“အိန္ဒိယအနေနဲ့ ဆက်ဆံရေးတွေကို ပုံစံပြောင်းဖို့ အချိန်အခါပဲလို့ ကျွန်တော် ထင်တယ်”

(မဇ္စျိမ) ။ အိန္ဒိယအနေဖြင့် စစ်တပ်နဲ့တွဲဘက်လုပ်ကိုင်တာ လျှော့ချပြီး ဒီမိုကရေစီဘက်ခြမ်းနဲ့ တိုးလို့ဆက်ဆံသင့်ကြောင်း Centre for Policy Research မှ Angshuman Choudhury ကပြောပါတယ်။

မတ်လ ၁၉ရက်နေ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ တောင်အာရှနိုင်ငံခြားသား သတင်းထောက် ကလပ်မှာ ကျင်းပတဲ့ မြန်မာအရေး သတင်းစာရှင်းလင်းပွဲမှာ ပြောတာပါ။

“နိုင်ငံ၏ နယ်မြေ ၄၃ ရာခိုင်နှုန်း ကို တော်လှန်သူများက ထိန်းချုပ်ထားသည့် မြန်မာနိုင်ငံတွင် ဘာဆက်ဖြစ်မည်လဲ” ခေါင်းစဥ်နဲ့ မဇ္စျိမ သတင်းမီဒီယာမှ အယ်ဒီတာချုပ် ဦးစိုးမြင့်၊ နယူးဒေလီမြို့မှာ ခိုလှုံခွင့်တောင်းခံထားတဲ့ မြန်မာနိုင်ငံသူ မနွယ်နီဝင်း ၊ Centre for Policy Research မှ Angshuman Choudhury တို့ က မြန်မာပြည်အရေးကို ဆွေးနွေးကြပါတယ်။

သတင်းစာရှင်းလင်းပွဲကို ဒေသခံ အိန္ဒိယသတင်းထောက်တွေနဲ့ နိုင်ငံခြားသား သတင်းထောက် ၃၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

သတင်း = ကိုခင်မောင်၊ ပါခွီး
တည်းဖြတ် =Thant Sin
ရိုက်ကူး/ Voice Over = Si Thu Aung