အမျိုးသားများ ပြည်ပထွက် အလုပ်လုပ်ခွင့် စစ်ကောင်စီပိတ်သိမ်း

ပုံအညွန်း − ဧပြီလအတွင်း ရန်ကုန်လေဆိပ်တွင်မြင်တွေ့ရသည့် ပြည်ပထွက်ခွာနေသူများ။ ရွှေနွယ်၊ 001 (မဇ္ဈိမ)။ ။ အမျိုးသားများ ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ကို စစ်ကောင်စီမှ ယာယီပိတ်ပင်လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ပြည်ပအလုပ်အကိုင်ဝန်​ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ် တာဝန်ရှိသူများမှ မဇ္ဈိမကိုအတည်ပြု ပြောသည်။…

စလင်းမြို့တွင် စစ်ကောင်စီထံစစ်မှုထမ်းရန် လူစုနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး ၃ဦးပစ်ခတ်ခံရပြီးသေဆုံး

ပုံအညွှန်း ။ ။ စလင်းမြို့နယ်တွင် စစ်မှုထမ်းဥပဒေ ကူညီအသက်သွင်းပေးနေသည့် အုပ်ချုပ်ရေးမှူးများထံမှ သိမ်းဆည်းရရှိသောပစ္စည်းများ။ (ဓာတ်ပုံ။ ။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (စလင်း)) ကိုခင်မောင် (မဇ္စျိမ)။ ။မကွေးတိုင်း၊ မင်းဘူးခရိုင်၊စလင်းမြို့နယ်တွင် စစ်မှုထမ်းဥပဒေကို အကောင်အထည် ဖော်ပေးနေပြီး စစ်ကောင်စီအတွက်လူစုပေးနေသည့်…

ပြည်သူ့စစ်မှုထမ်းဥပဒေတွန်းပို့သည့် နိုင်ငံ့ လုပ်သားအင်အားပြိုဆင်းမှု

ရွှေနွယ် (မဇ္ဈိမ)။ ။  စစ်ကောင်စီ  အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ပြည်တွင်းက စီးပွားရေးလုပ်ငန်းတွေ၊ စက်ရုံ၊ အလုပ်ရုံတွေမှာ လုပ်သားအင်အားရှားပါးမှုပြဿနာကို ကြုံတွေ့နေရပြီဖြစ်တယ်လို့ လုပ်ငန်းရှင်တွေနဲ့အတူ အလုပ်သမားအရေးဆောင်ရွက်နေသူတွေထံကသိရပါတယ်။ ပြည်တွင်းက စက်ရုံ အလုပ်ရုံတွေမှာလုပ်ကိုင်နေတဲ့ အလုပ်သမားအများစုဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်ခွာသူတွေရှိသလို…

သံတွဲတွင် စစ်မှုထမ်းကိစ္စစာရင်းလိုက်ကောက်သည့်အဖွဲ့မှ ရာအိမ်မှူး အသတ်ခံရ

001 မဇ္ဈိမ။         ။ ရခိုင်ပြည်နယ်၊သံတွဲမြို့နယ်တွင် စစ်ကောင်စီ၏စစ်မှုထမ်းကိစ္စအတွက်  စာရင်းလိုက်ကောက်သည့်အဖွဲ့၌ပါဝင်သော  ဒါဝကျေးရွာရာအိမ်မှူးဦးဝင်းရွှေသည်  ယမန်နေ့ မတ်လ ၂၁ ရက်နေ့က သတ်ဖြတ်ခံခဲ့ရ‌ကြောင်း ဒေသခံများထံမှ သိရသည်။ အသက်၅၀နှစ်အရွယ် ဦးဝင်းရွှေသည် သံတွဲမြို့နယ်၊ရွှေလှော်ကျေးရွာအုပ်စု၊ ဒါဝကျေးရွာအနီး၌ သတ်ဖြတ်ခံရခြင်းဖြစ်ပြီး လည်ပင်း၌…

စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်အမြန်ချရန် လူငယ်များကို ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော် သတိပေး

မဇ္ဈိမ။ ။စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး ဆုံးဖြတ်ချက်ချရမည့်အချိန် ကျော်လွန် ပါက ပြင်ဆင်ခွင့်မရနိုင်သဖြင့် အမြန်ဆုံးဖြတ်ရန် ကချင်လွတ်လပ်ရေးအဖွဲ့ ဒုဥက္ကဌ(၁) ဒုတိယဗိုလ်ချုပ် ကြီးဂွန်မော်က လူငယ်များကို သတိပေးလိုက်သည်။ ဘယ်လမ်းကိုရွေးမှာလဲဟုဆိုကာ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး လူငယ်များအား ဆုံးဖြတ်လုပ်ကိုင်ရ မည့်အ‌ခြေအနေများကို သတိပေးထားခြင်းဖြစ်သည်။…

စစ်မှုထမ်းဥပဒေ အသက်ဝင်လာစေရန် ကူညီသူများအား ပြင်းထန်စွာ အရေးယူမည်ဟု ရန်ကုန်မြို့ပြပြောက်ကျား သတိပေး

ဧည့်စာရင်းစစ်ဆေးမှုလုပ်ဆောင်နေသည့် စစ်ကောင်စီတပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ။ (ပုံ-အဟောင်း) ရောင်နီ မဇ္ဈိမ။      ။ စစ်မှုထမ်းဥပဒေ အသက်ဝင်လာစေရန် နည်းလမ်းမျိုးစုံဖြင့် ပူးပေါင်းကူညီနေသူများအား ထိရောက်ပြင်းထန်စွာ အရေးယူမည်ဟု ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့အစည်းများက မတ်လ ၁၉ ရက်နေ့တွင် သတိပေးထုတ်ပြန်သည်။ အာဏာသိမ်းစစ်ကောင်စီသည် စစ်မှုမထမ်းမနေရ အမိန့်ကြေညာချက်ကိုပြဋ္ဌာန်းကာ…

ဧရာဝတီတိုင်းတွင် စစ်မှုထမ်းရန် စတင်မဲနှိုက်

ပုံအညွှန်း – ဧရာဝတီတိုင်းအတွင်း မြို့နယ်တခုတွင် စစ်မှုထမ်းရန်အတွက်မဲနှိုက်ရန် ဆင့်ခေါ်ခံရသည့်စာ မင်းထက် (မဇ္စျိမ)။   ။ ဧရာဝတီတိုင်းအတွင်း မြို့နယ်များအားလုံးတွင် မတ်လ တတိယပတ်အတွင်းမှ စတင်ကာ စစ်မှုထမ်းရန်အတွက် မဲနှိုက်ရွေးချယ်ခြင်းလုပ်ငန်းများကို စစ်ကောင်စီ လက်အောက်ခံများက စတင်ပြုလုပ်နေပြီဟု မြို့နယ်အသီးသီးရှိ…

စစ်မှုထမ်းဥပဒေကြောင့် PDFထဲဝင်ရန် ဆက်သွယ်သူများရှိသော်လည်း ဘဏ္ဍာငွေအခက်အခဲကြောင့် လက်မခံနိုင်သေးသည့်အဖွဲ့များရှိ

တံတားဦးမြို့နယ်ပကဖ၏ အခြေခံစစ်ပညာသင်တန်းအပတ်စဉ်(၁)သင်တန်းဆင်းအခမ်းအနားမှတ်တမ်းဓာတ်ပုံများ/Photo:ကိုလေးလှိုင် 007 (မဇ္ဈိမ)။ ။စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် PDF တပ်ဖွဲ့များထံ ဝင်ရောက်ရန် ဆက်သွယ်လာသူများရှိသော်လည်း ဘဏ္ဍာငွေအခက်အခဲကြောင့် လက်မခံနိုင်သေးသည့် အခြေအနေများရှိနေကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့အချို့ကပြောသည်။ “ရဲဘော်အသစ်တိုးလာတာနဲ့အမျှ ကျွန်တော်တို့မှာ စားစရိတ်၊ နေစရိတ်အကုန်ပိုပြီးရှာဖွေရတော့မှာပါ။ ပကဖတွေမှာ တပ်ရင်းတွေနဲ့မတူတာက…

ရန်ကုန်တွင် စစ်ကောင်စီတပ်က စစ်မှုထမ်းရန် လူစာရင်းများ လိုက်လံကောက်ယူ

ရန်ကုန်တွင် ဧည့်စာရင်း စစ်ဆေးမှုပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံ-အဟောင်း) ရောင်နီ (မဇ္ဈိမ)။ ။ ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် စစ်ကောင်စီတပ်က စစ်မှုထမ်းရမည့် လူစာရင်းများ လိုက်လံကောက်ယူလျက်ရှိကြောင်း သတင်းရင်းမြစ်များထံက သိရသည်။ ခရမ်း၊ လှိုင်သာယာ၊ ကျောက်တန်း၊သန်လျင်၊တောင်ဒဂုံ နှင့်…

အညာဒေသမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေထံ လူငယ်တွေ ပူးပေါင်းလာ(ရုပ်သံသတင်း)

MTO (မဇ္ဈိမ)။ ။ စစ်ကောင်စီက အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းမှာရှိတဲ့ နိုင်ငံသားတွေကို အနည်းဆုံး နှစ် နှစ် မဖြစ်မနေစစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စတင်ကျင့်သုံးတော့မှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က…