စေတုတ္တရာမြို့ လုံးကြီးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ က မီးရှို့၊ နေအိမ် ၁၀၀ကျော် မီးလောင်ပျက်စီး (ရုပ်သံ)

MTO

မဇ္ဈိမ။ ။ မကွေးတိုင်း၊ မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်ထဲမှာရှိတဲ့ လုံးကြီးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ က ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့လို့ နေအိမ်ပေါင်း ၁၀၃ လုံး မီးလောင်ပျက်စီးသွားတယ်လို့ မင်းဘူးခရိုင်တပ်ရင်း( ၃ ) အဖွဲ့ထံကနေ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ မနက်ပိုင်းက လက်ပံကျင်းကျေးရွာကနေ ထွက်လာတဲ့ အင်အား ၁၅၀ ပါ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားပြီးနောက် နေ့လယ်ပိုင်းမှာ လုံးကြီးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ က ဝင်ရောက်မီးရှို့ ဖျက်ဆီးသွားတာဖြစ်တယ်လို့ မင်းဘူးခရိုင်းတပ်ရင်း( ၃ )က တာဝန်ရှိသူ တဦးက ပြောပါတယ်။

သတင်း – MTO
တည်းဖြတ် ၊ တင်ဆက် — MTO