Facebook နှင့် Messenger အပါအဝင် Meta ၏ လူမှုကွန်ရက်များ ခေတ္တ ပြတ်တောက်

ရွှေနွယ်

မဇ္ဈိမ။ ။ Meta ကုမ္ပဏီ၏ လူမှုကွန်ရက်များဖြစ်သည့် Facebook, Instagram , Messenger နှင့် Threadsတို့ အချိန် တနာရီခန့်ကြာ ပြတ်တောက်ခဲ့သည်။

ယနေ့ မတ်လ ၅ ရက်နေ့ ည ၁၀ နာရီခန့်တွင် တကမ္ဘာလုံးအတိုင်းအတာဖြင့် ယိုယွင်းမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

တကမ္ဘာလုံးအတိုင်းအတာဖြင့် လူမှုရေး၊ စီးပွားရေးများမှီခိုအားထားလည်ပတ်လျက်ရှိသည့် Facebook လူမှုကွန်ရက်စာမျက်နှာသည် Downdetector website ၏ ဖော်ပြချက်အရ ယနေ့ မြန်မာစံတော်ချိန် ၁၀ နာရီခန့်မှစတင်ဖြစ်ပွားခြင်းဖြစ်ပြီး သုံးစွဲ၍ မရသူ Facebook User များ၏ ၇၃ ရာခိုင်နှုန်းမှာ အကောင့်ဝင်မရခြင်းဖြစ်ပြီး၊ ၁၇ ရာခိုင်နှုန်းမှာ အပ်ပလီကေးရှင်းသုံးစွဲမရခြင်းဖြစ်ကာ ကျန် ရှစ်ရာခိုင်နှုန်းမှာ ဝက်ဆိုက်သုံးစွဲမရခြင်းဖြစ်ကြောင်း တွေ့ရသည်။

Meta ကုမ္ပဏီပိုင်ရှင် Mark Zukerberg မာ့ခ်ဇူကာဘက်ကမူ စိတ်အေးအေးထား၍ အချိန်ခေတ္တစောင့်ဆိုင်းရန်နှင့် ပြင်ဆင်လျက်ရှိကြောင်း ပြောဆိုထားသည်။

နောက်ဆက်တွဲအနေဖြင့် Meta ကုမ္ပဏီ၏ရှယ်များ မိနစ်ပိုင်းအတွင်း အရှိန်အဟုန်ဖြင့် ထိုးကျနေ ကြောင်း သိရှိရသည်။