စစ်မှုထမ်းဟောင်းတွေကိုတောင် စစ်ကောင်စီ အလွတ်မပေးတော့ဘူး

ဓားရိုင်း

တပ်အင်အား သောင်းနဲ့ချီပြီး ပြုန်းတီးလာတဲ့ စစ်ကောင်စီဟာ အင်အားပြန်ဖြည့်ဖို့အတွက် နောက်ဆုံးနည်းလမ်း တွေထုတ်သုံးလာခဲ့ပြီဖြစ်ပါတယ်။ မြန်မာ့အရေးလေ့လာသူတွေရဲ့မှတ်တမ်းတွေအရတော့ နွေဦးတော်လှန်ရေးသုံးနှစ် တာကာအတွင်း စစ်ကောင်စီတပ်ရဲ့ အင်အားပြုန်းတီးမှုဟာ ၆၀,၀၀၀ ကနေ ၁၀၀,၀၀၀ ကြားမှာရှိနေခဲ့တယ်လို့ဆို ထားပါတယ်။ သုံးနှစ်တာကာလအတွင်းမှာ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ တပ်မတော်သား စစ်စစ်တွေ၊ လက်နက်ချ အညံ့ခံ အလင်းဝင်လာသူတွေ၊ သေဆုံးသူတွေနဲ့ ဒဏ်ရာရာသူတွေ တဖြည်းဖြည်းတိုးလာပြီး စစ်ကောင်စီတပ်အင် အားသိသိသာသာလျော့ကျသွားခဲ့တာဖြစ်ပါတယ်။ အာဏာစသိမ်းချိန်က စစ်ကောင်စီရဲ့ ကြည်းတပ်မှာ တိုက်ခိုက် ရေးအင်အားအဖြစ်တပ်ရင်းပေါင်း ၅၄၀ ကျော်လောက်ရှိခဲ့ပြီး တပ်ရင်းတစ်ရင်းကိုပျမ်းမျှစစ်အင်အား ၁၅၀ လောက် ရှိခဲ့တာပါ။ စစ်ဆင်ရေး ၁၀၂၇ စပြီး သုံးလကျော်အတွင်းမှာ တပ်ရင်း ၄၀ လောက်နံပါတ်ပျောက်သွားခဲ့ပြီး တပ်ရင်း အများအပြားအထိနာခဲ့တာတွေ့ရပါတယ်။ လက်ရှိအချိန်မှာ စစ်မတိုက်ရသေးတဲ့ အနောက်တောင်တိုင်း စစ်ဌာန ချုပ်(နတခ)နဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)- ၅ ကလွဲပြီး ကျန်တပ်အားလုံး အထိနာနေခဲ့တာဖြစ်ပါတယ်။ တပ်ရင်း ၅၀၀ လောက်မှာ တပ်ရင်း တစ်ရင်းကို ပျမ်းမျှ ၇၅ ရာခိုင်နှုန်းကနေ ၁၀၀ ရာခိုင်နှုန်းလောက် အထိနာပြီး စစ်အင်အား ထက်ဝက်လောက်ကျဆင်းသွားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်သုံးနှစ်အတွင်း ပြည်သူ့ရင်ခွင်ခိုလှုံသွားတဲ့ CDM စစ်သားဦးရေမှာလည်း သောင်းနဲ့ချီရှိခဲ့တာဖြစ်ပါတယ်။ အဲဒါကြောင့် စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးအင်အား မှာ ၅ သောင်းထက်တောင်မပိုနိုင်တော့ဘူးလို့ စစ်ရေးလေ့လာသုံးသပ်သူတွေကဆိုထားကြပါတယ်။ ကုန်ကုန်ပြော ရရင် စစ်ကောင်စီအနေနဲ့တိုက်ခိုက်ရေးအတွက် လက်ရုံးတပ်တွေကနေတောင် ထပ်မံထုတ်နုတ်သုံးစွဲစရာမရှိတော့ တဲ့အခြေအနေပါ။  

ဒါကြောင့်လည်း စစ်ကောင်စီဟာ တပ်အင်အားပြန်လည်ဖြည့်တင်းနိုင်ဖို့ ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့တွေ ဖွဲ့စည်းတာ၊ လက်ရုံးတပ်နဲ့ စစ်ဝန်ထမ်းတပ်တွေက အင်အားတွေကိုထုတ်နုတ်ပြီး တိုက်ခိုက်ရေးတပ်တွေကို ပေးပို့ တာ၊ စစ်မှုထမ်းဟောင်းတွေကို ပြန်လည်စစ်မှုထမ်းစေတာ၊ ပြစ်မှုမျိုးစုံကျူးလွန်ပြီး စစ်ထောင်ကျနေသူတွေကို ပြန်လည်စစ်မှုထမ်းစေတာ စတဲ့တရားမဝင်နည်းလမ်းတွေနဲ့ ကြိုးစားခဲ့တာတွေ့ရပါတယ်။ ဒါပေမဲ့ ထင်သလောက် တပ်အင်အားမပြည့်ချိန်မှာ စစ်ကောင်စီဟာ တပ်သားသစ်ရဖို့အတွက် နောက်ဆုံးနည်းလမ်းတွေကိုထုတ်သုံးလာခဲ့ ပြီဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်ချိန် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်ကောင်စီက သက်တမ်း ငါးကြိမ်မြောက်အဖြစ်ထပ်တိုးခဲ့ပြီး ရက်သတ္တပတ်ကျော်အကြာမှာပဲ နိုင်ငံသားတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို အသက်သွင်းလာခဲ့သလို စစ်မှုထမ်းဟောင်းတွေ အရန်တပ်ဖွဲ့မှာ ဆက်လက်တာဝန်ထမ်းဆောင်ရမယ့် ဥပဒေကိုပါ ထုတ်ပြန်လာခဲ့တာတွေ့ရပါတယ်။ စစ်ကောင်စီထုတ်ပြန်ခဲ့တဲ့ စစ်မှုထမ်းဥပဒေအရ နိုင်ငံသားတိုင်းစစ်မှုထမ်းရမှာ ဖြစ်ပြီး အမျိုးသားတွေအနေနဲ့ အသက် ၁၈ နှစ် ကနေ ၃၅ နှစ် မပြည့်ခင်အထိသတ်မှတ်ထားကာ အမျိုးသမီးတွေ အနေနဲ့ အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အထိ သတ်မှတ်ထားတာဖြစ်ပါတယ်။ ဒါ့အပြင်စစ်မှုထမ်းဖို့အတွက် အတတ် ပညာတစ်ခုခုနဲ့ ကျွမ်းကျင်သူဖြစ်ပါက အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိနဲ့ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ် ကနေ ၃၅ နှစ်အထိ သတ်မှတ်ထားတာပါ။ စစ်မှုထမ်းကာလကို နှစ်နှစ်အထိ သတ်မှတ်ထားပြီး စက်မှုလက်မှုပညာသည်တွေ၊ ကျွမ်းကျင်သူတွေအဖြစ် ဆင့်ခေါ်ခံရသူတွေမှာ သုံးနှစ်အထိ စစ်မှုထမ်းရမှာဖြစ်ပြီး အရေးပေါ်အခြေအနေတွေမှာ ငါးနှစ်အထိ တာဝန်ထမ်းဆောင်ရမယ်လို့လည်းဆိုထားပါတယ်။ စစ်မှုထမ်းဖို့ ဆင့် ခေါ်ခံရသူအနေနဲ့ တာဝန်မထမ်းဆောင်ဘဲ အကြောင်းပြ ငြင်းဆိုမယ်ဆိုပါက ထောင်ဒဏ် ငါးနှစ်အထိ ပြစ်ဒဏ် ချမှတ်သွားမယ်လို့လည်း ခြိမ်းခြောက်ထားခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီက စစ်မှုထမ်းဖို့ကင်းလွတ်ခွင့်ပြုထား သူတွေနဲ့ သာသနာ့ဝန်ထမ်းတွေ၊ အိမ်ထောင်သည်အမျိုးသမီးတွေ၊ ကိုယ်လက်အင်္ဂါမသန်စွမ်းသူတွေကတော့ ကင်းလွတ်ခွင့်ရမှာဖြစ်ပါတယ်။ 

စစ်ကောင်စီဘက်ကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေကို လာမယ့် ဧပြီလ သင်္ကြန်ရုံးပိတ်ရက်တွေအပြီးမှာ အကောင် အထည်ဖော်သွားမယ်လို့ပြောထားပြီး သင်တန်း အမှတ်စဉ်(၁)အဖြစ် အင်အား ၅,၀၀၀ နဲ့စတင်မယ်လို့ဆိုထားပါ တယ်။ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အခုပြ ဋ္ဌာန်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေမှာ အကျုံးဝင် နိုင်တဲ့ လူဦးရေ အမျိုးသား ခြောက်သန်းနဲ့ အမျိုးသမီး ခုနစ်သန်း၊ စုစုပေါင်း ၁၃ သန်းနီးပါးရှိတယ်လို့တော့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကဆိုထားပါတယ်။ လိုအပ်ချက်အရ စစ်မှုထမ်းခေါ်ယူမယ့် အစီအစဉ်အရဆိုရင် အမျိုးသမီးတွေကိုထည့်မတွက်ဘဲ အမျိုးသားဦးရေနဲ့တင် ပြည့်မီနေပြီလို့လည်း ဆိုပါတယ်။ ရပ်ကွက်တစ်ခုမှာ စစ်မှုထမ်းဆောင်ဖို့ တစ်ယောက်ထက် ဒါမှမဟုတ် နှစ်ယောက်ထက် ပိုစရာအကြောင်းမရှိဘူး လို့လည်း ပြောထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကတော့ စစ်ကောင်စီအသက်သွင်းခဲ့တဲ့ စစ်မှု ထမ်းဥပဒေကို ပြည်သူတွေအနေနဲ့ လုံးဝလိုက်နာဖို့ မလိုဘူးလို့ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံတော်အာဏာကို အဓမ္မနည်းနဲ့ ရယူဖို့ကြိုးပမ်းနေတဲ့ တရားမဝင် အကြမ်းဖက်အဖွဲ့အစည်းဖြစ်ပြီး ဥပဒေပြ ဋ္ဌာန်းတာ၊ အာဏာတည်ခြင်းဆောင်ရွက်ဖို့ အခွင့်အာဏာ လုံး၀မရှိဘူးလို့ ဆိုပါတယ်။ နိုင်ငံတစ်ဝန်း စစ်ရေးရှုံးနိမ့်မှု တွေကြုံတွေ့နေရတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ စစ်ပွဲအတွင်း ပြည်သူလူထုကို လူသားဒိုင်းအဖြစ် ရည်ရွယ်ချက်ရှိရှိ အဓမ္မစေခိုင်းနိုင်ဖို့နဲ့ ပြည်သူ့အသက် အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်ပြီး သူတို့စစ်အုပ်စုရဲ့ အကျိုးစီးပွားအာဏာကို အကာအကွယ်ရယူဖို့ လုပ်ဆောင်ခြင်းသာဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေကို အတင်းအကြပ် အသက်သွင်းပြီး အကောင်အထည်ဖော်ရာမှာ အထောက်အကူပြုတဲ့ လူပုဂ္ဂိုလ်မှန်သမျှနဲ့ သက်ဆိုင်ရာအဖွဲ့အစည်း အဆင့်ဆင့်ကို စစ်ရာဇဝတ်မှုကျူးလွန်တဲ့ ပြည်သူ့ရန်သူတွေအဖြစ်သတ်မှတ်ကာ ပြင်းပြင်းထန်ထန် ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်လို့လည်း ဆိုထားပါတယ်။ ဒါ့အပြင် ပြည်သူလူထုအတွက် မဟာမိတ် အဖွဲ့အစည်း တွေနဲ့ပူးပေါင်းပြီး လိုအပ်တဲ့ ကာကွယ်မှုတွေ၊ ကူညီပံ့ပိုးမှုတွေကို လုပ်ဆောင်သွားမှာဖြစ်ပြီး နောက်ဆက်တွဲ ကြေညာချက်တွေကိုလည်း လိုအပ်ချက်နဲ့အညီ ထုတ်ပြန်သွားမယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။ 

စစ်မှုထမ်းဥပဒေအသက်ဝင်လာပြီး ရက်ပိုင်းအကြာမှာပဲ စစ်မှုထမ်းဟောင်းတွေကိုပါ အလွတ်မပေးတဲ့နောက်ထပ် အရန်တပ်ဖွဲ့ဥပဒေကိုပါ စစ်ကောင်စီက ထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။ အရန်တပ်ဖွဲ့ဥပဒေကို ဖေဖော်ဝါရီ ၁၃ ရက်ကစတင်ကာ အာဏာတည်စေရမယ်လို့ စစ်ကောင်စီကထုတ်ပြန်လာခဲ့တာဖြစ်ပြီး စစ်မှုထမ်းတာကနေ နုတ် ထွက်ခွင့်နဲ့ အငြိမ်းစားယူခွင့်ရှိတဲ့ စစ်မှုထမ်းဟောင်းတွေကို အနားယူတဲ့ရက်ကစပြီး နောက် ငါးနှစ်အထိ အရန်တပ် ဖွဲ့မှာ စစ်မှုထမ်းဖို့တာဝန်ရှိတယ်လို့ အဲဒီဥပဒေမှာပြဋ္ဌာန်းထားခဲ့တာပါ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ အရန်တပ်ဖွဲ့ဝင်တွေကို ငါးနှစ်ကျော်လွန်ပြီးလည်း တာဝန်ပေးနိုင်သလို အရန်တပ်ဖွဲ့မှာ တာဝန်ပေးအပ်တာကို စစ်မှုထမ်းကာလသတ်မှတ်တာနဲ့ စစ်မှုထမ်းကာလအတွင်း လစာ ရာထူးခံစားခွင့်တွေ သတ်မှတ်တာကိုလည်း လုပ်ပိုင်ခွင့်အပြည့်အဝရှိနေတာဖြစ်ပါတယ်။ စစ်မှုထမ်းဖို့ဆင့်ခေါ်တာကို သတင်းပို့ဖို့ပျက်ကွက်ရင် သုံးနှစ်ထက် မပိုတဲ့ ထောင်ဒဏ် (ဒါမှမဟုတ်) ငွေဒဏ်၊ ဒဏ်နှစ်ရပ်စလုံးလည်း ချမှတ်နိုင်တယ်လို့ အဲဒီဥပဒေမှာ ပြဋ္ဌာန်းထား တာပါ။ အရန်တပ်ဖွဲ့ဥပဒေကို စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၁၀ ခုနှစ်မှာပြဋ္ဌာန်းခဲ့တာဖြစ်ပါ တယ်။ စစ်ကောင်စီခေါင်းဆောင်ကတော့ အခုလို အရန်တပ်ဖွဲ့ဥပဒေ အာဏာတည်တဲ့ အမိန့်ကိုထုတ်ပြန်တာဟာ စစ်မှုထမ်းဟောင်းတွေအနေနဲ့ နိုင်ငံတော်ရဲ့ ကာကွယ်ရေးအင်အားမှာ ပြန်လည်ထမ်းဆောင်ဖို့ တောင်းဆိုမှုတွေ များပြားလာတာကြောင့်ဖြစ်တယ်လို့ ဖေဖော်ဝါရီ ၁၃ ရက်က စစ်ကောင်စီလက်အောက်ခံ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံရာမှာပြောထားပါတယ်။ စစ်မှုထမ်းဟောင်းတွေထဲက ခေါ်သင့်ခေါ်ထိုက်သူတွေကိုသာ ခေါ်ယူသွားမှာ ဖြစ်တယ်လို့လည်းဆိုခဲ့ပါတယ်။ ဒါ့အပြင် စစ်ကောင်စီခေါင်းဆောင်က နိုင်ငံရေးပါတီတွေအနေနဲ့ လက်ရှိ နိုင်ငံ့ အရေးနဲ့ပတ်သက်လို့ ပါဝင်ဆောင်ရွက်ဖို့ အချက်သုံးခုရှိပြီး ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်စေမယ့်လုပ်ရပ်တွေ မလုပ်ဖို့လည်း နိုင်ငံရေးပါတီတွေကို သတိပေးခဲ့တာတွေ့ရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့အာဏာတည်မြဲရေး အတွက် စစ်ကောင်စီခေါင်းဆောင် ချနင်းဖို့ကြိုးစားသူတွေထဲမှာ စစ်မှုထမ်းဟောင်းတွေအပြင် လက်အောက်ခံ နိုင်ငံရေးပါတီတွေလည်း လွတ်လမ်းမရှိနိုင်တော့ဘူးဆိုတာ သေချာနေပြီဖြစ်ပါတယ်။ 

စစ်မှုထမ်းဟောင်းတွေကိုတောင် စစ်ကောင်စီ အလွတ်မပေးတော့ဘူး(ဓားရိုင်း) 

——————— 