စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်မှု

မပြုလုပ်ခင်ကတည်းက တောင်ပြို (လက်ဝဲ/လက်ယာ) စခန်း နှစ်ခုစလုံးက နယ်ခြားစောင့်တပ်မှူးတွေ၊ ARA နဲ့ RSO တပ်ဖွဲ့ဝင်တွေဟာ ကြိုတင်ညှိနိူင်းမှုပြုလုပ်ပြီး ထွက်ပြေးဖို့ အခြေအနေကြုံလာပါက တပ်စခန်းတွေက လက်နက်ခဲယမ်းတွေကို ဘင်္ဂလားဒေ့ရှ်ငွေ တာကာ ဆယ်သန်းနဲ့ ရောင်းချထားခဲ့ကြောင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကို ထွက်ပြေးဝင်ရောက်နိုင်ဖို့အတွက် ARA အဖွဲ့ထံ အကူ အညီတောင်းခံခဲ့ကြောင်း စစ်သုံ့ပန်းတွေဆီကနေ သိရတယ်လို့ဆိုထားပါတယ်။ စခန်းသိမ်းတိုက် ပွဲမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ရုပ်အလောင်းတွေအပြင် ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့ရုပ်အလောင်းတွေ၊ လက်နက် ခဲယမ်းအမြောက် အမြားရရှိခဲ့ပြီး ARA စခန်းအတွင်းက စစ်ကောင်စီရောင်းချခဲ့တဲ့ လက်နက်ခဲယမ်းတွေ၊ WY မူးယစ်ဆေးဝါး ၆၉ ထုပ်နဲ့ Ice ၂၈ ထုပ်ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ AA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထား တာပါ။ ရက္ခိုင့်တပ်တော်(AA)ရဲ့ စစ်ရေးပစ်မှတ်တွေထဲမှာပါတဲ့ တရုတ်စီမံကိန်းတွေရှိရာ ကျောက်ဖြူမြို့အနီးမှာ လည်း တိုက်ပွဲတွေဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။ ကျောက်ဖြူနဲ့ သုံးမိုင်အကျော်မှာရှိတဲ့ သစ်ပုတ်တောင်ရွာက ဓည ဝတီ ရေတပ်စခန်းကို ဇန်နဝါရီ ၈ ရက်မှာ ရက္ခိုင့်တပ်တော်(AA)က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီရေတပ် စခန်းဟာ တရုတ်ရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းက သင်္ဘောတွေ ဝင်ထွက်ရာ လမ်းကြောင်းပေါ် မှာတည်ရှိတာဖြစ်ပြီး ကျောက်ဖြူဆိပ်ကမ်းနဲ့ ၅ မိုင်လောက်သာကွာဝေးတာဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်–မြန်မာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစတင်တဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲမြို့မှာလည်း နေရာအများစုကို AA က ထိန်း ချုပ်ထားတာဖြစ်ပါတယ်။

လက်ရှိ ရခိုင်စစ်မျက်နှာမှာ ပုဏ္ဏားကျွန်းအတွင်း တိုက်ပွဲငယ်တချို့သာရှိပေမယ့် ပုဏ္ဏား ကျွန်းအခြေစိုက်တပ်ရင်း ကို ရက္ခိုင့်တပ်တော်(AA)က ပိတ်ဆို့ထားနိုင်တဲ့ အခြေအနေဖြစ်ပြီး ပုဏ္ဏားကျွန်းနဲ့ ရသေ့ တောင်မြို့နယ်တွေမှာ ခြေကုပ်ယူထားတဲ့ ရက္ခိုင့်တပ်တော်ဟာ စစ်တွေ မြို့ဆီကို တဖြည်းဖြည်းတိုးလာနေတဲ့ အခြေအနေဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်းမှာပဲ တိုက်ပွဲ ဖြစ်လာမှာကိုစိုးရိမ်ပြီး စစ်တွေမြို့ပေါ်က စစ်ကောင်စီအရာရှိတွေ ရဲ့ အိမ်စီးကားတွေနဲ့ ဌာနဆိုင်ရာ ကားတွေအပါအဝင် ပုဂ္ဂလိကပိုင် အိမ်စီးကားတွေကို ကုန်တင်သင်္ဘောကြီးနဲ့ ရန်ကုန်ဘက်ကို ရွှေ့ပြောင်းမှုတွေလုပ်နေတယ်လို့ သတင်းတွေထွက်နေပါတယ်။ ဒါ့အပြင် အံ့ဩစရာကောင်း လောက်အောင် ကမ္ဘာ့ကုလသမဂ္ဂ (UN)အဖွဲ့အစည်းတွေကလည်း သူတို့ရဲ့ရုံးဌာနတွေပေါ်ကို စစ်ကောင်စီလေ ယာဉ်တွေ ဗုံးမှားမကြဲမိစေဖို့ဆိုပြီး ရုံးခေါင်မိုးတွေပေါ်မှာ UN အမှတ်အသားရေးကာ ဆေးအပြာသုတ်ပြီး ကာကွယ် မှုတွေလုပ်နေခဲ့ကြတာဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ပထမအပတ်အတွင်းမှာပဲ ရခိုင်ဒေသဖွံ့ဖြိုးရေးအတွက်ရောက် ရှိကူညီနေကြတဲ့ UN အဖွဲ့အစည်းတွေ၊ NGO နဲ့ INGO တွေဟာ စစ်ရေးပြင်းထန်နေတဲ့ မောင်တော၊ မင်းပြား၊ ကျောက်တော်နဲ့ ရမ်းဗြဲမြို့တွေကနေ စတင်စွန့်ခွာသွားကြပြီး ကူညီမှုဆိုင်ရာရုံးတချို့သာကျန်တော့တယ်လို့ သိရပါတယ်။ ရှမ်းမြောက်ဒေသမှာ MNDAA နဲ့ TNLA တို့ဟာ သူတို့ထိန်းချုပ်နယ်မြေတွေရယူသွားနိုင်အပြီး မကြာခင် မှာပဲ ညီနောင်မဟာမိတ်အဖွဲ့ဝင်

ရက္ခိုင့်တပ်တော်(AA)ကလည်း ရက္ခိတလမ်းစဉ်ကို အပြည့်အဝအကောင်အထည် ဖော်သွားနိုင်တော့မယ့်လမ်းကြောင်းပေါ်ကိုရောက်နေခဲ့ပြီလို့ ထင်မြင်မိပါတယ်။