ကွန်ဖက်ဒရိတ်ထက် မနိမ့်တဲ့ ရက္ခိုင့်တပ်တော်ရဲ့ နိုင်ငံရေးရည်မှန်းချက်

မိုးသောက်

ရက္ခိုင်တပ်တော်အနေနဲ့ ကွန်ဖက်ဒရိတ်ထက် မနိမ့်တဲ့ အဆင့်အထိရောက်အောင် လုပ်သွားမယ်လို့ မတ်လ ၄ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက သူတို့ရဲ့နိုင်ငံရေးရည်မှန်းချက်ကို ပြောပါတယ်။

သူတို့အနေနဲ့ ပြည်ထောင်စုကနေ ခွဲထွက်မှာမဟုတ်ဘဲ ကွန်ဖက်ဒရေးရှင်းထက်မနိမ့်တဲ့ အဆင့်ရောက်အောက်တည်ဆောက်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော်ကပြောတဲ့ ကွန်ဖက်ဒရိတ်ထက် မနိမ့်တဲ့အဆင့်ဆိုတာကို ဘယ်လိုနားလည်လို့ရနိုင်ပါမလဲ။ မြန်မာနိုင်ငံမှာရော ကွန်ဖက်ဒရေးရှင်း ဖြစ်နိုင်မယ့်အခြေအနေတွေ ရှိနေပါသလား။ ကိုမိုးသောက်က ပေးပို့ တင်ဆက်ထားပါတယ်။

တည်းဖြတ်/တင်ဆက် = မိုးသောက်