စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်အမြန်ချရန် လူငယ်များကို ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော် သတိပေး

မဇ္ဈိမ။ ။စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရမည့်အချိန် ကျော်လွန် ပါက ပြင်ဆင်ခွင့်မရနိုင်သဖြင့် အမြန်ဆုံးဖြတ်ရန် ကချင်လွတ်လပ်ရေးအဖွဲ့ ဒုဥက္ကဌ(၁) ဒုတိယဗိုလ်ချုပ် ကြီးဂွန်မော်က လူငယ်များကို သတိပေးလိုက်သည်။

ဘယ်လမ်းကိုရွေးမှာလဲဟုဆိုကာ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး လူငယ်များအား ဆုံးဖြတ်လုပ်ကိုင်ရ မည့်အ‌ခြေအနေများကို သတိပေးထားခြင်းဖြစ်သည်။

“ဆုံးဖြတ်ချက်ချရမည့်အချိန် ကျော်လွန်သွားပါက ပြင်ဆင်ခွင့်မရနိုင်သော ခရီးကြမ်းတွင် လျှောက်လှမ်းရ မည်ကို သတိပေးလိုပါသည်”ဟု ၎င်းက လူမှုကွန်ရက်တွင် ရေးသားထားခြင်းဖြစ်သည်။
စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ထားသည်မှာ ရက်ပေါင်း ၄၀ ပြည့်ပြီဖြစ်သည်ဟု ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်က ‌ပြောသည်။

အိမ်အပြင်မထွက်ဘဲနေလျှင် လုံခြုံမည်ဟုယူဆသူအများအပြားရှိသည်ကို သုံးသပ်ရ‌ကြောင်း၊ ယခုဆို လျှင် အိမ်တိုင်ရာရောက် ဆင့်ခေါ်စာပို့ပြီးခေါ်ဆောင်သည့်အဆင့်သို့ရောက်နေပြီဖြစ်‌ကြောင်း ရေးသား ထားသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်ကထုတ်ပြန်ခဲ့ပြီးနောက် မတ်လတွင် တိုင်းနှင့် ပြည်နယ်အချို့၌ လူငယ်များကို စတင်စုဆောင်းကာ မဲနှိုက်ရွေးချယ်ခြင်းများကို လုပ်ဆောင်နေ သည်။

စစ်ကောင်စီကအတည်ပြုလိုက်သော ပြည်သူ့စစ်မှုထမ်းဥပဒေတွင် စစ်မှုထမ်းရမည့် အသက်အရွယ်ကို အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း၊ အမျိုးသမီး ဖြစ်လျှင် အသက် ၁၈ နှစ်မှ ၂၇ နှစ် အတွင်းဟု ပြဋ္ဌာန်းထားသည်။ ထို့ပြင် ကျွမ်းကျင်သူ အမျိုးသားဖြစ်လျှင် အသက် ၁၈ နှစ်မှ ၄၅ နှစ်အတွင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်လျှင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းဟု သတ်မှတ်ပြဋ္ဌာန်းထားသည်။

အဆိုပါဥပဒေစတင်အသက်ဝင်ကြောင်းကြေညာအပြီးတွင် စစ်မှုထမ်းရန်အကျုံးဝင်သော အသက်အရွယ် တွင်ပါဝင်နေသောလူငယ်များမှာ ပြည်ပသို့ထွက်ခွာရန်ကြိုးစားနေကြသလို အချို့မှာလည်း တော်လှန်ရေး အဖွဲ့အစည်းများထံသို့ ပူးပေါင်းပါဝင်လျက်ရှိကြသည်။

စာတည်း။ ။စောဖေ